February 25, 2013

စားကြပါဦးလား ပအိုဝ်းယာဂု (သို့မဟုတ်) မသိုးယာဂု

============================

တပို့တွဲလပြည့်နေ့ဆိုတော့ ပအိုဝ်းထုံးစံအတိုင်းပါပဲ 
ယာဂုတွေ အပြိုင်အဆိုင် ချက်လုပ်ကြတယ်။
 ပြီးရင် ဘုန်းကြီးကျောင်းနဲ့ လူကြီးသူမတွေကိုလည်း လှူကြ 
အိမ်နီးနားချင်းနဲ့ ကလေးတွေကိုလည်း ကျွေးကြမွေးကြနဲ့
 တော်တော်ကို ပျော်စရာ ကောင်းလှပါတယ်။ 

ကိုယ့်အိမ်က အဖိုးကြီး အဖွားကြီးကလည်း ရှိတော့ 
ဟိုက ယာဂုလာပို့လိုက်၊ ဒီက ယာဂုလာပို့လိုက်နဲ့ 
အိမ်မှာ ယာဂုတွေ တော်တော်လေးကို များသွားတယ်။ 
ကုသိုလ်ရအောင် အိမ်ကလည်းစား ကျန်တဲ့သူတွေကိုလည်း 
ထပ်ပြီး ဝေငှရပြန်တယ်။ 

အထူးသဖြင့်  လိုင်းပေါ်က သူငယ်ချင်းတွေပါမကျန်
ခုလို ကျွေးရမွေးရပြန်တော့ အတိုင်းထက်အလွန် ပီတိ ဖြစ်မိတယ်။
သည်ယာဂုမျိုးဟာ တော်တော်နဲ့ မပျက်ပါဘူး၊ မသိုးယာဂုဆိုပါတော့။ 

ဒါကြောင့်မို့လို့ တပို့တွဲလပြည့်နေ့မှာ
 သူငယ်ချင်းများကို သတိတရနဲ့ ပအိုဝ်းရိုးရာယာဂုလေးကို
တည်ခင်းဧည့်ခံလိုက်ရပါတယ်။

ခွန်ခမ်းကူ (၂၅-၂-၂၀၁၃)

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts