April 25, 2013

ဟိုပုံးမြို့ နောင်တောင်း - ဗုဒ္ဓဘာသာသင်တန်း

ဟိုပုံးမြို့ နောင်တောင်း - ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းသို့
တက်ရောက်ကြတဲ့ ပင်လောင်း/နောင်တရားနယ်၊ စန္တားခမ်း သင်တန်းသား/သူများ
====================================

ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းမှာ ဖွင့်လှစ်တဲ့
ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ပင်လောင်း/နောင်တရားမြို့နယ်၊
စန္တားခမ်းရှိ သင်တန်းသား/သူများ စုစုပေါင်း( ၁၁၁ )ဦး
တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်း/သူတွေဟာ (၂၄-၄-၂၀၁၃)နေ့ညမှာတော့
နောင်တရားစာသင်တိုက်မှာ အားလုံးစုရပ်အဖြစ် ညအိပ်တည်းကြပါတယ်။
အဲဒီညမှာလည်း နောင်တရားတိုက်အုပ်ဆရာတော် ဦးတေဇနိယစတဲ့ သံဃာတော်တွေကို
ကန်တော့ကြပြီး သြ၀ါဒအနည်းငယ် ခံယူကြပါသေးတယ်၊
အားပေးစကားနဲ့ စည်းကမ်းလိုက်နာကြဖို့ ကျန်းမာရေးဂရုစိုက်ဖို့အကြောင်း
အထူးမှာကြားတာကို ကြားသိရပါတယ်။
ဆက်လက်ပြီး အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုရှိအောင်
ရွာအုပ်စုအလိုက် တစ်စုကို ကိုယ်စားအနေနဲ့ တစ်ဦးချင်းစီ
ပျော်ပျော်ပါးပါး မိတ်ဆက်စကား အသီးသီး ပြောကြပါသေးတယ်။



(၂၅-၄-၂၀၁၃)နေ့ မနက်မှာ ရာဇာဖြိုး-လိုင်းကား သုံးစီးနဲ့
နောင်တရားကနေ မထွက်ခွာခင် သက်တော်(၇၄)နှစ်
ဝိဇာတမွေးနေ့အလှူမင်္ဂလာပွဲ ပြုလုပ်တဲ့ ဘုရားကုန်းစေတီတော်က
နောင်တရား ပဓာနနာယကဆရာတော် ဦးဂန္ဓမာအရှင်မြတ်ထံ
သွားရောက်ကန်တော့ပြီး သြ၀ါဒခံယူပါသေးတယ်။
ပြီးတာနဲ့ (၈)နာရီမှာ နောင်တရားကနေ စတင်ထွက်ခွာဖြစ်ပါတယ်။
တောင်ကြီး ဥတ္တရာရုံကျောင်းတိုက်မှာ နေ့လယ်စာစားပြီး
တစ်ထောက်နားမယ်လို့လည်း ပြောပါတယ်။
ပြီးမှပဲ ဟိုပုံးမြို့ နောင်တောင်းပရဟိတတပ်ဦးကျောင်းသို့
ဆင်းမယ်လို့ အဲသလို စီစဉ်ထားတဲ့အကြောင်း သိရပါတယ်။

ဟိုပုံးမြို့၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းမှာ ဖွင့်လှစ်တဲ့
ဗုဒ္ဓဘာသာ လူငယ်စွမ်းရည်မြှင့်သင်တန်းဟာ
ဧပြီ(၂၆ )ရက်ကနေ မေ( ၂၀ )ရက်နေ့အထိ
(၂၅ ) ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချသွားမှာဖြစ်ပြီး
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်ပေါင်း (၁၆) မြို့နယ်က
သင်တန်းသား/သူ (၁၂၀၀)ဦး တက်ရောက်ကြတယ်လို့ သိရပါတယ်။

တစ်နှစ်ထက် တစ်နှစ် သင်တန်းသားဦးရေ များပြားလာတာကို တွေ့ရပါတယ်။
သည်သင်တန်းမျိုးကို လူငယ်များ စိတ်ပါဝင်စားမှုရှိကြတယ်ဆိုတာ အထူးပြောဖွယ်ရာ မရှိပါဘူး၊
နှစ်စဉ် အစဉ်အလာမပျက် ဖွင့်လှစ်သင့်သလို အမျိုးဘာသာအတွက်
အားပေးသင့်တဲ့ သင်တန်းမျိုးလည်း ဖြစ်ပါတယ်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts