March 15, 2013

ဖားကန့် ရတနာမြေနဲ့ မြန်မာပြည်စီမံကိန်းများ

***************************************
ဖားကန့်မှာ တောင်တွေ တစ်လုံးပြီးတစ်လုံး ကုန်သွားတာ ဒေသခံတွေ မျက်ရည်ကျရကောင်းမှန်း မသိခဲ့ဘူး။ တစ်သက်လုံး ဥရုချောင်းရေကို သုံးလာ ချိုးလာကြပေမဲ့ ကျောက်စိမ်းတွင်း တွေကြောင့် ချောင်းရေတွေ သုံးမရတော့လို့ အိမ်တိုင်း မိမိငွေနဲ့ ရေတွင်းတူးကြရတဲ့အခါ ချောင်းတွေကို နှမြောလို့ဆိုပြီး ကျောက်စိမ်းကုမ္ပဏီတွေ အလိုမရှိလို့ အော်ရကောင်းမှန်း မသိခဲ့ကြဘူး။ ချောင်းတွေ တိမ်ကောကုန်လို့ နှစ်တိုင်း ချောင်းရေလျှံပြီး အိမ်တွေ ရေမြှုပ်ကုန်တာလည်း ဘယ်သူ့ကိုစွပ်စွဲရကောင်းမှန်း မသိခဲ့ကြဘူး။ တောင်တွေပြုန်းကုန်လို့ သစ်ပင်တွေလည်း မကျန်တော့တာကို အစိုးရကို ဆန္ဒပြရကောင်းမှန်း မသိခဲ့ကြဘူး။ ဖုန်တစ်ထောင်းထောင်းထနေတဲ့ ပတ်ဝန်းကျင်တွေ ကြားမှာ နေရလို့ ကျန်းမာရေးထိခိုက်တယ်ဆိုပြီး  လျော်ကြေး တောင်းရကောင်းမှန်း မသိခဲ့ဘူး။ ရွာပတ်လည်မှာ မြေစာပုံကြီး တဖြေးဖြေး ဝိုင်းနေလို့ ရွာတွေပြောင်းရ ရွေ့ရတာလည်း ဘယ်သူ့ကို အပြစ်တင်ရကောင်းမှန်း မသိခဲ့ဘူး။  ဒေသခံတွေ နစ်နာလို့ ဖားကန့်မှာ ဘယ်သူမှ ကျောက်စိမ်းတွေ လာမတူးကြနဲ့။ ဒီမြေကြီးနဲ့ ဒီတောင်ကြီးတွေကို ဖားကန့် ဒေသခံတွေဘဲ ပိုင်တယ်၊ ကျောက်စိမ်းတွေ ကုန်သွားရင် ဒေသခံတွေ ဘာလုပ်စားရမှာလဲ ၊ အငတ်ခံရမှာလားလို့လဲ အော်ဖို့၊ ကန့်ကွက်ဖို့ မသိခဲ့ကြဘူး။
 
ကျွန်မတို့ ဖားကန့်ဒေသမှာ မြန်မာပြည် အနှံ့အပြားကလူတွေ လာပြီး ကျောက်တူးကြ ၊ စီးပွားရှာကြ လုပ်နေတာ ရေတွက်လို့တောင် မကုန်ဘူး။ သယံဇာတ ထွက်တဲ့ မြေနေရာကို ဒေသခံတွေကချည်းသာ ပိုင်ဆိုင်ခွင့်ရကြေးဆိုရင် ဖားကန့်က မြေကြီးတွေ တောင်တွေကို ဖားကန့်က လူတွေဘဲ ပိုင်ရမယ်။ ဖားကန့်ဒေသခံတွေဘဲ ကျောက်တူးမယ် တစ်ခြားဘယ်သူမှ လာမတူးကြနဲ့၊ ကုမ္ပဏီတွေ အကုန် ထွက်သွားကြ၊ ဒေသခံ မဟုတ်ဘဲ ကျောက်တူးနေတဲ့သူတွေ အကုန် ပြန်ကြပါလို့ ပြောရင် မြန်မာပြည် တစ်ခြားဒေသက လူတွေ အားလုံးက လက်ခံနိုင်ပါ့မလား။ ဟုတ်သားဘဲ သူတို့မြေ သူတို့ဘဲ တူးပါစေလို့ သဘောထား ကြီးနိုင်ကြပါ့မလား။ ဖားကန့်မှာ ကျောက်တူးမယ် ဆိုရင် အစိုးရဆီမှာ လုပ်ကွက်လျှောက်ရတယ်။ လုပ်ကွက်ကျလာမှ ကျောက်တူးခွင့်ရှိတယ်။ တူးချင်တိုင်း တူးလို့မရပါဘူး။ တစ်ချို့ရွာတွေဆိုရင် ကျောက်စိမ်းလုပ်ကွက် လျာထားတဲ့ နေရာထဲ ပါသွားလို့ သင့်တော်တဲ့ လျော်ကြေးလေး ယူပြီး ရွာလုံးကျွတ် ဖယ်ပေးခဲ့ရတာမှာ ဘုန်းကြီးကျောင်း ဘုရားကျောင်းတွေပါ ပါပါသေးတယ်။ ဒီအချက် မှန်မမှန်ကိုလည်း အချိန်မရွေး သွားရောက် စုံစမ်းနိုင်ပါတယ်။  

မိုးကုတ်၊ မိုင်းရှူး စတဲ့ နေရာတွေနဲ့  ကျောက်မျက်ရတနာ ထွက်တဲ့နေရာတွေ အားလုံးလည်း သတ္တုတွင်းဝန်ကြီးဌာနမှာ လုပ်ကွက်တွေ လျှောက်ကြရတာပါ။  နိုင်ငံတစ်နိုင်ငံမှာ သယံဇာတ ထွက်တဲ့ နေရာတွေ ဘယ်နေရာဘဲဖြစ်ဖြစ် အစိုးရက စီမံခန့်ခွဲတာပါ။ ဒေသခံတွေမို့ဆိုပြီး သူတို့ချည်း ပိုင်ဆိုင်ခွင့် မရှိတာကို သိထားရမှာပါ။ သယံဇာတတွေ တူးတော့ ပတ်ဝန်းကျင် ပျက်စီးမှု ထိခိုက်မှုတွေကတော့ ဖြစ်ကိုဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရလုပ်သူကလည်း သယံဇာတ ထွက်တဲ့နေရာတွေကို စီမံခန့်ခွဲ ရာမှာ ဒေသခံတွေ မထိခိုက် မနစ်နာအောင်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင်တော့ စနစ်တကျ စီမံခန့်ခွဲဖို့တော့ အသေအချာကို လိုတာပါဘဲ။ ဖားကန့်မှာ အဲဒီလို စနစ်ကျမှုမျိုး အလွန်နည်းပါတယ်။ ဒါကြောင့်လည်း ဖားကန့်မှာ သဘာဝပတ်ဝန်းကျင် တော်တော်လေး ပျက်စီးကုန်ပါတယ်။ 

ကျောက်စိမ်းတွေ ကုန်သွားရင် ဒေသခံတွေ ဘာလုပ်ကိုင် စားရမလဲဆိုတဲ့ တွေးပူမှုမျိုးတော့ လက်ပံတောင်းတောင်က လူတွေ ရှိသလိုမျိုး ဖားကန့်ကလူတွေလည်း ရှိကြတာပါဘဲ။ ငိုတတ်တဲ့ ကလေးက မုန့်စားရတယ်လို့ အဆိုရှိကြတယ်။ အဲဒီတော့ ဖားကန့်က လူတွေများ လက်ပံတောင်းတောင်က လူတွေကို နမူနာယူပြီး ဆန္ဒပြကြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ကျောက်မျက် ကုမ္ပဏီတွေအားလုံး နောက်ဆုတ်မှာလား။ ဘယ်သူမှ ကျောက်စိမ်း လာမတူးကြပါဘူးဆိုပြီး လိုက်လျောကြမှာလား။ တောင်တွေကုန်မှာစိုးလို့ ကျောက်စိမ်းတွေ မြေကြီးအောက်မှာ ဒီအတိုင်း ရှိပါစေတော့လို့ မတူးဆွဘဲ ထားလိုက်ကြတော့မှာလား။

ဒေသခံတွေ သဘောမတူရင် တိုင်းပြည်အကျိုးတောင် မလုပ်သင့်ဘူးလို့လည်း ပြောတာတွေ ရှိပါတယ် ။ ဒါဆိုရင် အကျိုးအပြစ် ဘာမှ နားမလည်တဲ့ ဒေသခံတွေ ကန့်ကွက်ရင်လည်း ဘာစီမံကိန်းမှ မလုပ်ကြရတော့ဘူးလား၊ သေချာတာကတော့ ရတနာရှိနေတဲ့အရပ်မှာ ဘယ်သူမှ လာမတူးလဲ ရှိနေနှင့်တဲ့ သူတွေက တူးကြမှာပါဘဲ။ ဒီအတိုင်းတော့ ကြည့်နေကြမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဖားကန့်ဒေသမှာ ကိုယ့်အိမ်အောက် မှာတောင် ကိုယ်ပြန်တူးရင် ကျောက်နဲ့ ရွှေတွေ ထွက်တဲ့ နေရာတွေရှိပါတယ်။ ဒါကြောင့်လည်း တစ်ခြားနေရာ မပြောနဲ့ ။ ကိုယ့်အိမ်ဝင်းထဲကိုယ် ပြန်တူးတာတွေလည်း အများကြီးရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့၊ ချစ်လွန်းလို့ဆိုပြီး အလှကြည့်နေမဲ့သူ ဘယ်သူမှ မရှိကြပါဘူး ။ကိုယ့်အိမ်ဝင်းမှာ တူးရင် အိမ်အလှပျက်သွားမလား ၊ မြေကြီးတွေ ပွကုန်မလား ။ မြေပြိုကျပြီး ဒုက္ခရောက်မလား ဘာမှကို မတွေးကြဘဲ တူးနေကြသူတွေ အများကြီးပါ။ 

ဖားကန့်နဲ့ ပတ်သက်ပြီး ကျွန်မ စာတွေ အများကြီးရေးခဲ့ဖူးပါတယ်။ ရေးခဲ့တဲ့ စာတိုင်းမှာလည်း ကျောက်မတူးဖို့၊ တောင်တွေကို အလှကြည့်ဖို့ မရေးခဲ့ပါဘူး။ ဖြစ်မှ မဖြစ်နိုင်တာ။ ကျောက်တွေ တူးလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသတွေ ပျက်စီးလာတာကို ဖော်ပြပြီး ကျောက်တူးတဲ့ လုပ်ကွက်တွေ စနစ်တကျ ရှိဖို့ ဒေသခံတွေရဲ့ အိမ်တွေ ရွာတွေကိုလည်း မပျက်စီးစေဖို့ အဲဒါတွေဘဲ ထည့်ရေးဖြစ်ပါတယ်။ ကျွန်မထင်ပါတယ်။ ဖားကန့်က လူတွေကလည်း ဖားကန့်နယ်မြေကို ကျောက်မတူးဘဲ ထားပေးဖို့ တောင်းဆိုရင် တစ်နိုင်ငံလုံး ဘယ်သူကမှ လက်ခံကြမယ် မထင်ပါဘူး။ သယံဇာတ ရောင်းရငွေဟာ နိုင်ငံရဲ့ ဝင်ငွေ တော်တော်များများကို ရှာဖွေပေးနိုင်တယ်ဆိုတာ ဘယ်သူမှ ငြင်းမရနိုင်ပါဘူး။ ပြီးတော့လည်း သယံဇာတက ရရှိတဲ့ ငွေတွေကိုဘဲ နိုင်ငံက အားထားနေရတာပါ။ ဒီသယံဇာတကို ထုတ်ယူပြီး နိုင်ငံ တိုးတက်အောင် လုပ်ဖို့ လုပ်စရာတွေ အများကြီး ရှိနေတာပါ။ 

ကျောက်စိမ်းလို ကျောက်အရိုင်းတုံးကို ထုတ်ရတာ နည်းပညာလည်း သိပ်မလို၊ သိပ်လည်း မခက်ခဲတော့ မိမိနိုင်ငံက ကုမ္ပဏီတွေ အင်အားနဲ့  ထုတ်ယူနိုင်ပေမဲ့ ကြေးနီလို သတ္တုတွေ။ သဘာဝ ဓာတ်ငွေ့လို ဂက်စ်တွေကို ထုတ်ယူဖို့ ကိုယ့် နိုင်ငံမှာ နည်းပညာ မရှိတာ၊ အရင်းအနှီးတွေ အများကြီး လိုတာကြောင့် နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး တူးဖော်ရတာကိုလည်း တစ်ချို့က မေ့နေကြဟန် တူပါတယ်။ ကျွန်မတို့လည်း တရုတ်ကို မုန်းပါတယ်။ ဒါပေမဲ့ တရုတ်ကုမ္ပဏီမို့ စီမံကိန်းတွေ ဖျက်ရမယ်လို့ ကလေးကစားသလို လုပ်လို့ ရမရတော့ သေချာ စဉ်းစားရမှာပါ။ တစ်ချို့က ဆိုကြတယ်။ လက်ပံတောင်းစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူလို့ လူတွေအားလုံးက လိုက်သဘောတူကြတယ်လို့ ပြောကြပြန်တယ်။ ဒါပေမဲ့ မနှစ်ကတင် ကျွန်မတို့ အားလုံးဟာ တစ်နိုင်ငံလုံး ထိခိုက်နစ်နာနိုင်တဲ့ ဧရာဝတီ စီမံကိန်းကြီးကို တက်ညီလက်ညီ ကန့်ကွက်ခဲ့ကြပြီးပါပြီ။ မြန်မာတစ်နိုင်ငံလုံးကို ဖြတ်ပြီး စီးတဲ့ အဲဒီ ဧရာဝတီအတွက် အားလုံးက တစ်စိတ်ထဲ သဘောရှိခဲ့ကြတာပါ။ 

အဲဒီတုန်းကလည်း ဒီစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အားလုံးဟာ ကန့်ကွက်ကြမှာ အသေအချာပါ။ မြစ်ဆုံစီမံကိန်းမှာတော့ သူသဘောတူလို့ တစ်ခြားသူတွေလည်း လိုက်သဘောတူတာမျိုး ဖြစ်နိုင်ခဲ့မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းဟာ လုံးဝ မလုပ်သင့်ဘူးလို့ မိမိတို့ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ခံစားမိနေကြလို့ မဟုတ်ဘူးလား။  ခုစီမံကိန်းမှာတော့ လက်ပံတောင်းအစီရင်ခံစာဟာ သင့်တော်တယ် မျှတတယ်၊ ဒေသခံတွေအတွက် နစ်နာသမျှလည်း အကောင်းဆုံး ပြန်လုပ်ပေးဖို့ ဖော်ပြထားတယ်လို့ ယူဆကြလို့လည်း လူတွေက ဆက်လုပ်ဖို့ ထောက်ခံလာကြတယ်လို့ ကျွန်မ ထင်ပါတယ်။ မမျှတရင် ဘယ်သူတွေက ထောက်ခံပါ့မလဲနော်။
 
နောက်တစ်ချက်က ဆန္ဒပြတိုင်း၊ သဘောမတူတိုင်း အလျော့ပေး လိုက်လျောပေးရတဲ့ အခြေအနေမျိုးနဲ့ ရှေ့ဆက်သွားရမယ်ဆိုရင် မြန်မာပြည်တစ်ပြည်လုံး ဘယ်နေရာမှ သတ္တုတူးတာတွေ။ နိုင်ငံအဆင့် စီမံကိန်းတွေ လုပ်လို့ရတော့မယ် မထင်ပါဘူး။ ဘယ်နေရာမှာ သတ္တုတူးမယ်ဆိုရင် ကန့်ကွက်မဲ့သူတွေ ပေါ်လာလိုက် ပျက်သွားလိုက်၊ ဘယ်နေရာမှာ စီမံကိန်းလုပ်တော့မယ်ဆို နိုင်ငံရေးလုပ်စားတွေက မြှောက်ထိုးပင့်ကော်လုပ်ပြီး ဆူပူဆန္ဒပြအောင် လုပ်လို့ ဖျက်ပစ်လိုက်ရနဲ့ ဆိုရင်တော့ လုပ်သင့်တဲ့ စီမံကိန်းတွေပါ မလုပ်ရတော့ဘဲ ဖြစ်ကုန်မှာကိုလည်း ထည့်စဉ်းစားဖို့ လိုပါမယ်။ သင့်တော်မှန်ကန်တဲ့ စီမံကိန်းတွေကိုတော့ ဒေသခံတွေကို သေချာ နားဝင်အောင် ရှင်းပြပြီး၊ သူတို့လည်း မနစ်နာရအောင် ၊ ပတ်ဝန်းကျင် ပျက်စီးမှုတွေလည်း နည်းနိုင်သမျှ နည်းအောင် အရာရာ ပြင်ဆင်လုပ်ဆောင်ပြီးမှ လုပ်သင့်တယ် မဟုတ်ဘူးလားရှင်။ 

မလုပ်သင့်တဲ့ စီမံကိန်းတွေကို လူထုအင်အားနဲ့ ကန့်ကွက်တာလုပ်ကို လုပ်ရမှာပါ။ ဒါပေမဲ့ စီမံကိန်းတိုင်းကို ကန့်ကွက်မယ်ဆိုရင် မှန်မမှန် ပြန်စဉ်းစားရပါဦးမယ်။ သင့်တော်တဲ့ စီမံကိန်းတွေကိုတော့ ဘာမှ မစဉ်းစားဘဲ ကန့်ကွက်ကြမှာဘဲလား။ အကျိုးအမြတ်ရှိတာကိုတောင် သေချာ မသိဘဲ တိုင်းပြည်ဆူပူအောင် ချောက်တွန်းတတ်တဲ့ သူတစ်ချို့ကြောင့် ဆန္ဒတွေချည်း ပြနေကြမယ်၊ အစိုးရ ဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတဲ့ လူတစ်ချို့ကြောင့် စီမံကိန်းတိုင်း ဘာမှ မလုပ်နိုင်ရင် ကျွန်မတို့ တိုင်းပြည် ရှေ့ဆက် ဘာမှကို လုပ်နိုင်မယ် မထင်ပါဘူး။ ဒီလိုဆို တိုင်းပြည် တိုးတက်ဖို့ ဘယ်လိုများ သွားကြမှာလဲ လို့သာ…..

(ဒီစာဖတ်ပြီး လူတိုင်းတော့ သဘောတူ လက်ခံကြမယ်လို့လည်း မယူဆပါဘူး ။ ကွဲလွဲတာတွေ ရှိကြမှာပါ။ အမြင်မတူတာတွေလည်း ရှိမှာပါ။ သို့ပေမဲ့ တစ်စုံတစ်ယောက် ပယောဂ၊ အဖွဲ့အစည်းတစ်ခုခုရဲ့ တိုက်တွန်းချက် လုံးဝ လုံးဝ မပါဘဲ ကျွန်မအမြင် သက်သက်နဲ့သာ ရေးထားတာ ဖြစ်ပါတယ် လို့ )

ဖားကန့်မှာ တောင်တွေ တစ်လုံးပြီးတစ်လုံး ကုန်သွားတာ ဒေသခံတွေ မျက်ရည်ကျရကောင်းမှန်း မသိခဲ့ဘူး။ တစ်သက်လုံး ဥရုချောင်းရေကို သုံးလာ ချိုးလာကြပေမဲ့ ကျောက်စိမ်းတွင်း တွေကြောင့် ချောင်းရေတွေ သုံးမရတော့လို့ အိမ်တိုင်း မိမိငွေနဲ့ ရေတွင်းတူးကြရတဲ့အခါ ချောင်းတွေကို နှမြောလို့ဆိုပြီး ကျောက်စိမ်းကုမ္ပဏီတွေ အလိုမရှိလို့ အော်ရကောင်းမှန်း မသိခဲ့ကြဘူး။ ချောင်းတွေ တိမ်ကောကုန်လို့ နှစ်တိုင်း ချောင်းရေလျှံပြီး အိမ်တွေ ရေမြှုပ်ကုန်တာလည်း ဘယ်သူ့ကိုစွပ်စွဲရကောင်းမှန်း မသိခဲ့ကြဘူး။ တောင်တွေပြုန်းကုန်လို့ သစ်ပင်တွေလည်း မကျန်တော့တာကို အစိုးရကို ဆန္ဒပြရကောင်းမှန်း မသိခဲ့ကြဘူး။
ဖုန်တစ်ထောင်းထောင်းထနေတဲ့ ပတ်ဝန်းကျင်တွေ ကြားမှာ နေရလို့ ကျန်းမာရေးထိခိုက်တယ်ဆိုပြီး လျော်ကြေး တောင်းရကောင်းမှန်း မသိခဲ့ဘူး။ ရွာပတ်လည်မှာ မြေစာပုံကြီး တဖြေးဖြေး ဝိုင်းနေလို့ ရွာတွေပြောင်းရ ရွေ့ရတာလည်း ဘယ်သူ့ကို အပြစ်တင်ရကောင်းမှန်း မသိခဲ့ဘူး။ ဒေသခံတွေ နစ်နာလို့ ဖားကန့်မှာ ဘယ်သူမှ ကျောက်စိမ်းတွေ လာမတူးကြနဲ့။ ဒီမြေကြီးနဲ့ ဒီတောင်ကြီးတွေကို ဖားကန့် ဒေသခံတွေဘဲ ပိုင်တယ်၊ ကျောက်စိမ်းတွေ ကုန်သွားရင် ဒေသခံတွေ ဘာလုပ်စားရမှာလဲ ၊ အငတ်ခံရမှာလားလို့လဲ အော်ဖို့၊ ကန့်ကွက်ဖို့ မသိခဲ့ကြဘူး။

ကျွန်မတို့ ဖားကန့်ဒေသမှာ မြန်မာပြည် အနှံ့အပြားကလူတွေ လာပြီး ကျောက်တူးကြ ၊ စီးပွားရှာကြ လုပ်နေတာ ရေတွက်လို့တောင် မကုန်ဘူး။ သယံဇာတ ထွက်တဲ့ မြေနေရာကို ဒေသခံတွေကချည်းသာ ပိုင်ဆိုင်ခွင့်ရကြေးဆိုရင် ဖားကန့်က မြေကြီးတွေ တောင်တွေကို ဖားကန့်က လူတွေဘဲ ပိုင်ရမယ်။ ဖားကန့်ဒေသခံတွေဘဲ ကျောက်တူးမယ် တစ်ခြားဘယ်သူမှ လာမတူးကြနဲ့၊ ကုမ္ပဏီတွေ အကုန် ထွက်သွားကြ၊ ဒေသခံ မဟုတ်ဘဲ ကျောက်တူးနေတဲ့သူတွေ အကုန် ပြန်ကြပါလို့ ပြောရင် မြန်မာပြည် တစ်ခြားဒေသက လူတွေ အားလုံးက လက်ခံနိုင်ပါ့မလား။ ဟုတ်သားဘဲ သူတို့မြေ သူတို့ဘဲ တူးပါစေလို့ သဘောထား ကြီးနိုင်ကြပါ့မလား။ ဖားကန့်မှာ ကျောက်တူးမယ် ဆိုရင် အစိုးရဆီမှာ လုပ်ကွက်လျှောက်ရတယ်။ လုပ်ကွက်ကျလာမှ ကျောက်တူးခွင့်ရှိတယ်။ တူးချင်တိုင်း တူးလို့မရပါဘူး။ တစ်ချို့ရွာတွေဆိုရင် ကျောက်စိမ်းလုပ်ကွက် လျာထားတဲ့ နေရာထဲ ပါသွားလို့ သင့်တော်တဲ့ လျော်ကြေးလေး ယူပြီး ရွာလုံးကျွတ် ဖယ်ပေးခဲ့ရတာမှာ ဘုန်းကြီးကျောင်း ဘုရားကျောင်းတွေပါ ပါပါသေးတယ်။ ဒီအချက် မှန်မမှန်ကိုလည်း အချိန်မရွေး သွားရောက် စုံစမ်းနိုင်ပါတယ်။

မိုးကုတ်၊ မိုင်းရှူး စတဲ့ နေရာတွေနဲ့ ကျောက်မျက်ရတနာ ထွက်တဲ့နေရာတွေ အားလုံးလည်း သတ္တုတွင်းဝန်ကြီးဌာနမှာ လုပ်ကွက်တွေ လျှောက်ကြရတာပါ။ နိုင်ငံတစ်နိုင်ငံမှာ သယံဇာတ ထွက်တဲ့ နေရာတွေ ဘယ်နေရာဘဲဖြစ်ဖြစ် အစိုးရက စီမံခန့်ခွဲတာပါ။ ဒေသခံတွေမို့ဆိုပြီး သူတို့ချည်း ပိုင်ဆိုင်ခွင့် မရှိတာကို သိထားရမှာပါ။ သယံဇာတတွေ တူးတော့ ပတ်ဝန်းကျင် ပျက်စီးမှု ထိခိုက်မှုတွေကတော့ ဖြစ်ကိုဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရလုပ်သူကလည်း သယံဇာတ ထွက်တဲ့နေရာတွေကို စီမံခန့်ခွဲ ရာမှာ ဒေသခံတွေ မထိခိုက် မနစ်နာအောင်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင်တော့ စနစ်တကျ စီမံခန့်ခွဲဖို့တော့ အသေအချာကို လိုတာပါဘဲ။ ဖားကန့်မှာ အဲဒီလို စနစ်ကျမှုမျိုး အလွန်နည်းပါတယ်။ ဒါကြောင့်လည်း ဖားကန့်မှာ သဘာဝပတ်ဝန်းကျင် တော်တော်လေး ပျက်စီးကုန်ပါတယ်။

ကျောက်စိမ်းတွေ ကုန်သွားရင် ဒေသခံတွေ ဘာလုပ်ကိုင် စားရမလဲဆိုတဲ့ တွေးပူမှုမျိုးတော့ လက်ပံတောင်းတောင်က လူတွေ ရှိသလိုမျိုး ဖားကန့်ကလူတွေလည်း ရှိကြတာပါဘဲ။ ငိုတတ်တဲ့ ကလေးက မုန့်စားရတယ်လို့ အဆိုရှိကြတယ်။ အဲဒီတော့ ဖားကန့်က လူတွေများ လက်ပံတောင်းတောင်က လူတွေကို နမူနာယူပြီး ဆန္ဒပြကြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ကျောက်မျက် ကုမ္ပဏီတွေအားလုံး နောက်ဆုတ်မှာလား။ ဘယ်သူမှ ကျောက်စိမ်း လာမတူးကြပါဘူးဆိုပြီး လိုက်လျောကြမှာလား။ တောင်တွေကုန်မှာစိုးလို့ ကျောက်စိမ်းတွေ မြေကြီးအောက်မှာ ဒီအတိုင်း ရှိပါစေတော့လို့ မတူးဆွဘဲ ထားလိုက်ကြတော့မှာလား။

ဒေသခံတွေ သဘောမတူရင် တိုင်းပြည်အကျိုးတောင် မလုပ်သင့်ဘူးလို့လည်း ပြောတာတွေ ရှိပါတယ် ။ ဒါဆိုရင် အကျိုးအပြစ် ဘာမှ နားမလည်တဲ့ ဒေသခံတွေ ကန့်ကွက်ရင်လည်း ဘာစီမံကိန်းမှ မလုပ်ကြရတော့ဘူးလား၊ သေချာတာကတော့ ရတနာရှိနေတဲ့အရပ်မှာ ဘယ်သူမှ လာမတူးလဲ ရှိနေနှင့်တဲ့ သူတွေက တူးကြမှာပါဘဲ။ ဒီအတိုင်းတော့ ကြည့်နေကြမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဖားကန့်ဒေသမှာ ကိုယ့်အိမ်အောက် မှာတောင် ကိုယ်ပြန်တူးရင် ကျောက်နဲ့ ရွှေတွေ ထွက်တဲ့ နေရာတွေရှိပါတယ်။ ဒါကြောင့်လည်း တစ်ခြားနေရာ မပြောနဲ့ ။ ကိုယ့်အိမ်ဝင်းထဲကိုယ် ပြန်တူးတာတွေလည်း အများကြီးရှိပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာစိုးလို့၊ ချစ်လွန်းလို့ဆိုပြီး အလှကြည့်နေမဲ့သူ ဘယ်သူမှ မရှိကြပါဘူး ။ကိုယ့်အိမ်ဝင်းမှာ တူးရင် အိမ်အလှပျက်သွားမလား ၊ မြေကြီးတွေ ပွကုန်မလား ။ မြေပြိုကျပြီး ဒုက္ခရောက်မလား ဘာမှကို မတွေးကြဘဲ တူးနေကြသူတွေ အများကြီးပါ။

ဖားကန့်နဲ့ ပတ်သက်ပြီး ကျွန်မ စာတွေ အများကြီးရေးခဲ့ဖူးပါတယ်။ ရေးခဲ့တဲ့ စာတိုင်းမှာလည်း ကျောက်မတူးဖို့၊ တောင်တွေကို အလှကြည့်ဖို့ မရေးခဲ့ပါဘူး။ ဖြစ်မှ မဖြစ်နိုင်တာ။ ကျောက်တွေ တူးလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသတွေ ပျက်စီးလာတာကို ဖော်ပြပြီး ကျောက်တူးတဲ့ လုပ်ကွက်တွေ စနစ်တကျ ရှိဖို့ ဒေသခံတွေရဲ့ အိမ်တွေ ရွာတွေကိုလည်း မပျက်စီးစေဖို့ အဲဒါတွေဘဲ ထည့်ရေးဖြစ်ပါတယ်။ ကျွန်မထင်ပါတယ်။ ဖားကန့်က လူတွေကလည်း ဖားကန့်နယ်မြေကို ကျောက်မတူးဘဲ ထားပေးဖို့ တောင်းဆိုရင် တစ်နိုင်ငံလုံး ဘယ်သူကမှ လက်ခံကြမယ် မထင်ပါဘူး။ သယံဇာတ ရောင်းရငွေဟာ နိုင်ငံရဲ့ ဝင်ငွေ တော်တော်များများကို ရှာဖွေပေးနိုင်တယ်ဆိုတာ ဘယ်သူမှ ငြင်းမရနိုင်ပါဘူး။ ပြီးတော့လည်း သယံဇာတက ရရှိတဲ့ ငွေတွေကိုဘဲ နိုင်ငံက အားထားနေရတာပါ။ ဒီသယံဇာတကို ထုတ်ယူပြီး နိုင်ငံ တိုးတက်အောင် လုပ်ဖို့ လုပ်စရာတွေ အများကြီး ရှိနေတာပါ။

ကျောက်စိမ်းလို ကျောက်အရိုင်းတုံးကို ထုတ်ရတာ နည်းပညာလည်း သိပ်မလို၊ သိပ်လည်း မခက်ခဲတော့ မိမိနိုင်ငံက ကုမ္ပဏီတွေ အင်အားနဲ့ ထုတ်ယူနိုင်ပေမဲ့ ကြေးနီလို သတ္တုတွေ။ သဘာဝ ဓာတ်ငွေ့လို ဂက်စ်တွေကို ထုတ်ယူဖို့ ကိုယ့် နိုင်ငံမှာ နည်းပညာ မရှိတာ၊ အရင်းအနှီးတွေ အများကြီး လိုတာကြောင့် နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး တူးဖော်ရတာကိုလည်း တစ်ချို့က မေ့နေကြဟန် တူပါတယ်။ ကျွန်မတို့လည်း တရုတ်ကို မုန်းပါတယ်။ ဒါပေမဲ့ တရုတ်ကုမ္ပဏီမို့ စီမံကိန်းတွေ ဖျက်ရမယ်လို့ ကလေးကစားသလို လုပ်လို့ ရမရတော့ သေချာ စဉ်းစားရမှာပါ။ တစ်ချို့က ဆိုကြတယ်။ လက်ပံတောင်းစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူလို့ လူတွေအားလုံးက လိုက်သဘောတူကြတယ်လို့ ပြောကြပြန်တယ်။ ဒါပေမဲ့ မနှစ်ကတင် ကျွန်မတို့ အားလုံးဟာ တစ်နိုင်ငံလုံး ထိခိုက်နစ်နာနိုင်တဲ့ ဧရာဝတီ စီမံကိန်းကြီးကို တက်ညီလက်ညီ ကန့်ကွက်ခဲ့ကြပြီးပါပြီ။ မြန်မာတစ်နိုင်ငံလုံးကို ဖြတ်ပြီး စီးတဲ့ အဲဒီ ဧရာဝတီအတွက် အားလုံးက တစ်စိတ်ထဲ သဘောရှိခဲ့ကြတာပါ။

အဲဒီတုန်းကလည်း ဒီစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အားလုံးဟာ ကန့်ကွက်ကြမှာ အသေအချာပါ။ မြစ်ဆုံစီမံကိန်းမှာတော့ သူသဘောတူလို့ တစ်ခြားသူတွေလည်း လိုက်သဘောတူတာမျိုး ဖြစ်နိုင်ခဲ့မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းဟာ လုံးဝ မလုပ်သင့်ဘူးလို့ မိမိတို့ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ခံစားမိနေကြလို့ မဟုတ်ဘူးလား။ ခုစီမံကိန်းမှာတော့ လက်ပံတောင်းအစီရင်ခံစာဟာ သင့်တော်တယ် မျှတတယ်၊ ဒေသခံတွေအတွက် နစ်နာသမျှလည်း အကောင်းဆုံး ပြန်လုပ်ပေးဖို့ ဖော်ပြထားတယ်လို့ ယူဆကြလို့လည်း လူတွေက ဆက်လုပ်ဖို့ ထောက်ခံလာကြတယ်လို့ ကျွန်မ ထင်ပါတယ်။ မမျှတရင် ဘယ်သူတွေက ထောက်ခံပါ့မလဲနော်။

နောက်တစ်ချက်က ဆန္ဒပြတိုင်း၊ သဘောမတူတိုင်း အလျော့ပေး လိုက်လျောပေးရတဲ့ အခြေအနေမျိုးနဲ့ ရှေ့ဆက်သွားရမယ်ဆိုရင် မြန်မာပြည်တစ်ပြည်လုံး ဘယ်နေရာမှ သတ္တုတူးတာတွေ။ နိုင်ငံအဆင့် စီမံကိန်းတွေ လုပ်လို့ရတော့မယ် မထင်ပါဘူး။ ဘယ်နေရာမှာ သတ္တုတူးမယ်ဆိုရင် ကန့်ကွက်မဲ့သူတွေ ပေါ်လာလိုက် ပျက်သွားလိုက်၊ ဘယ်နေရာမှာ စီမံကိန်းလုပ်တော့မယ်ဆို နိုင်ငံရေးလုပ်စားတွေက မြှောက်ထိုးပင့်ကော်လုပ်ပြီး ဆူပူဆန္ဒပြအောင် လုပ်လို့ ဖျက်ပစ်လိုက်ရနဲ့ ဆိုရင်တော့ လုပ်သင့်တဲ့ စီမံကိန်းတွေပါ မလုပ်ရတော့ဘဲ ဖြစ်ကုန်မှာကိုလည်း ထည့်စဉ်းစားဖို့ လိုပါမယ်။ သင့်တော်မှန်ကန်တဲ့ စီမံကိန်းတွေကိုတော့ ဒေသခံတွေကို သေချာ နားဝင်အောင် ရှင်းပြပြီး၊ သူတို့လည်း မနစ်နာရအောင် ၊ ပတ်ဝန်းကျင် ပျက်စီးမှုတွေလည်း နည်းနိုင်သမျှ နည်းအောင် အရာရာ ပြင်ဆင်လုပ်ဆောင်ပြီးမှ လုပ်သင့်တယ် မဟုတ်ဘူးလားရှင်။

မလုပ်သင့်တဲ့ စီမံကိန်းတွေကို လူထုအင်အားနဲ့ ကန့်ကွက်တာလုပ်ကို လုပ်ရမှာပါ။ ဒါပေမဲ့ စီမံကိန်းတိုင်းကို ကန့်ကွက်မယ်ဆိုရင် မှန်မမှန် ပြန်စဉ်းစားရပါဦးမယ်။ သင့်တော်တဲ့ စီမံကိန်းတွေကိုတော့ ဘာမှ မစဉ်းစားဘဲ ကန့်ကွက်ကြမှာဘဲလား။ အကျိုးအမြတ်ရှိတာကိုတောင် သေချာ မသိဘဲ တိုင်းပြည်ဆူပူအောင် ချောက်တွန်းတတ်တဲ့ သူတစ်ချို့ကြောင့် ဆန္ဒတွေချည်း ပြနေကြမယ်၊ အစိုးရ ဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတဲ့ လူတစ်ချို့ကြောင့် စီမံကိန်းတိုင်း ဘာမှ မလုပ်နိုင်ရင် ကျွန်မတို့ တိုင်းပြည် ရှေ့ဆက် ဘာမှကို လုပ်နိုင်မယ် မထင်ပါဘူး။ ဒီလိုဆို တိုင်းပြည် တိုးတက်ဖို့ ဘယ်လိုများ သွားကြမှာလဲ လို့သာ…..

(ဒီစာဖတ်ပြီး လူတိုင်းတော့ သဘောတူ လက်ခံကြမယ်လို့လည်း မယူဆပါဘူး ။ ကွဲလွဲတာတွေ ရှိကြမှာပါ။ အမြင်မတူတာတွေလည်း ရှိမှာပါ။ သို့ပေမဲ့ တစ်စုံတစ်ယောက် ပယောဂ၊ အဖွဲ့အစည်းတစ်ခုခုရဲ့ တိုက်တွန်းချက် လုံးဝ လုံးဝ မပါဘဲ ကျွန်မအမြင် သက်သက်နဲ့သာ ရေးထားတာ ဖြစ်ပါတယ် လို့ )

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts