February 17, 2013

ဆီဆိုင်မြို့တွင် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုနေ့ပွဲတော်ကျင်းပ


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုင်းရင်းသားပေါင်းစုံပါဝင်သည့် (၆၆) နှစ်မြှောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခန်းအနားတရပ်ကို ၁၂၊ ၂၊ ၂၀၁၃ ခုနှစ်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါသည်။

ယင်းပြည်ထောင်စုနေ့အခန်းအနားမှာ တိုင်းရင်းသားရိုးရာ အကပဒေသာများ ဖျော်ဖြေတင်ဆက်ကပြခြင်း၊ အားကစားမျိုးစုံပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းနှင့် ပြိုင်ပွဲတွင် အနိုင်ရရှိသည့်သူများကို ဆုလဒ်များချီးမြင့်ပေးအပ်ခြင်း စသည့်အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

ပွဲတော်သည် စည်းလုံးညီညွတ်စွာနှင့် ပြည်ထောင်စု စိတ်ဓာတ်အပြည့်ဖြင့် ဒေသခံအတွင်းရှိ ဌာနေတိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်သည့် ပြည်ထောင်စုနေ့ပွဲတော် ဖြစ်ကြောင်း အခန်းအနားတက်ရောက်လာသူ လီရှော့တိုင်းရင်းသူတစ်ဦးမှ ပြောခဲ့သည်။

"တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲကို ကျနော်တို့ မတွေ့ရတာ နှစ်ပေါင်းအတော်ကြာပါပြီ၊ အခုလို ပြန်လည်ကျင်းပခွင့်ရတဲ့အတွက် အထူးပဲ ၀မ်းသာဂုဏ်ယူမိတယ်"
ဟု ဆီဆိုင်မြို့နေ ပအိုဝ်းတိုင်းရင်းသားလူငယ်တစ်ဦးဖြစ်သည့် ခွန်ဘောဒီထွန်းမှ ပြောခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ပအိုဝ်းတိုင်းရင်းသားများ အများစုနေထိုင်သည့် မြို့လေးတစ်မြို့ဖြစ်ပြီး ရှမ်း၊ တောင်ရိုး၊ ဓနု၊ ကယန်း (ပဒေါင်)၊ ကရင်နီ၊ ဗမာ၊ ကရင်၊ လီရှော်၊ အင်းသား စသည့် အခြားသော တိုင်းရင်းသားပေါင်းစုံများနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ စုပေါင်းနေထိုင်ကြကြောင်း သိရပါသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts