February 2, 2013

သစ်ပင်မဲ=ညောင်စဉ်ကျေးရွာ ကျေးလမ်းမြေသားလမ်း ချဲ့ထွင်

tyuiol.
အထူးဒေသ(၆)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့နယ်ခွဲ ဒေသဦးစီး(PNO)တို့ရဲ့ စီမံချက်အရ
မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး
သစ်ပင်မဲ= မြင်းမထိ= မင်းသောင်း= ညောင်စင်ကျေးရွာအထိ ကျေးလက်ဒေသလမ်းကို နဂိုလမ်းကြောအတိုင်း ကျယ်အောင် ပြန်ပြီးချဲ့ထွင်နေတာ ဖြစ်ပါတယ်။
ခရီးအရှည်က (၆)မိုင်ခွဲခန့်ရှိပြီး၊ အဆင်ပြေရင် ပေါယာ၊ လုံးဖိုးကျေးရွာအထိ ထပ်ချဲ့ထွင်သွားမယ်လို့ သိရပါတယ်။
မြေသားလမ်းကနေ ကျောက်ခင်းလမ်း ကတ္တရာလမ်းစသဖြင့် အဆင့်ဆင့် ဆောင်ရွက်သွားမယ်လို့ တာဝန်ခံလူကြီးတွေက ပြောပါတယ်။

လမ်းချဲ့ထွင်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားဘူဒိုဇာတွေကိုတော့ တီကျစ်မြို့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း ဧဒင်ကုမ္ပဏီကနေ ငွေကြေးနဲ့ ငှါးရမ်းအသုံးပြုစေတာ ဖြစ်ပါတယ်။
အခုလို ပွင့်လင်းရာသီမှာ မော်တော်ယာဉ်သုံးစီးစာ တပြိုင်နက်သွားလို့ရအောင် အကျယ်လမ်းချဲ့ထွင်ပေးတဲ့အတွက် ဒေသခံတောင်သူများက ၀မ်းသာအားရ ကျေနပ်ကြတယ်လို့ သိရပါတယ်။
အာလူးထွက်ရှိတဲ့အချိန်မှာ အာလူးကားများ လွယ်လင့်တကူ သွားလာနိုင်ပြီး၊ ကျန်တဲ့ ကား/ဆိုင်ကယ်များလည်း ချောင်ချောင်ချိချိ မောင်းနှင်းနိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့ သည်လမ်းချဲ့ထွင်ရေးလုပ်ငန်းဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး(PNO)တို့အနေနဲ့ မလုပ်မနေရ လုပ်ရမည့် ဒေသဖွံ့ဖြိုးရေးအတွက် တစိတ်တဒေသသာ ဖြစ်ပါတယ်။
ရှေ့ဆက်လက်ပြီး ပြည်သူလူထုအတွက် အလုပ်အကျွေးပြု ပေးဆပ်ရမယ့် လုပ်ငန်းဝန်တာတွေ အများကြီး ရှိနေပါသေးတယ်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts