February 1, 2013

လွယ်အိုင်ကျေးရွာ - လိုမ်းမွေးဘုရားပွဲတော် ထူးခြားစွာ ကျင်းပ


နောင်တရားမြို့နယ်ခွဲ၊ တီကျစ်အနောက်ဘက်၊ ပင်ခင်အုပ်စု၊ လွယ်အိုင်ကျေးရွာအနီးရှိ လိုမ်းမွေးဘုရားပွဲတော်ကို
၁၃၇၄-ခုနှစ်၊ နတ်တော်လပြည့်၊ ၂၀၁၂-ခုနှစ်၊
ဒီဇင်ဘာ (၂၈)ရက်နေ့တွင် စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

သည်ဘုရားပွဲတော်ဟာ နှစ်စဉ် နတ်တော်လပြည့်နေ့ ကျရောက်တိုင်း အစဉ်အလာမပျက် ကျင်းပလာတာ ဖြစ်ပါတယ်။
နှစ်တိုင်းလိုလို စတိတ်ရှိုးနဲ့ အကပဒေသာများ ပါဝင်ကြပါတယ်။
သည်နှစ်မှာတော့ စန္တားခမ်းက စွိုးခွိုအားရဲင်ဂီတအဖွဲ့နဲ့ အရောင်တသီးခွိုနွယ်ဂီတအဖွဲ့တို့က စတိတ်ရှိုးအဖြစ် လာရောက် သီဆိုတီးခတ်ကြတာကို တွေ့ရပါတယ်။



ဒါ့အပြင် ပင်လောင်း/နောင်တရားနယ်မှ ပအိုဝ်းရိုးရာအကပဒေသာအဖွဲ့ (၁၅)ဖွဲ့ဟာလည်း လာရောက်ကပြလို့ ပွဲတော်ဟာ ပိုပြီး မြိုင်ဆိုင်လှတယ်။ ပရိသတ်များရဲ့ နှစ်ခြိုက်အားပေးမှုကို အထူးရရှိခဲ့ပါတယ်။

ပွဲလာသူများ၊ ပွဲဈေးရောင်းသူများ၊ ဘုရားဖူးသူများဖြင့် တိုးမပေါက်လောက်အောင် ဘုရားပွဲတော်ဟာ အလွန်ပင် စည်ကားလှပါတယ်။
ပွဲလာပရိသတ်များဟာ ဆောင်းရာသီရဲ့ အအေးဒဏ်ကို အံတုပြီး ဘုရားပွဲတော်ကို လာရောက်ကြတဲ့အတွက် သည်နှစ်ဟာ အခြားသောနှစ်များထက် ထူးထူးခြားခြား ပိုပြီးပွဲစည်တယ်လို့ ဆိုကြပါတယ်။

မရောက်ဘူးသေးတဲ့ ရောင်းရင်းမိတ်ဆွေများလည်း နောက်နှစ် ဘုရားပွဲတော်ကျရင် လာရောက်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဆုတောင်းပြည့် မွေတော်ဘုရားဖြစ်တာနဲ့အညီ လိုအင်ဆန္ဒများ ပြည့်ဝစေဖို့လည်း
လာရောက်ဆုတောင်းပြီး ကုသိုလ်ယူ ဖူးမြော်နိုင်တဲ့အကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်တင်ပြလိုက်ရပါတယ်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts