ပင်လုံမြို့အနောက်တောင်ဘက် ကျန်းစန်းနယ် ထံဖူးကျေးရွာအုပ်စုဥက္ကဌ
ကောင်းပုံကျေးရွာ ဦးခွန်မောင်လွန်းသည် (15-1-2013) ရက်နေ့ ည (10း00)
နာရီခန်မှာ မျက်နှာဖုံးစွပ် ပျောက်ကျားဝတ်စုံ အဖွဲ့က
ဖမ်းဆီးခေါ်ဆောင်သွားပါသည်။
ကျန်ရစ်သော မိသားစုဆွေမျိုးများတို့မှာ မည်ကဲ့သို့သောအကြောင်းကြောင့်
ဖမ်းဆီးခေါ်သွားသည်ကို သိရှိရန် စုံစမ်းမေးမြန်းရာ ဖြစ်စဉ်အမှန်တရားမသိ
ပူပင်သောကများစွာနှင့် မျက်ရည်နေ့တိုင်းကျရပါသော်လည်း ယနေ့ထိတိုင်
ဆိုးသတင်း ကောင်းသတင်း မသိရသောကြောင့် ရှင်နေသလား သေနေပြီလား
သိချင်နေကြပါသည်။ ထို့ကြောင့် ဤပန်ကြားစာသည်
ကိုးကွယ်သောဆရာတော်ဘုရားများ မိတ်သင်္ဂဟများနှင့် မိဘဆွေမျိုးများတို့က
ရှင်သည် သေသည်ကို သိလိုသည်ဖြစ်ပါ၍ တစ်ဦးတစ်ယောက်သော်၎င်း
စာတိုဖြင့်လည်းကောင်း ဖုန်းဖြင့်လည်းကောင်း အသိပေးပါရန်
လေးစားစွာပန်ကြားအပ်ပါသည်။ သိလိုချင်သည်မှာ ရှေးပညာရှိ
သူတော်ကောင်းများတို့ ဆိုဆုံးမသော စကားများသည် (ပျက်အစဉ်ပြင်ခဏ)
ဝါဒနှစ်မျိုးမှာ အကောင်းမြင်ဝါဒ၊ အဆိုးမြင်ဝါဒ၊ စရိုက်နှစ်မျိုးမှာ
သုစရိုက်၊ ဒုစရိုက် အထက်ပါ ဝေါဟာရစကားလုံးများကို သိမြင်ရ်ျ
အနက်အဓိပ္ပါယ်ဖော်ရင် စာလုံးပေါင်းမြောက်များစွာပေါ်ထွ က်လာ မည်ဖြစ်ပါသည်။ သူတော်ကောင်းတို့ ကိုင်ဆောင်ထားသောလက်နက်သည်
မေတ္တာတရားသာဖြစ်သည်။
ဤကမ္ဘာလောကကြီးမှာ မေတ္တာတရားလွမ်းမိုးမည်ဆိုလျှင် အားလုံးအေးချမ်းပြီး
သာယာဝပြောနေမည်ဖြစ်ပေသည်။ ထိုမေတ္တာတရားလက်နက်ဖြင့်သာ
ပြဿနာများကိုဖြေရှင်းရန်လိုပါသည်။ ဆရာတော်များ မိသင်္ဂဟများ မိဘဆွေမျိုးများ
============================
တပို့တွဲလပြည့်နေ့ဆိုတော့ ပအိုဝ်းထုံးစံအတိုင်းပါပဲ
ယာဂုတွေ အပြိုင်အဆိုင် ချက်လုပ်
ကြတယ်။ ပြီးရင် ဘုန်းကြီးကျောင်းနဲ့ လူကြီးသူမတွေကိုလည်း လှူကြ အိမ်နီးနားချင်းနဲ့ ကလေးတွေကိုလည်း ကျွေးကြမွေးကြနဲ့ တော်တော်ကို ပျော်စရာ ကောင်းလှပါတယ်။ ကိုယ့်အိမ်က အဖိုးကြီး အဖွားကြီးကလည်း ရှိတော့ ဟိုက ယာဂုလာပို့လိုက်၊ ဒီက ယာဂုလာပို့လိုက်နဲ့ အိမ်မှာ ယာဂုတွေ တော်တော်လေးကို များသွားတယ်။ ကုသိုလ်ရအောင် အိမ်ကလည်းစား ကျန်တဲ့သူတွေကိုလည်း ထပ်ပြီး ဝေငှရပြန်တယ်။ အထူးသဖြင့် လိုင်းပေါ်က သူငယ်ချင်းတွေပါမကျန် ခုလို ကျွေးရမွေးရပြန်တော့ အတိုင်းထက်အလွန် ပီတိ ဖြစ်မိတယ်။ သည်ယာဂုမျိုးဟာ တော်တော်နဲ့ မပျက်ပါဘူး၊ မသိုးယာဂုဆိုပါတော့။ ဒါကြောင့်မို့လို့ တပို့တွဲလပြည့်နေ့မှာ သူငယ်ချင်းများကို သတိတရနဲ့ ပအိုဝ်းရိုးရာယာဂုလေးကို တည်ခင်းဧည့်ခံလိုက်ရပါတယ်။
6:37 PM
တယ်လီဖုန်းကိုင်တွယ်ခြင်း
တယ်လီဖုန်းကိုင်တွယ်ခြင်း။ မိမိတို့အားလုံး ရိုင်းစိုင်းသော ညံ့ဖျင်းသောတယ်လီဖုန်းကိုင်တွယ်သူများ
ကြောင့်စိတ်မကျေမချမ်းဖြစ်မှုများနှင့်ကြုံတွေ့ဖူးကြပေလိမ့်မည်။ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအားလုံး တယ်လီဖုန်းကို မည်သည့်မည်ပုံ ကျွမ်းကျင်စွာ ကိုင်တွယ်ရမည်ကို သိထားရန် အလွန်အရေးကြီးသည်။
တယ်လီဖုန်းကိုင်တွယ်ခြင်းသည် သင့်ရုံးထံအလည်လာသာဧည့်သည်များကို ကိုတွယ်သကဲသို့ပင်လုပ်
ဆောင်သင့်သည်။ ယဉ်ကျေးသိမ်မွေ့သော စွာနှင့် အကူအညီပေးခြင်းဖြစ်ပါစေ။ လျင်မြန်စွာတုံ့ပြန်မှုပေး
ပါ။ အကယ်၍ တစ်ဦးဦးမအားလပ်ပါက သတင်းအချက်အလက်ယူထားပါ။ လူများကို အချိန်ကြာမြင့်စွာ
စောင့်ဆိုင်းနေခြင်းမဖြစ်ပါစေနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် ၎င်းတို့၏အချိန်နှင့် ငွေဖြုန်းတီးရာရောက်ပေ
သည်။
ပအိုဝ်းစာပေလောက
အခြေအနေတွေကို သုံးသပ်ပြရရင် မဂ္ဂဇင်းစာစောင်တွေ ဟိုအရင်တုန်းကထက်
ပိုပိုပြီး ထုတ်ဝေလာကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ထွက်ရှိတဲ့
ပအိုဝ်းစာစောင်တွေက တစ်နှစ်မှ တစ်စောင်သာ အသီးသီး ထုတ်ဝေလေ့ရှိကြတယ်။
အချို့စာစောင်တွေဆိုရင် တစ်နှစ်ပဲ ထုတ်နိုင်ပြီး ပြန်ငုပ်သွားတာမျိုးလည်း
ရှိတယ်။ အချို့လည်း ကာလတာအားဖြင့် (၂)နှစ် (၃)နှစ်လောက်ပဲ ထုတ်ဝေကြပြီး
လျိုကနဲ ပြန်ပျောက်သွားလေ့ရှိတယ်။ အကြောင်းအမျိုးမျိုးတွေကြာင့်
ဖြစ်ပါလိမ့်မယ်။ အခြား မကြည့်ပါနဲ့၊ အရင် ၁၉၈၀-ခုနှစ်ဝန်းကျင်က ရန်ကုန်၊
မန္တလေး ပအိုဝ်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုင်းရင်းသားပေါင်းစုံပါဝင်သည့်
(၆၆) နှစ်မြှောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခန်းအနားတရပ်ကို ၁၂၊ ၂၊
၂၀၁၃ ခုနှစ်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါသည်။ ယင်းပြည်ထောင်စုနေ့အခန်းအနားမှာ
တိုင်းရင်းသားရိုးရာ အကပဒေသာများ ဖျော်ဖြေတင်ဆက်ကပြခြင်း၊
အားကစားမျိုးစုံပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းနှင့် ပြိုင်ပွဲတွင်
အနိုင်ရရှိသည့်သူများကို ဆုလဒ်များချီးမြင့်ပေးအပ်ခြင်း စသည့်အစီအစဉ်များ
ပါဝင်ကြောင်း သိရသည်။ ပွဲတော်သည် စည်းလုံးညီညွတ်စွာနှင့်
ပြည်ထောင်စု စိတ်ဓာတ်အပြည့်ဖြင့် ဒေသခံအတွင်းရှိ
ဌာနေတိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်သည့် ပြည်ထောင်စုနေ့ပွဲတော်
ဖြစ်ကြောင်း အခန်းအနားတက်ရောက်လာသူ လီရှော့တိုင်းရင်းသူတစ်ဦးမှ ပြောခဲ့သည်။ "တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ 
ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲကို ကျနော်တို့ မတွေ့ရတာ
နှစ်ပေါင်းအတော်ကြာပါပြီ၊ အခုလို ပြန်လည်ကျင်းပခွင့်ရတဲ့အတွက် အထူးပဲ
ဝမ်းသာဂုဏ်ယူမိတယ်" ဟု ဆီဆိုင်မြို့နေ ပအိုဝ်းတိုင်းရင်းသားလူငယ်တစ်ဦး ဖြစ်သည့် ခွန်ဘောဒီထွန်းမှ ပြောခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ပအိုဝ်းတိုင်းရင်းသားများ
အများစုနေထိုင်သည့် မြို့လေးတစ်မြို့ဖြစ်ပြီး ရှမ်း၊ တောင်ရိုး၊ ဓနု၊ ကယန်း
(ပဒေါင်)၊ ကရင်နီ၊ ဗမာ၊ ကရင်၊ လီရှော်၊ အင်းသား စသည့် အခြားသော
တိုင်းရင်းသားပေါင်းစုံများနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ စုပေါင်းနေထိုင်ကြကြောင်း သိရပါသည်။
*** ဆိုဒ်ဝါး မိနေသူများ ( သို့မဟုတ် ) သံချေးတက်
နေသော အနာဂတ် ကြယ်ပွင့်များ ***
------------------------------
----------------------- ဆိုဒ်ဝါး ၊ ဘာလဲ ဆိုဒ်ဝါး ? ဒီကိစ္စမှာ တော့ ဒီလူက ဆိုဒ်ဝါးသုံးတယ် ဟိုမှာတော့ ဟိုတယောက်
က ဆိုဒ်ဝါးသုံးတယ် ဘယ်မှာတော့ ဘယ်မီ ဒီယာက ဆိုဒ်ဝါးသုံးနေပြီ ဆိုတာ
တော်တော် များများ ပြောဘူး ဆိုဘူးကြတယ် ဆိုတာတော့ အားလုံးသိကြမှာပါ။
ကြားရဖန်များတော့ ဆိုဒ်ဝါး ဘာလဲ ဆိုတာ သေချာသိအောင် မွှေနှောက်ရှာဖွေ
ရတော့တာပေါ့ဗျာ။
၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသ
ိရှိသလဲသိလိုလျှင်
- Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy of your Facebook data” အား Click လုပ်ပါ။ ၂ ။ သင်သည် default setting အား “Public” လုပ်ထားသည်။ သို့သော် သင်၏ update အချက် အလက်များနှင့် ပုဂ္ဂလိကသတင်းအချက်အလက်များ အား တကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက “Privacy Setting “ သို့သွားရောက်၍ ပြောင်းလဲမှုများပြုလုပ်ရမည်။
ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူ
ငယ်ချင်းတွေသိထား သင့်တယ်ထင်လို့ပါ ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။ မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊
Skype Account တစ်ခုရှိထားရုံဖြင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှုကို
ပြည်တွင်းရှိ နိုင်ငံခြားဖုန်းခေါ်ဆိုမှု ဖွင့်လှစ်ထားသည့် မည်သည့် ဖုန်းများတွင်မဆို
ဖုန်းမှတိုက်ရိုက်ဖြစ်စေ၊ အင်တာနက်မှဖြစ်စေ တစ်ချိန်တည်းတွင်
နှစ်မျိုးစလုံးတစ်ပြိုင်နက်အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။
Skype ၀န်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် အသုံးပြုလိုသူထဲတွင်
နိုင်ငံခြားသို့ ခေါ်ဆိုခွင့်ရှိထားသော ကြိုးဖုန်း (သို့)
နိုင်ငံခြားသို့ခေါ်ဆိုနိုင်သော မိုဘိုင်းဖုန်း (Hand Phone) တစ်မျိုးရှိရန်
လိုအပ်သည်။ အဆိုပါဝန်ဆောင်မှုနှင့် ပတ်သက် ၍ Pfingo myanmar မှ
ကိုဇော်လင်းထိုက်က “ကျွန်တော်တို့အနေနဲ့ ဒီဝန်ဆောင်မှုကို ဆောင်ရွက်ပေးတာ
သိပ်မကြာသေးပါဘူး။ အသုံးပြုနိုင်တာတော့ ကြာပါပြီ။
ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရေ
နသေး
တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့်
တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့
ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ
အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ
့ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး
ပေးနိုင်ရမှာ ဖြစ်ပါတယ်။
ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်.. အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ် .. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ
ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို
့ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး
ကြောင်ကျား ဖြစ်နေ
ကဗျာဆရာစောဝေ ရဲ့ ကဗျာတစ်ပုဒ်ပါ။ ပြည်ထောင်စုနေ့ အမှတ်တရ တင်ပေးလိုက်ပါတယ်။
"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး
နွားကျောင်းသားလိုပဲ ကျောင်းတဲ့နွားကိုလည်းမပိုင်၊ လူ (၂) သိန်းလောက်မှာမှ
အထက်တန်းကျောင်း (၄) ကျောင်းနဲ့ ဒီမိုကရေစီနိုင်ငံတဲ့၊ ရယ်ရတယ်"
------- ဆီဆိုင် သို့မဟုတ် သစ်စေးပင်ခြောက် တို့နိုင်ငံ ရှမ်းပြည်ရဲ့ အမြင့်ဆုံးတောင်ကို ပွေ့ပိုက်ထား မဲနယ်တောင်တန်ုးရဲ့ ၈ပေမြင့်တဲ့ လွယ်မောတောင်ကို ခေါင်းအုံးပြီး ပအိုဝ်းတွဟာ ငြိမ်းချမ်းစွာ အိပ်စက်
The Myanmarnize word of the Shan word “Panglong” is “Pin Lone” as the
current regime make a concerted drive to cleanse the ethnic
nationalities of the Non Myanmar such as changing not only the name the
country but also eliminating the name that has the ethnic origin. The
country has celebrated its 66th anniversary of the founding of the Union
of Burma; it seems that the regime is making an attempt to cajole the
Non Myanmar race to agree to its dictated concordat which they will
organize very soon. History has pointed out that no single
race have ever rule Burma continuously. The races residing in the Union
of Burma have live there since time immemorial but the modern Union of
Burma started with the agreement at the Panglong Conference in 1947where
most of the races came together to decide to live together with the
Myanmar as a test case for 10 years after which they can decide their
future . Now it is nearly half a century and over two decades and is
still struggling to find the Burmese identity
ခုမှဘာလော့လုပ်သူများအတွက် ဘလော့postတင်နည်း
ပထမအနေနဲ့
ဒီမှာ ဝင်လိုက်ပါ။
ပြီးတာနဲ့မိမိတို့ရဲ့အကောင့်ကိုရိုက်ထည့်ပါ။
ခုလိုပေါ်လာပါက မိမိတို့ဘလော့နာမည်(ပအိုဝ်းသူရဲကောင်း) ဆိုတဲ့နေရာမှာ
နှိပ်လိုက်ပါ။
တစ်ခါ တစ်လေ ကျွန်တော်တို့တွေ ဖြစ
်တတ်တာက
- တစ်ခုခုကို ဒေါင်းနေရင်း အိပ်ကလည်း အိပ်ချင်နေပြီ ဒေါင်းလုပ်ကလည်း
မပြီးသေးဘူး ဒေါင်းလုပ်ကိုလည်း ထိုင်မစောင့်ချင်တော့ဘူး။
ဒေါင်းပြီးသွားရင်လည်း ကွန်ပျူတာကို အလိုအလျောက်ပိတ်သွားစေချင်တယ်။
သို့မဟုတ် ကိုက အိပ်ရာထဲမှာ တစ်ခုခုလုပ်နေရင်း :P (စာဖတ်ခြင်း)
အိပ်ရာထဲကနေပဲ ကွန်ပျူတာကို လှမ်းပိတ်မယ်ဆိုပါဆို့။ ထိုအခါမျိုးတွေအတွက်
အသုံးဝင်မဲ့ နည်းလမ်းလေးကို မျှဝေလိုက်ပါတယ်။ ကွန်ပျူတာကို အချိန်ပေးပြီး ပိတ်ချင်ရင်တော့ ဘာမှမလိုပါဘူး။ ဖုန်းနဲ့ လှမ်းပြီး ပိတ်ချင်ပါတယ်ဆိုရင်တော့ ...ကွန်ပျူတာနဲ့ ဖုန်းဟာ အိမ်က ၀ိုင်ဖိုင် နက်ဝက် တစ်ခုတည်းမှာပဲ တူတူ မိနေရပါမယ်။ ဒါလေးကို စပြီးဒေါင်းလုပ်လုပ်ပြီး အင်စတော လုပ်ပေးပါ။ http://www.den4b.com/ ?x=get&product=shutter&type=ins taller မူရင်းဝက်ဆိုဒ် (http://www.den4b.com/ ?x=downloads&product=shutter )
ကျွန်တော်တို့ အင်စတော လုပ်ပြီးတာနဲ့ ကွန်ပျူတာ ဒတ်စ်တော့မှာပေးနေတဲ့
Shutter အိုင်ကွန်လေးကို နှိပ်ပြီး မိမိ ကြိုက်နှစ်သက်ရာ ကိုရွေးချယ်
လုပ်ဆောင်စေနိုင်ပါပြီး ။ Event: ဆိုတဲ့ Tab menu အောက်မှာ ပါတဲ့
ကိုယ်ကြိုက်နှစ်သက်ရာ ကို ရွေးချယ်ပေါ့။ အလွယ်ဆုံးဥပမာကတော့ on time ပေါ့။
ကိုယ်ပိတ်စေချင်တာက ည ၁၁ နာရီဆို time: မှာ 23:00 ကို ရွေးပေးလိုက်ပါ။
ဒါမှမဟုတ်ပဲ ကိုယ်က အိပ်ရာဝင် ကွန်ပျူတာကို Virus Scan လုပ်ပြီး
အိပ်တယ်ဆိုပါဆို့ LOw CPU usage ကိုရွေးပေါ့။ Virus Scan က CPU usage ကို
မြင့်စေနိုင်တော့ သူစစ်ပြီးသွားလို့ usage နည်းသွားတာနဲ့ ကွန်ပျူတာ က
ပိတ်သွားမှာပေါ့။ ဒါကတော့ ကွန်ပျူတာကို အချိန်နဲ့ ပိတ်စေ တာပါ။ ဖုန်းဖြင့် လှမ်း၍ ပိတ်ခြင်း--
shutter icon လေးကိုပဲ ဖွင့်လိုက်ပါ။ Options ကို ဆက်၍နှိပ်ပါ။ Web
Interface ဆိုတာကို တွေ့ပါလိမ့်မည်။ Enable ကို အမှန်ခြစ်ပေးလိုက်ပါ။
listen IP: ကိုနှိပ်လိုက်ပြီး မိမိကွန်ပျူတာရဲ့ IP address ကိုရွေးလိုက်ပါ။
အဲဒီ IP addresss ဟာ ကိုယ့်အိမ်က ၀ိုင်ဖိုင် address လည်းဖြစ်ရမှာပါ။ ဒါမှ
ဖုန်းကနေ လှမ်းချိတ်တဲ့ အခါ ၀ိုင်ဖိုင် နက်ဝက်အတွင်းမှာ တူတူရှိနေလို့
ချိတ်လို့ အဆင်ပြေမှာဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုရင်တစ်ချို့တွေမှာ Vitual
Machine တွေရဲ့ IP Address လည်းပြေနေလို့ပါ။ IP address
ရွေးပြီးတာနဲ့ Listen Port: မှာ ကိုယ်ကြိုက်ရာထည့်ပါ။ ဒါပေမယ့် known port
တွေ မထည့်ပါနဲ့ အစမ်းသဘောနဲ့ ကျွန်တော် ထည့်သလို IP 192.168.1.1 Listen Port: 802 ပြီးရင် username ထည့်ပါ။ shogun, ပတ်စ်ဝေါ့ ထည့်ပါ shogun1234 ဖြည့်ပြီးတာနဲ့ save ကို နှိပ်ပေးပါ။ ဒါဆိုရင် မိမိဖုန်းကနေ လှမ်းပြီး ကွန်ပျူတာကို ပိတ်လို့ရပါပြီ။
ဖုန်းရဲ့ အင်တာနက် browser ကိုသွားပါ။ ဖုန်းက ကွန်ပျူတာနဲ့ ip address
တူတဲ့ ၀ိုင်ဖိုင် နက်ဝက်အတွင်းမှာရှိနေရပါမယ်။ Address Bar မှာ ကိုယ်ရဲ့
ကွန်ပျူတာ ip address ကို port ခံပြီး ရိုက်လိုက်ပါ။ 192.168.1.1:802
အဲလိုရိုက်လိုက်တာနဲ့ ပေးထားတဲ့ username နဲ့ password ကိုရိုက်လိုက်ပါ။
ဒါဆို ရင် မိမိကွန်ပျူတာကို shutdown, reboot, logoff, etc လုပ်လို့ရတဲ့..
Shutter Web Interface ပေါ်လာမှာပါ။ ကိုယ်ကွန်ပျူတာ Desktop ပေါ်ကို
လှမ်းကြည့်မယ်ဆိုရင်တော့ screenshot of a Desktop ဆိုတာလေးကို
နှိပ်ပြီးကြည့်နိုင်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ အိပ်ရာထဲမှာ
အလုပ်ဆက်လုပ်နိုင်ပြီပေါ့။ :P တစ်ကယ်ဆို ကိုယ့် ဖုန်းနဲ့
ကွန်ပျူတာမှာ Teamviewer software ရှိထားရင်လည်း လုပ်ဆောင်နိုင်ပါတယ်။
ဒါပေမယ့် ဒီနည်းက အင်တာနက်မလိုပဲ မိမိအိမ်မှာ wifi router တစ်လုံးရှိပြီး
ဝိုင်ဖိုင်နက်ဝက်ထဲမှာ ကွန်ပျူတာကော ဖုန်းပါ မိနေရင်ကိုအဆင်ပြေပါပြီ။ ကဲ အားလုံး ဒီည စမ်းသပ်ကြည့်ရအောင်လား။ :D
ကိုယ်အလေးချိန် လျော့ကျဖို့ မနည်း ကြိုးစားနေပေမယ့် သင်မှန်းထားသလောက်
ဝိတ်မလျော့လာဘဲ ဖြစ်နေသလား။ ဝိတ်လျော့ချင် သူတွေ အတွက် သတင်းကော
င်း
ရှိပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ အစားအသောက် လျှော့စရာ မလိုဘဲ
ပေါင်ချိန်များစွာ လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာ ရှိပါတယ်။
ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျ
ရခြင်းကြောင့်
မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့
အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင်
ကျွန်မတို.ဘယ်လိုကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။
ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲချုပ်ကြီးသိရှိနိုင်စေရန်
အကြံပြုတင်ပြအပ်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်
ဖြစ်ပျက်နေသည့်အကြောင်းအရင်းများအား တစိတ်တပိုင်းသိရှိနိုင်ရန်
ပြည်သူတစ်ဦးနေဖြင့် အကြံပြုတင်ပြအပ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေရသည့်
တပ်ဖွဲ့ဝင်များသည် အထက်ဌာနမှ ချပြသည့် ညွှန်ကြားချက်များအားသိရှိကြောင်း၊
လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် ၀န်ခံကတိပြုလက်မှတ်များ
ရေးထိုးပြီး အထက်ဌာနစိတ်များသို့ ပြန်လည်တင်ပြရကြောင်း၊ သို့သော်
ရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ၄င်းဆန္ဒများအား အထက်ဌာနများသို့ တင်ပြရာတွင်
အဆင့်ဆင့်ကြာမြင့်လျှက်ရှိကြောင်း၊ မိမိတင်ပြလိုက်လျှင် အထက်အကြီးအကဲများ၏
ငြိုငြင်မှုများ၊ အဖုအထစ်အကြိတ်အခဲများ ဖြစ်လေမလား
ဆိုသည့်စိုရိမ်မှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများ
ဖြစ်ပေါ်လျှက်ရှိနေပါတယ်။
အမှန်တော့ ဒီဆောင်းပါးကို ရေးဖို့တောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဘာလို့လဲဆို ကိုယ့်အိုင်ဒီယာကို အသုံးချလို့ သူများတွေ အမြတ်ထုတ်သွား
လေမလားလို့ ဥစ္စာခြောက် ခြောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အဲ့ဒါကမှသာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့၊ မှားယွင်းတဲ့ ခံယူချက် ဖြစ်ပါတယ်။
လူတိုင်းတတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။
လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေမယ်။ အားလုံး အတွက် မျှဝေတာ
အကောင်းဆုံးပါပဲ။ ယခု မောင်အောင်ခမ်းမှ တတ်သိသလောက် Blog ကနေ
စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့
အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ ကမ္ဘောဇပန်းခြံ၊ မြို့မဈေးကြီး အပေါ်ထပ်၊
မြကန်သာပန်းခြံနှင့် မြသုခရုံ အပေါ်ထပ်တို့တွင် ကလေးကစားကွင်းအမည်ခံကာ
လောင်းကစားမှုများ အကြီးအကျယ်ပြုလုပ်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် (၂၂)
ရပ်ကွက်ရှိသည့်အနက် ကျောင်းကြီးစုရပ်ကွက်၊ မြို့မရပ်ကွက်၊ ကံသာရပ်ကွက်၊
ဟော်ကုန်းရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊
မင်္ဂလာဦး၊ ညောင်ဖြူစခန်းရပ်ကွက်၊ ရတနာသီရီရပ်ကွက်နှင့်
နေရာအတော်များများတွင်လည်း “ပန်းသီးဂိမ်း၊ ငါးပစ်ဂိမ်း၊ ကာစီနို” စသည်ဖြင့်
လောင်းကစားဂိမ်းဆိုင်အငယ်များမှ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်၊ အပိုင်နယ်ထိန်းများနှင့် ညှိနှိုင်းပြီး အခကြေးငွေပေးဆောင်ကာ ဖွင့်လျှက်ရှိကြောင်း သိရသည်။
ဒီဟာတစ်ခုကတော့ dropdown menu ဆိုတဲ့ ခေါင်းစဉ် လှလှနဲ့
နည်းလမ်းလေးတစ်ခုပါဘဲ။ သူငယ်ချင်းတို့အားလုံးလည်း
အဆင်ပြေပြေနဲ့အသုံးပြုနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
VIDEO
my name is....
(male spealers)
ผม ชื่อ.........
I (male speakers) name...
(၁)အချိန်ရှိစဉ် ငယ်စဉ်အခါက ပညာမသင်ခဲ့မိလေခြင်း။ (၂)ဥစ္စာမစုဆောင်းမိခဲ့လေခြင်း။ (၃)သူတစ်ပါးအချစ်ကို ဖျက်စီးမိခဲ့လေခြင်း။ (၄)သူတစ်ပါးအသက်ကိုသတ်မိလေခြင်း ။ (၅)သူတစ်ပါးသားမယားကို ပြစ်မှားမိခဲ့လေခြင်း။ (၆)ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။ (၇)ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။ (၈)မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။ (၉)ပညာရှိထံနည်းခံရု ပညာမသင်ကြားခဲ့မိလေခြင်း။ (၁၀)မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း။ သူငယ်ချင်းတို့ရေနောင်တဆိုတာမကောင်းဘူးနော်။ နောင်တဆိုတာပြုသင့်သည်ကိုမပြုမိ မပြုသင့်သည်ကိုပြုမိ၍အချိန်လွန် မှ သတိရခြင်တဲ့။သူငယ်ချင်းတို့လည်း ဒီနောင်တတရား(၁၀)ပါးကနေကင်းဝေြး ကပါစေလို့
=
၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။
၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။ ၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။ ၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။ ၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။ ၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ် ကြောင့် ဖြစ်သည်။ ၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။ ၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ် ဖြစ်သည်။ ၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။ ၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။ ၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာ ဖြစ်သည်။ ၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။ ၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ် ဖြစ်သည်။ ၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။ အားလုံးရွှင်လန်းကြပါစေ......
ရှမ်းလူမျိုးတို့ကို
ကိုးကွယ်ယုံကြည်မှု နှင့်ပက်သက်၍ အချို့က ရှမ်းပြည်နယ်တွင်
နတ်ကိုးကွယ်မှုနှင့် စုန်း၊ တစ္ဆေ၊ ကဝေ စသော မိစ္ဆာ အယူဝါဒ ထွန်းကားသည်ဟု
လွဲမှားစွာ ကောက်ယူခဲ့ကြသည်။ အမှန်မှာ
ဗုဒ္စဘာသာကိုသာ ကိုးကွယ်ခဲ့ကြသည်.။ ရှမ်းတို့အိမ်တွင် ဘုရားစင်သာရှိသည်။
နတ်စင်မရှိ။ ဗုဒ္စဘာသာဝင် ရှမ်းအမျိုးသား မှန်သမျှဗုဒ္ဓဘာသာကိုသာ
ကိုးကွယ်ကြသည်။ တနှစ်တကြိမ်ကျ ရွာစောင့်နတ်၊ လယ်စောင့်နတ်၊ သမ္မဒေ၀ါ
နတ်များအား ပူဇော်မှုလောက်သာ ရှိကြသည်။ သို့တော်
ထုံးစံမျှသာဖြစ်ပြီး.ကြီးကျယ် ခမ်းနားစွာ. နတ်ပွဲကြီးများ ကျင်းပခြင်းများ
မရှိပေ။ ရှမ်းလူမျိုးနဲ့ ဗုဒ္စသာသနာ ရှမ်းလူမျိုးများက
မိမိတို့သည် ဂေါတမဘုရား လက်ထက်ကပင် ဘုရားကို ကိုးကွယ် ယုံကြည်ခဲ့ကြသည်ဟု
ဆိုသည်။ ဘုရားရှင်လက်ထက်က ကောသမ္ဗီဘုရင် ဥတေနသည် ရှမ်းဘုရင်တပါးဖြစ်သည်ဟု
မောရှမ်းရာဇ၀င်နှင့် သိန္နီရာဇ၀င်တို့က ဆိုသည်။ “မိုင်းမောဝ်” ဟုခေါ်သော
မောရှမ်းပြည်သည်.. ရွှေလီမြစ်ဝှမ်း ဒေသဖြစ်သည် ။ ထိုဒေသတွင် သာသနာနဲ့
ပက်သက်သော သမိုင်းဝင်အထောက်ထားများအနေဖြင့် 
(၁) ကောသမ္ဗီသူဌေးကြီး ယောသက လှူဒါန်းထားသော ယောသိကာရုံေ ကျာင်းဟောင်းနေရာ
(ရှမ်းစကားအရ “လွယ်ကျောင်းဆိုင်” ဟုခေါ်ပြီး တရုတ်မြန်မာ နယ်စပ် ရွှေလီမြစ်၏
တရုတ်ဘက်ကမ်းတွင် တည်ရှိသည်။ ၁၂၊၅ ၊၂၀၀၁ တွင်ကျမ်းပြုသူ
ထိုနေရာသို့ရောက်ခဲ့ပြီး စေတီဟောင်းတဆူတွင် ရှေးဟောင်း ရွှေငွေ ကြေး မြေ
ဆင်းတုတော် များစွာ တူဖော်ရရှိ၏) (၂) ဥတေနမင်း၏ သချိ င်္င်းအုတ်ဂူ။ (၃) ယေသက သူဌေးကုန်း။ (၄) ပန်ဖေဟို(ခေါ်) ခေါင်းဖြတ်တောင် (မာဂဏမိဘုရားတို့ ခေါင်းဖြတ်ခံရသောနေရာ) (၅) လွယ်ကျောင်းဆိုင် တောင်ခြေရှီ ဥတေန မင်း၏ ဆင်ချည်ကျောက်တိုင်။ (၆)ပလလဲတော ..... စသည်တို့သည် ယခုတိုင် တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ဒေသ (တရုတ်ပြည်) တွင် တည်ရှိနေသည်ကိုတွေ့ရသည်.။
ဤသီန္နီရာဇ၀င် အဆိုတို့ကို ထောက်ရှု၍ ရှမ်းလူမျိုးက မိမိတို့သည်
ဘုရားရှင်လက်ထက်ကပင် သာသနာတော်ကို ယုံကြည် ကိုးကွယ်လာခဲ့ကြသူမျာ ဖြစ်သည်ဟု
ယူဆကြခြင်းပင် ဖြစ်သည်...။ ဘီစီ (၆) ရာစုတွင် အိန္ဒိယနိုင်ငံ၌
ဘုရားရှင် ပေါ်ပေါက်လာခဲ့သော ကာလတွင် ရှမ်းလူမျိုးတို့သည် စူနိုင်ငံတော်ကို
စိုးမိုးအုပ်ချုပ်နေသော ကာလဖြစ်သည်။ စူနိုင်ငံတော်သည် ဘုရင်ခံနိုင်ငံ (၁၂
)နိုင်ငံ ပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်။
ထိုဘုရင်နိုင်ငံတို့တွင် သျှင် Tsen (ခေါ်) Tien နိုင်ငံသည် ယခု ယူနန်နယ်
ဖြစ်သည်။ သျှင်နိုင်ငံ၏ အနာက်တောင်ဘက်၌ သမိုင်းတွင် ထင်ရှားသော
တကောင်းမြို့ရှိသည်။ တကောင်းသည် သကျသာကီဝင်တို့နှင့် အဆက်အနွယ်ရှိသဖြင့်
ယင်းနှင့်ပတ်သက်သော အကြောင်းအရာ များကို ချန်ထား၍ရမည်မဟုတ်ပေ။ တကောင်းနှင့်ရှမ်းလူမျိုးဆက်နွယ်ပုံ
မဟာရာဇ၀င်၌ တကောင်းသည် ဂေါတမ မြတ်စွာဘုရား လက်ထက်ကပင် တကောင်း ဟု
ခေါ်တွင်ကြောင်း ဖော်ပြထားသည်။ တကောင်းကို စတင်တည်ထောင့်သည့်အချိန်က
မြန်မာနိုင်ငံအထက်ပိုင်းတွင် အရှေ့ဘက်၌ ပျုလူမျိုး၊ သက်လူမျိုး၊ ဧရာဝတီ ၊
စစ်တောင်း၊ သံလွင်မြစ်ဝှမ်းတို့တွင် မွန်လူမျိုးများရှိနှင့်ကြပြီ ဟု
သမိုင်းဆရာတို့ ယူဆထားကြသည်။ ထိုအခါက ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့
ဖြစ်သည်ဟု မှတ်ယူကြသည်။ တကောင်းဟူသော အမည်သည် ရှမ်းဘာသာဖြင့်
စည့်ကူးတို့ဟုအဓိပ္ပာယ်ရသည်..။ တကောင်းသည်
မြန်မာမြို့ဟောင်းဟု မြန်မာ လူမျိုးများက ယူဆခဲ့သော်လည်း နှောင်းစာရေးဆရာ
အဆိုအရ တကောင်းမြို့သည် အိန္နိယမြောက်ပိုင်းမှ ကျုးကျော်လာသူများက
တည်ထောင်ခဲ့သည်ဟု ဆိုသည်။ စိတ်ဝင်စားဖွယ် အချက်မှာ ရှမ်းသမိုင်းစာပေအရ
တကောင်းမြို့သည် ရှမ်းလူမျိုး၏ မြို့တောင်ဟောင်းဖြစ်၍ ၎င်းအုပ်ချုပ်သော
မင်းများသည် အိန္နိယနှင့် အဆက်သွယ်ရှိခဲ့ကြသည်ဟု ဆိုသည်။ တကောင်းမြို့၏
အမည်သည် ရှမ်းစကားအရ “တာကောင်” ဟုခေါ်ပြီး. “စည့်ကူးတို့မြို့” Drum Ferry
ဟုအဓိပ္ပာယ်ရသည်။ ထိုအမည်မျိုးကို “မိုးကောင်း” ရှမ်းအခေါ် “မိန်းကောင်”
(အိုးစည်မြို့)နှင့် အခြားရှမ်းနာမည်များကို နှိုင်းယှဉ်ကြည့်နိုင်သည်။
ခိုင်လုံသော သက်သေ အထောက်အထားပြရန် တခြားနည်းလမ်းများလည်း ရှိပါသည်။
နန်ချိုနိုင်ငံတော်၏ ကျယ်ပြန့်မှုနှင့် ယင်း၏နိုင်ငံရေး အဆောက်အဦး
စစ်တပ်အင်အားတို့ကိုကြည့်ရှုခြင်းအားဖြင့် တကောင်းမြို့သည်
ရှမ်းလူမျိုးများ နေထိုင်ရာဒေသ မဟုတ်ဟုငြင်းဆိုနိုင်စရာအကြောင်း မရှိပေ ။
အစောပိုင်းကာလ၌ မြန်မာပြည်ကို ရှမ်းများကြီးစိုးချိန်နှင့် ပက်သက်၍
မစ္စတော်ခိုစိန် အဆိုအရ အနော်ရထာမင်း အုပ်စိုးသည့်အချိန် အေဒီ ၁၁ ရာစု အထိ
ဧရာဝတီ အရှေ့ဘက်ကမ်းဒေသ နှင့် ၎င်းမြစ်ကမ်းပါးတို့သည် ရှမ်းတို့၏
အုပ်ချုပ်မှုအောက်တွင် ရှိသည်.။ အထက်ပါဖော်ပြချက်တို့ကို ထောက်ရှု၍
တကောင်းသည် ဗမာလူမျိုး(သို့) အိန္ဒိလူမျိုး (သို့) အိန္ဒိယလူမျိုးများ.
တည်ထောင်သည်ထက် ရှမ်းများတ ည်ထောင်သည်ဟု ဆိုလျှင် ပိုပြီးဖြစ်နိုင်သည်။
ယခုအချိန်ထိ “တာကောင် =စည့်ကူးမြို့” ဟု ရှမ်းစကားဖြင့် ခေါ်ဝေါ်
နေခြင်းဖြစ်သည်။ တကောင်း မြို့သည်ရှမ်းတို့ တည်ထောင်ခဲ့သော မြို့ဟုတ်မဟုတ်
ထည့်တွက်စရာ မလိုတော့ပေ အဘယ်ကြောင့်ဆိုသော် ရှမ်းမျာအချင်းချင်း စစ်ခင်းသော
နေရာဒေသ ဖြစ်သောကြောင့်တည်း။ ဘုရားရှင်လက်ထက်တွင်
တကောင်းမြို့တို့ နောက်ဆုံးရောက် လာသောသာကီဝင်တို့သည်. ဘုရားရှင်၏ ဆွေတော်
မျိုးတော်များ ဖြစ်ကြသည့်အပြင် ဘုရားရှင်ကို ကြည်ညိုဆည်းကပ်ကြသော ဗုဒ္စဘာသာ
ဝင်များ ဖြစ်ကြသည်။ ထိုသာကီဝင်တို့မှ ဗုဒ္ဓဘာသာကိုးကွယ်မှုသည်. တကောင်းရှိ
ရှမ်းလူမျိုးတို့ထံ ရောက်ရှိလာသည်ဟု ဆိုရပေမည်...။ လောဝ်သမိုင်းမှ သာဓက
လောဝ်သမိုင်း တစ်စောင်၌ ရှမ်းလူမျိုးတို့သည် သာသနာတော် ၆၁၂ (အေဒီ၆၉)ခုနှစ်
အိုက်လောဝ် မင်းဆက်ဖြစ်သော နောင်ချယ် (ခေါ်) နန်ချောင်ဘုရင် ခွန်လိမောဝ်
လက်ထက်တွက် ဗုဒ္စဘာသနာတော်ကို စတင် သက်ဝင်ယုံကြည်သည်ဟု ဆိုသည်..။ မဟာယန
ဗုဒ္ဓဘာသာဖြစ်ပြီးတရုတ်ဟန်မင်းဆက် ဘုရင် ခေမင်တီထံမှ ရရှိလာသည် ဟုဆိုသည်။ စာပေများဖြင့် သုံးသပ်ဆုံးဖြတ်ခြင်း
နန်ချောင်နိုင်ငံတော်ကို ၀ိဒေဟရာဇ်တိုင်း၊ မောပြည်ကို မောရိယတိုင်း၊
သိန္နီကို သီဝိတိုင်း၊ ကျိုင်းတုံကို ခေမရဌ တိုင်း ၊ လန့်နားကို ယောနတိုင်း
စသည်တို့ကို ပါဠိဖြစ် ခေါ်ဝေါ်သုံးစွဲသည်မှာ အဒီ ၁၅-၁၆ ရာစုနောက် ပိုင်းမှ
ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဤအချိန်တွင် ထေရ၀ါဒဗုဒ္စဘာသာသည်လည်းမြောက်ပို င်းနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ဖြစ်မည်။
ရှမ်းလူမျိုးတို့သည် အေဒီ ၁၄ ရာစုမှစ၍ ထေရ၀ါဒဗုဒ္ဓ ဘာသာကို
စတင်ကိုးကွယ်ခဲ့ရာ မင်းနှင့်ပြည်သူ တရပ်လုံးက ဗုဒ္စဘာသာ ၀င်များအဖြစ်တို့
ရောက်ရှိခဲ့ကြပြီး သာသနာတော်ကို လွန်စွာ ကြည့်ညိုလေးစား မြတ်နိုး တွယ်တ
ာလာခဲ့ကြသည်။ သဒ္ဒါတရားများသည်လည်း သူမတူအောင်ထူးကဲလွန်မြတ်သဖြင့်
“တမူးရှိလို့ တပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဟုဆိုရိုးစကားပင်
အထင်ရှားရှိခဲ့သည်။ မြန်မာပြည်တန်ခိုးကြီး ဘုရားဖြစ်သော မန္တလေး မဟာမြတ်မုနိ
ဘုရားကြီး သမိုင်းတစိတ်တဒေသကို ကြည့်ရှု့ခြင်းအားဖြစ် ရှမ်းစော်ဘွားများ၏
သဒ္ဒါတရား များကို မြင်တွေ့နိုင်ပေသည်။ သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်တွင်
မန္တလေး မဟာမြတ်မုနိဘုရားကြီး၏ ပြသာဒ်တော်ကြီး အထက်နားတွင် ထားရှိတော့
မူလထီးတော်ကြီးသည် ၁၂၇၈ ခုနှစ်တွင် လေခ၍ မြေသို့ကျရာ ရပ်စောက်စော်ဘွားကြီးက
အသစ်တဖန် ပြန်လည် လှူဒါန်းပြန်သည်။ ငှက်မြက်နားတောင်နှင့်
စိန်ဖူးတော်တို့ကိုကား ညောင်ရွှေ စော်ဘွားကြီးက ၁၂၈၀ ပြည့်နှစ်တွင်
လှူဒါန်းတော်မူသည်။ ရှမ်းတောင်ပိုင်းရှိ မိုးနဲမြို့တွင်
သမိုင်းဝင်ရှေးဟောင်း စေတီတော်များ၊ ရှေးဟောင်းကျောင်းတော်
များစွာရှိသဖြင့် “ဒုတိယပုဂံ” ဟူ၍လည်းကောင်း “ရှမ်းပုဂံ” ဟူ၍လည်းကောင်း
တင်စား ခေါ်ဝေါ်ကြလေသည်။ ယခုလက်ရှိ အခြေအနေအရ ကမ္ဘာပေါ်တွင်
ထေရ၀ါဗုဒ္ဓဘာသာကို ကိုးကွယ်သော လူမျိုးတို့တွင် ရှမ်းလူမျိုးတို့သည် လူဦးရေ
အများဆုံးဖြစ်သည်ဟု ဆိုရပေမည်..။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ
ကိုးကွယ်သူ လူဦးရေသည် သန်း၅၀၀ ကျော်ရှိလေသည်. ထိုအထဲတွင် ထေရ၀ါဒဗုဒ္ဓဘာသာ
ကိုးကွယ်သောနိုင်ငံများမှာ ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ မြန်မာနိုင်ငံ၊
ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ တို့သာဖြစ်ကြသည်။
အဆိုပါနိုင်ငံတို့တွင် လူဦးရေ အများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်၍
ခရစ်နှစ် ၁၉၉၉ ခုနှစ်တွင် လူဦးရေ (၆၂)သန်းကျော် ရှိသည်ဟု သိရပါသည်။
လောနိုင်ငံသည်လည်း လူဦးရေ (၄) သန်းကျော် ရှိလေသည်။ ထိုင်နိုင်ငံ
နှစ်နိုင်ငံသည် ရှမ်းလူမျိုးများ၏ လွတ်လပ်သော နိုင်ငံဖြစ်ကြလေသည်။
ထို့အပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းရှိ ရှမ်းတိုင်းရင်းသား
(၃)သန်းကျော်တို့သည် လည်းကောင်း။ တရုတ်ပြည်အတွင်းရှိ ရှမ်းလူမျိုး
သန်းပေါင်းများစွာသည်လည်းကောင်း
ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သောသူများပင် ဖြစ်ကြသည်။ ရှမ်းလူမျိုးများသည်
ဘာသာရေးကံကြမ္မာ ကောင်းလှသဖြင့် ဘုရားရှင်၏ စစ်မှန်သော တရားတော်ကို
လိုက်နာကျင့်သုံးရသော ထေရ၀ါဒဗုဒ္ဓဘာသာဝင်များဖြစ်လာခဲ့ ခြင်းဖြစ်သည်ဟု ဆိုရမယ် ဖြစ်သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပြည်နယ်ခုနှစ်ခု ရှမ်းပြည်နယ်သည်
ဗုဒ္စဘာသာ အထွန်းကားဆုံး ပြည်နယ်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့
အုပ်စိုးစဉ်ကာလက ရှမ်းလူမျိုးများအား ခရစ်ယာန်ဘာသာဝင် ဖြစ်အောင်
နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်းသော်လည်း ရှမ်းလူမျိုးတို့သည်
ထေရ၀ါဒဗုဒ္ဓဘာသာ၏ တရားတော်ကိုသာ အားထားရာ အစစ်အမှန်အဖြစ် ခံယူကြသည်။
မဆိုစလောက်သော ရှမ်းလူမျိုး အနည်းငယ်သာလျှင်
ခရစ်ယာန်ဘာသာသို့ကူးပြောင်းသွား ကြသည်။
ဘာသာရေးနှင့်ပတ်သက်၍ ရှမ်းလူမျိုးများသည် မိမိတို့၏ ရှမ်းဘာသာများကိုသာမက
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ထင်ရှားကျော်ကြားသော မြန်မာကျမ်းပြု
ရှမ်းဆရာတော်ကြီးများလည်း ရှိခဲ့သည်။။ ၎င်းတို့အနက် အချို့မှာ -
(၁) သက္ကရာဇ် ၅၃၆ ခုနှစ်တွင် မင်းပြုသော နရပတိစည်သူ မင်းလက်ထက်
သီဟိုဠ်ကျွန်းမှ “ဆပဒမထေရ်” ပုဂံ ပြည်သို့ ကြွလာရာတွင် လိုက်ပါလာသော
အာဂန္တုရဟန်းလေးပါး အနက် တစ်ပါးမှာ ကမ္ဘောဇတိုင်း၏ ဘုရင့်သားတော်
(ရှမ်းလူမျိုး) ဖြစ်ကြောင်း။ (၂)သက္ကရာဇ် ၈၄၂ ခုနှစ်တွင်
မင်းပြုသော ဒုတိယ မင်းခေါင်လက်ထက်၌ ကျော်ဇောထင်ရှားသော “ရှင်မဟာရဌသာရ” သည်
(တိုင်း) ရှမ်းအနွယ်ဖြစ်ကြောင်း။ (၃) ကျမ်းပြုအကျော်
ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးသည်လည်း ရှမ်းလူမျိုးဖြစ်ကြောင်းကို ဆရာတော်
ဘုရားကြီး၏ ထေရုပ္ပတ္တိတွင်-“၎င်းဆရာတော်ဘုရားကြီးကို
ရွှေတောင်မြို့၊ ကျီးသဲရွာ၊ သျှမ်းတန်းကလေးရပ်၌ သက္ကရာဇ် ၁၁၇၉ ခုနှစ်
သီတင်းကျွတ်လပြည့်ကျော်ရှစ်ရက် ၊ကြာသာပတေးနေ့တွင် ဖွားမြင်တော်မှုသည်။
ခမည်းတော် မယ်တော် တို့၏အမည်တို့ကိုမသိရပေ ရှမ်းလူမျိုးတည်း”
ဟုဖော်ပြထားသည်။ (၄) မယဒေ၀လင်္ကာသစ် ကျမ်းပြုအကျော်
မန်လည်ဆရာတော်သည်လည်း ရှမ်းလူမျိုး ဖြစ်လေသည်။ သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင်
သီပေါစော်ဘွားကြီး၏ ရဟန်းခံပွဲသို့ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြွရောက်
ချီးမြောက်တော်မခဲ့သည်။ ထိုအချိန်က မန်လည်ဆရာတော် ဘုရားကြီးသည်
သီပေါစော်ဘွား ကြီးအား မိမိသည်ရှမ်းဘာသာဖြစ် ပိဋ္ဋကတ်တော်များကို ပြန်ဆိုရန်
ဆန္ဒရှိကြောင်း မိန့်ကြားခဲ့သည်ဟုဆိုသည်။ (၅) မြန်မာပြည်တွင်
လူသိများပြီး ထင်ရှားကျော်ကြားသော ရဟန်း စာဆိုတော် တစ်ပါးဖြစ်သည့်
ထီးချိုင့်တည်သောဆရာတော် ဘုရားကြီး ဘဒ္ဒန္တဒေ၀ိန္ဒသည်လည်း
ရှမ်းမျိုးနွယ်ဖြစ်သည်..။ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်ထဲမှ ကောက်နှုတ်ချက်.၊ အရှင်သုခမိန္ဒ (တန့်ယန်း)