February 2, 2013

ဟိုပုံးမြို့နောင်တောင်းဆရာတော်၏ ပညာရေးတရားပွဲ

398112_198952680246315_2044153528_nသာသနာတော်နှစ်-၂၅၅၆၊ ကောဇာနှစ်-၁၃၇၄၊
ပြာသိုလဆန်း (၁၃)ရက်၊ (24-1-2013) ကြာသပတေးနေ့
ရှမ်း/တောင်၊ နောင်တရားမြို့နယ်ခွဲ နောင်တရားကျောင်းတကာဖြစ်တဲ့ ဥာဏ်ပင်(လျဲမ်;မွူးပေ;)ရွာမှာ နှစ်စဉ် ပြုလုပ်မြဲ
စုပေါင်း သံဃာ့ဒါနဆွမ်းလောင်းအလှူပွဲကြီးကို
ကျင်းပပြုလုပ်ခဲ့ပါတယ်။

နောင်တရားမြို့ရပ်ကွက်(၁) ဈေးကုန်းက ထမင်းကျွေးမွေးဖို့တာဝန်နဲ့ ဆောင်;ယွေး၊ နောင်ယဉ်၊ ဆောင်;ပေါင်၊ တပဲုင်;မွူးရွာတွေက ရေနွေးအခါးရည်ကြမ်း ဧည့်ခံဖို့တာဝန်နဲ့
လာပြီး ကူညီပေးကြပါတယ်။ ပင့်ကျောင်းက (၁၁)ကျောင်း၊ သံဃာအပါးပေါင်း (၁၄၁)ပါးကို ဆွမ်းနဲ့ အလှူငွေများ ဆက်ကပ်လှူဒါန်းကြတယ်လို့ သိရပါတယ်။
ပွဲနေရာအနေအထားက အောင်ပန်း-လွိုင်ကော် ကားလမ်းဘေးဖြစ်သလို
အချက်အချာလည်း ကျတဲ့အတွက်
ပွဲအတော်စည်တယ်လို့ ဆိုရမှာဖြစ်တယ်။
အိုးစည်ဗုံမောင်းနဲ့ ပွဲလာဖူးဝေးပရိသတ်တွေကို
တစ်ရွာပြီးတစ်ရွာ အတန်းလိုက်
ကြိုဆိုနေတာကို မြင်ရလို့ ကြည်နူးမိသလို
ကုသိုလ်ဝင်မဏ္ဍပ်က ကုသိုလ်ပေးဝေတဲ့ အသံကလည်း
သိပ်ကို သာယာနာပျော်ဖွယ် ကောင်းလှပါတယ်။
ကုသိုလ်ဝင်ငွေ (ကုသိုလ်ဝင်းရွဉ်) ရရှိငွေပေါင်း ၁၆သိန်းလောက်
ရရှိတယ်လို့ သိရပါတယ်။
ထူးခြားတာကတော့ သည်ဆွမ်းလောင်းပွဲ တရားနာရေစက်ချ အစီအစဉ်မှာ ဟိုပုံးမြို့က နောင်တောင်းဆရာတော် ကြွရောက်ပြီး တရားချီးမြှင့်တာဖြစ်ပါတယ်။
ဆွမ်းအကျိုးအနုမောဒနာ အနည်းငယ်သာ ဟောကြားပြီး
ပညာရေးကိုသာ အဓိကထား ဟောကြားခဲ့ပါတယ်။ တရားနာပရိသတ်များ ကျေနပ်နှစ်သက်
နှစ်ထောင်းအားရဖြစ်ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခါသင့်သလို ပုံတိုပတ်စတွေနဲ့ ရယ်ရွင်စရာကိုပါ ရောစွက်ပြီး ပြောတဲ့အတွက်
ပရိသတ်များ အချိုရှာသကာတွေ့သလို
တသောသော ရယ်မောကြရပါတယ်။
တတ်လည်း တတ်နိုင်တဲ့ဆရာတော်ပါပဲ။
ဘာပဲဖြစ်ဖြစ် နောင်တောင်းဆရာတော်အနေနဲ့
သည်တရားပွဲဟာ အောင်မြင်တယ်လို့ ဆိုရမှာဖြစ်တယ်။
(နောင်တောင်းဆရာတော်အပါအ၀င် တပည့်ဦးသူရိန္ဒ၊ ဟိုပုံးမြို့က နောင်တောင်းကျောင်းဒကာနဲ့ ဆရာမများလည်း အတူလိုက်ပါလာကြတာကို တွေ့ရပါတယ်။)
တရားနာပြီးလို့ ပွဲလာပရိသတ်နဲ့ သံဃာတော်များ ပြန်ကြွပေမယ့်လည်း ထမင်းကျွေးမွေးအဖွဲ့နဲ့ ရေနွေးကြမ်းခါးရည် ဧည့်ခံအဖွဲ့တွေကတော့ ရွာရှင်ပွဲဒကာဆီက ကုသိုလ်အမျှ တောင်းခံရဦးမှာမို့လို့
ပြန်နိုင်ဦးမှာ မဟုတ်သေးပါဘူး။ ပွဲဒကာများက ကုသိုလ်အမျှ မပေးဝေမချင်း ပွဲခင်းမှာ နေကြရမှာဖြစ်တယ်။
ဘာပဲပြောပြော ကုသိုလ်အမျှ တောင်းခံခြင်းစတာတွေကို အိုးစည်ဗုံမောင်းတွေတီးပြီး ငေါဝ်းကဲတွေနဲ့ ကဲဆိုကြပါလိမ့်မယ်။ ပွဲဒကာတွေကလည်း မဏ္ဍပ်မှာသာမက အိမ်ပေါ်ထိပါ ဖိတ်ခေါ်ပြီး အလိုရှိသလို စိတ်ကြိုက် ဧည့်ခံကြဦးမှာ ဖြစ်ပါတယ်။
သန်းခေါင်ယံလွန်အချိန်ထိ ပျော်ကြပါးကြ ကကြဆိုကြဦးမှာကတော့ ကျိန်းသေနေပါတယ်။
”တမူးရလို့ တပဲလှူ တိုရှမ်းတောင်သူ တူနိုင်ရိုးလား” ဆိုရိုးနဲ့အညီ ကုသိုလ်အလှူဒါနပွဲ ဆိုငြားသော်လည်း ပအိုဝ်းရိုးရာယဉ်ကျေးမှုဓလေ့ကို အသွင်ဆောင်ရုံတင်သာမက ပညာရေးတရားပွဲလည်း
ပါဝင်နေတာမို့လို့ အကျိုးကျေးဇူးများတဲ့ပွဲ၊ ပင်ပန်းရကျိုးနပ်တဲ့ပွဲ၊ ကုသိုလ်ပါရမီဖြည့်တဲ့ပွဲလို့သာ ဆိုချင်မိပါတော့တယ်။
ရျော့ချင်း
====
ယံကလ,ညီဝင်, – - – ရျော့
ကုသိုလ်;ယို – - – — ရျော့
အွိုးနယ်ဟွေး – — – ရျော့
လွေ,ဒွိုန်းက ဖြားန၀်,ဟွေး
ကွပ်စွဉ်;မွော့
နီမွိုးသီပိုခို လို;လယ်;တ၀်းတောတောလဲဉ်း
ကုသိုလ်;နယ်နော။
သာ;ဓုနော သာ;ဓု၊ သာ;ဓုနော သာ;ဓု၊ သာ;ဓုနော သာ;ဓု။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts