April 1, 2013

ဒဲဉ်သီးလာဗွေပွဲ

သည်နှစ်မှာတော့ တောင်ကြီးဒဲဉ်သီးလာဗွေပွဲကို မတက်ဖြစ်သလို၊
တ၀ီးမွူး(ရင်းမှီး) ဒဲဉ်သီးလာဗွေပွဲကိုလည်း မသွားဖြစ်ပါဘူး။ အနီးဆုံးဖြစ်တဲ့ နမ်းပါလင်းကျောင်းက တပေါင်းလပြည့်ပွဲကိုပဲ သွားဖြစ်ပါတယ်။ ဒါပေမယ့် ဒဲဉ်သီးလာဗွေပွဲသက်သက်တော့ မဟုတ်ပါဘူး၊ ကထိန်သင်္ကန်းကျိုး၊ သိမ်တက် ရဟန်းခံ၊ သိက္ခာထပ်ပွဲနှင့် ကျောင်းတိုက် ဆေးသုတ်အကျိုး၊ ဘီဒို၊ လှေကားအကျိုးတရားနာအလှူပွဲကြီး ဖြစ်ပါတယ်။ ဧည့်ပရိသတ်တွေကို ထမင်းနဲ့ ဧည့်ခံကျွေးမွေးသလို ခါးရည်ကြမ်းနဲ့လည်း တည်ခင်းဧည့်ခံကြပါတယ်။

ကျနော်တို့ဆီက ပွဲအကြောင်းပြောရရင် နောင်တရားကထိန်ပွဲနဲ့ နမ်းပါလင်းပွဲတို့ဟာ အစည်ဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုနှစ် တပေါင်းလပြည့် နမ်းပါလင်းပွဲဟာလည်း အထူးပြောစရာမလိုပဲ ပွဲလာသူတွေနဲ့ ဆိုင်ခန်းတွေ အပြည့်နေရာယူထားကြတာကို တွေ့ရပါတယ်။ ပွဲလာပရိသတ်တွေကတော့ ထမင်းသုံးဆောင်တဲ့သူက သုံးဆောင်၊ ခါးရည်သောက်တဲ့သူက သောက်ကြတာပေါ့။ ဒါပေမယ့် နေပူတဲ့အတွက် အရိပ်ရှိရာ သစ်ပင်အောက်နဲ့ ခါးရည်ဧည့်ခံတဲ့ မဏ္ဍပ်မှာ နားနေကြတာ များပါတယ်။



နေ့(၁)နာရီခွဲကျော်မှာတော့ နမ်းပါလင်းကျောင်းတကာ ရွာအလိုက် ရှေ့က အပျိုများက သင်္ကန်းပဒေသာပင်နဲ့ တန်းစီလှည့်လာတာကို တွေ့ရပါတယ်။ ယောင်္ကျားတွေက နောက်ကနေ အိုးစည်ဗုံမောင်းတွေနဲ့အတူ ပဒေသာပင်ကြီးတွေကို ထမ်းပြီး ယိမ်းကကနေကြတာကိုလည်း ကြည်နှုးစရာ တွေ့ရပါတယ်။ သင်္ကန်းပဒေသာပင်တွေကို ကျောင်းပေါ် ပင့်ယူလာပြီး (၃)နာရီလောက်မှာတော့ တရားနာကြပါတယ်။ ပင့်ကျောင်းသံဃာ ကျောင်း(၄၀)ကျော် ပင့်တယ်လို့ သိရပါတယ်။

တပေါင်းလပြည့်နေ့မှာ ပအိုဝ်းအမျိုးသားနေ့ ကျင်းပကြသလို အခုလို ရိုးရာအလှူပွဲမျိုးလည်း ကျင်းပကြတယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။


0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts