February 1, 2013

ပအိုဝ်းအမျိုးသားလူငယ် ညီလာခံဖြစ်မြောက်ရေးအတွက် အစည်းအဝေးမှတ်တမ်း နောင်တောင်းပရဟိတ တပ်ဦးကျောင်း ဟိုပုံးမြို့။



အစီအစဉ်။
၁။ အစည်းအဝေးအတွက် အဖွင့်စကားပြောကြားခြင်း။
၃။ အပြန်အလှန် ဆွေးနွေးခြင်း။
၎။ ညီလာခံအတွက် အစီအစဉ်ရေးဆွဲခြင်း။
၅။ ကော်မတီများဖွဲ့စည်းခြင်း။
၆။ တာဝန်ခွဲဝေခြင်း။

၁။ တက်ရောက်သူ လူငယ်ကိုယ်စားလှယ်များ အပြန်အလှန်မိတ်ဆက်ခြင်း။
- ကရင်ပြည်နယ် ဘားအံမြို့နယ် ကိုယ်စားလှယ် (၂) ဦး။
- မွန်ပြည်နယ် သထုံမြို့နယ်ကိုယ်စားလှယ် (၂) ဦး။
- ပဲခူးတိုင်း ဇရပ်ကြီးကိုယ်စားလှယ် (၂) ဦး။
- ပဲခူးတိုင်း ရေနီမြို့နယ် ကိုယ်စားလှယ် (၂) ဦး။
- ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်တောင်းကိုယ်စားလှယ်
(၄) ဦးနှင့် သံဃာတော် (၁)ပါး။
- ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ကိုယ်စားလှယ် (၃) ဦး။
- ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ကိုယ်စားလှယ် (၂)ဦး။
- ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ကိုယ်စားလှယ် (၄) ဦး။
- ရှမ်းပြည်တောင်ပိုင်း မိုင်းပွန် ကိုယ်စားလှယ် (၁) ဦး
- ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ကိုယ်စားလှယ် (၈)ဦး။
- ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ကိုယ်စားလှယ် (၃)ဦး။
- ရှမ်းပြည်တောင်ပိုင်း နောင်တရားမြို့နယ်ကိုယ်စားလှယ်
(၃)ဦးနှင့် သံဃာတော် (၁)ပါး။

(တက်ရောက်သူကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၃၉ ဦး တက်ရောက်ခဲ့သည်။)

ဖိတ်ကြားထားသည့် ကလောမြို့နယ်၊ နမ့်စန်မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ နှင့် ကယားပြည်နယ် ကိုယ်စားလှယ်များသည် အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်းမရှိပါ။ ကျန်ရှိနေသော ဒေသများဖြစ်သည့် ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်များတွင်လည်း ဆက်သွယ်မှုအခြေအနေအရ ဖိတ်ကြားနိုင်ခြင်းမရှိသော်လည်း ညီလာခံမှာ ပူပေါင်းပါဝင်လာနိုင်ရန်အတွက် ဖိတ်ကြားသွားမည်ဖြစ်သည်။

၂။ တက်ရောက်လာသော လူငယ်ကိုယ်စားလှယ်များသည် အပြန်အလှန်ဆွေးနွေးကြရာ ညီလာခံဖြစ်မြောက်ရေး အတွက် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့သည်။

ညီလာခံလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက် (၃)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ပအိုဝ်းလူငယ်ထု တစ်ရပ်လုံး စည်းလုံးညီညွတ်မှု ရှိစေရန်။
(၂) ပအိုဝ်းလူငယ်များအားလုံး ပူးပေါင်းလုပ်ဆောင်တတ်လာစေရန်။
(၃) ပအိုဝ်းအမျိုးသားရေး လက္ခဏာများကို ဖော်ဆောင်ရန်းတို့ဖြစ်သည်။ (မှတ်ချက်/ ညီလာခံမှ ဖြစ်ပေါ်လာသော ကော်မတီအဖွဲ့မှ အနာဂါတ်လုပ်ငန်းစဉ်များ၊ အမျိုးသားရေးရာမူဝါဒများကို ချမှတ်အကောင်ထည်ဖော်သွားမည်။)

၃။ ညီလာခံဖြစ်မြောက်ရေးအတွက် အောက်ပါအစီအစဉ်များအတိုင်း ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်သွား မည်။

ညီလာခံအမည် ။ ။ ခမ်းပေါင်,စွုမ်;ပအိုဝ်;လို,ယွဲးညီ;လာ;ခံ;။
(မှတ်ချက်/ အင်္ဂလိပ်နှင့် ဗမာအသုံးအနှုန်းကို ပြန်လည်စဉ်းစား ဆုံးဖြတ်မည်ဖြစ်သည်။)

ကျင်းပမည့်နေရာ ။ ။ ပထမဦးစားပေး - မြို့တော်ခန်းမ၊ တောင်ကြီးမြို့။
ဒုတိယဦးစားပေး- မင်းကွန်းဘုန်းကြီးကျောင်း၊ တောင်ကြီးမြို့။

နေရာချထားခြင်း ။ ။ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ။

ရက်စွဲ ။ ။ ၂၀၁၃-ခုနှစ် မေလ ပထမပတ်တွင် ကျင်းပမည်။ (ရက်အတိအကျ ပြန်လည်သတ်မှတ်ရန်)

အချိန် ။ ။ နံနက် (၉း ၀၀)နာရီ မှ ညနေ (၄း ၃၀)နာရီ အထိ။

အသက်အရွယ် ။ ။ အသက် ၁၈ မှ ၄၀ အကြား။ (ခြွင်းချက် = ၄၀ မှ ၅၀ အထိ လူငယ်အတွက်တက်ကြွသည့် ပုဂ္ဂိုလ်။)

ပညာအရေအချင်း။ ။ သတ်မှတ်ထားခြင်းမရှိ။ (အမျိုးသားရေး စိတ်ဓာတ်ရှိရန်သာ အဓိကကျသည်။)

ညီလာခံကို (၆) ရက်သတ်မှတ်ပြီး အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ညီလာခံ ပထမရက် မှ တတိယရက် အစီအစဉ် = မိမိသက်ဆိုင်ရာဒေသအခြေအနေများကို ဖလှယ်ခြင်းဖြစ်သည်။

ညီလာခံ စတုတ္ထရက်မှ ပဉ္စမရက် အစီအစဉ် = မိမိဒေသအလိုက် အမျိုးသားရေးအတွက် အနည်းဆုံး အဆိုတစ်ခု နှင့် မိမိဒေသအတွက် အနည်းဆုံး အဆိုတစ်ခု တင်သွင်းသွားမည်။

ညီလာခံ ဆဋ္ဌမရက် အစီအစဉ် = တက်ရောက်သူကိုယ်စားလှယ်များမှ မိမိဒေသအလိုက် ဗဟိုကော်မတီကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်သွား မည်ဖြစ်သည်။

ဗဟိုကော်မတီအဖွဲ့တွင် ခန့်မှန်းဦးရေမှာ ၅၀ နှင့် ၁၀၀ အကြား ဖြစ်သည်။
နောက်ပိုင်းတွင် ဗဟိုကော်မတီမှတစ်ဆင့် အစည်းအဝေးများထိုင်၍ မူဝါဒများ၊ လုပ်ငန်းစဉ်များချမှတ်သွားမည်ဖြစ်ပြီး ဒေသအလိုက်ဖွဲ့စည်းခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ညီလာခံဖြစ်မြောက်ရေး ကော်မရှင်မှာ အောက်ပါအခန်းကဏ္ဍအလိုက် ခွဲခြားသတ်မှတ်၍ အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

၎။ ကော်မတီဖွဲ့စည်းခြင်း
(က)ဘဏ္ဍာထိန်း
- တောင်ကြီးပွဲစားတစ်ယောက်ယောက်ကို လွှဲရန်။
(ခ) စာရင်းကိုင်
- စီမံခန့်ခွဲ ရေးအဖွဲ့တွင် ရွေးရန်။
(ဂ) စာရင်းစစ်
- စီမံခန့်ခွဲ ရေးအဖွဲ့တစ်ခုလုံး။

(ဃ) စီမံခန့်ခွဲရေး အဖွဲ့

- နန်းယဉ်ယဉ်စိုး
- ခွန်ကျော်ဋ္ဌေးလွင်
- နန်းသဇင်ကြည်
- ခွန်ရဲသွေး
- ခွန်ကျော်ဆွေ
- ခွန်သန်းအောင်
- ခွန်စိုးမြင့်ထွန်း
- ခွန်မောင်ကောက်
- ခွန်ဗိုလ်ကျော်
- ခွန်ဟန်ဇော်
- ခွန်အောင်မျိုးထွန်း
- နန်းသန်းအေး
- ခွန်ဝင်းအောင်
- နန်းနွေနှောင်း
- နန်းခမ်းထည်
- ခွန်ခမ်းကောင်
- ခွန်ထွန်းဝင်း
- ခွန်မောင်ညွန့်
- ခွန်သက်လွင်
- ခွန်မောင်ခီ


၅။ တာဝန်ခွဲဝေခြင်း။

(က) ဧည့်ခံကြိုဆိုရေးအဖွဲ့


- ခွန်စိုးမြင့်ထွန်း
- ခွန်ကျော်နီ
- ခွန်လှကျော်
- ခွန်မောင်ပေး
- ခွန်ဗိုလ်ကျော်
- ခွန်ကံကောင်း
- ခွန်စိုးသူဝင်း
- ခွန်ကျော်နိုင်
- ခွန်မောင်ညွန့်
- ခွန်မောင်ခီ
- နန်းနွေနှောင်း
- နန်းခမ်းထည်
- ခွန်အောင်သိန်း

(ခ) ပြန်ကြားရေးနှင့် ဆက်သွယ်ရေးအဖွဲ့
- ခွန်ခမ်းကောင်
- ခွန်သန်းအောင်
- ခွန်ရဲသွေး
- ခွန်ဝင်းအောင်
- ခွန်နေမျိုးထွဋ်
- ခွန်တေဇာအောင်
- နန်းသန်းအေး
- ခွန်ဇော်ဟိုက်
- ခွန်ကျော်ဆွေ
- ခွန်နောင်းဝေး

(ဂ) အခန်းပြင်ဆင်ခြင်း
- ခွန်အောင်မျိုးထွန်း
- ခွန်ဟန်ဇော်
- ခွန်သက်လွင်
- ခွန်သန်းရွှေ
- နန်းယဉ်ယဉ်စိုး
- ခွန်ထွန်းမြင့်
- ခွန်မောင်ပြုံး
- ခွန်သန်းနိုင်ထူး
- ခွန်ပန်းစိန်
- ခွန်ကျော်ဋ္ဌေးလွင်




ညီလာခံကို တက်ရောက်ရန်အတွက် ဖိတ်ကြားမည့် ဒေသအလိုက်လူငယ်ကိုယ်စားလှယ်များစာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ မွန်ပြည်နယ် (၁၅ ယောက်)
၂။ ကရင်ပြည်နယ် (၁၅ ယောက်)
၃။ ခရစ်ယာန်အသင်းတော် (၁၀ ယောက်)
၎။ ပဲခူးတိုင်း (၄ မြို့နယ်) (၂၀ ယောက်)
၅။ ပင်လုံမြို့နယ် (၄၅ ယောက်)
၆။ လွိုင်လင်၊ မိုင်းပွန်၊ နမ့်စန် (၂၀ ယောက်)
၇။ ဟိုပုံးမြို့နယ် (၁၀၀ ယောက်)
၈။ တောင်ကီခ၀်ထင် (၃၀ ယောက်)
၉။ တောင်ကီခ၀်န၀် (၅၀ ယောက်)
၁၀။ တောင်ကီဝေင်ကို (၂၀ ယောက်)
၁၁။ ရပ်စောက်မြို့နယ် (၂၀ ယောက်)
၁၃။ ကလောမြို့နယ် (၁၀၀ ယောက်)
၁၄။ ပင်လောင်၊ နောင်တရားမြို့(၁၀၀ ယောက်)
၁၅။ ဖဲုင်ခွန် (၂၀ ယောက်)
၁၆။ လွိုင်ကော် (၃၀ ယောက်)
၁၇။ ဆီဆိုင်မြို့နယ် (၅၀ ယောက်)
၁၈။ ညောင်ရွှေ (၂၀ ယောက်)
၁၉။ ဟိုနမ်း (၁၀ ယောက်)

စုစုပေါင်း (၆၈၀ ယောက်)ဖြစ်သည်။ ကော်မရှင်အပါအဝင် စုစုပေါင်း ၇၅၀ ခန့်မှန်းထားသည်။

ဆက်လက်ဖော်ပြသွားပါမည်...........

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts