February 17, 2013

တယ်လီဖုန်းကိုင်တွယ်ခြင်း
   တယ်လီဖုန်းကိုင်တွယ်ခြင်း။ မိမိတို့အားလုံး ရိုင်းစိုင်းသော ညံ့ဖျင်းသောတယ်လီဖုန်းကိုင်တွယ်သူများ
ကြောင့်စိတ်မကျေမချမ်းဖြစ်မှုများနှင့်ကြုံတွေ့ဖူးကြပေလိမ့်မည်။ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအားလုံး တယ်လီဖုန်းကို မည်သည့်မည်ပုံ ကျွမ်းကျင်စွာ ကိုင်တွယ်ရမည်ကို သိထားရန် အလွန်အရေးကြီးသည်။
 တယ်လီဖုန်းကိုင်တွယ်ခြင်းသည် သင့်ရုံးထံအလည်လာသာဧည့်သည်များကို ကိုတွယ်သကဲသို့ပင်လုပ်
ဆောင်သင့်သည်။ ယဉ်ကျေးသိမ်မွေ့သော စွာနှင့် အကူအညီပေးခြင်းဖြစ်ပါစေ။ လျင်မြန်စွာတုံ့ပြန်မှုပေး
ပါ။ အကယ်၍ တစ်ဦးဦးမအားလပ်ပါက သတင်းအချက်အလက်ယူထားပါ။ လူများကို အချိန်ကြာမြင့်စွာ
စောင့်ဆိုင်းနေခြင်းမဖြစ်ပါစေနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် ၎င်းတို့၏အချိန်နှင့် ငွေဖြုန်းတီးရာရောက်ပေ
သည်။

ဖုန်းတွင်အဖြေပေးချိန်ပြောရမည့်အရာများ
 ဖုန်းပြန်ဖြေရန် အကောင်းဆုံးနည်းလမ်းမှာ- (--------အမည်။အမိန့်ရှိပါ။ဘာအကူအညီပေးရမလဲ)
 အကယ်၍ တစ်ဦးဦးအားပြောဆိုစေလိုပါက (ခဏကိုင်ထားပါ။ သူ့ကိုဆက်ပေးပါ့မယ်)
 အကယ်၍ လိုင်းမအားပါက (သူမအားသေးပါဘူး ။ဘာအကြောင်းကြားပေးရမလဲ)
 ဒါမှမဟုတ်ရင် နောက်မှပြန်ဆက်မဲ့အကြောင်းသူလာရင်ပြောပေးရမလား
ဖုန်းတွင်အဖြေပေးချိန်လိုက်နာရမည့်အရာများ
   အမြဲယဉ်းကျေးသိမ်မွေ့ ကြိုဆိုပါ။
  သင့်အဖြေတတ်နိုင်သမျှအတိုချုံးဖြစ်ပါစေ။ သို့သော် ရိုင်းစိုင်းကြမ်းတမ်းခြင်းနှင့် အလျင်စလိုမဖြစ်စေရ။
  သင့်ဖုန်းစနစ်ကို မည်ကဲ့သို့အသုံးပြုရမည်ကို သေချာစွာနားလည်အောင်လုပ်ပါ။
  ဖုန်းခေါ်သံသုံးကြိမ်ထက်မပိုပါစေနှင့် ထိုထက်ပိုခြင်းသည် သင်မအားခြင်း(သို့) သင်ဖုန်းအနီးတွင်
  မရှိကြောင်းခံစားမိစေလိမ့်မည်။
ဖုန်းတွင်အဖြေပေးခြင်းအတွက်အကြုံပြုချက်များ
-စုစည်းမှုမရှိပါစေ။ မှတ်တမ်းစာအုပ် ၊မှတ်စုကပ်ပြား၊ ဘောပင် ခဲတံစသဖြင့် အဆင့်သင့်ရှိပါစေ။သူတို့
 သည်။ သင့်လုပ်ငန်းကိုနိုးဆွပေးသည်ကိုသိပါ။ အကယ်၍မေးခွန်များသည် တစ်ခုတည်းကိုသာမေးနေပါ
ကသင့်ထဲ့တွင် အချက်အလက်အားလုံးရှိထားသင့်သည်။
-အဖွဲ့အစည်းတစ်ခုတွင်ဆုံးဖြတ်ချက်ချထားပါ ဖုန်းဆက်လာသူမည်သူဖြစ်သအည့်အကြောင်းကိုမေးရန်လို
မလို၊ (ဘယ်သူစကားပြောနေတယ်လို့ပြောပေးရမလဲ) စသဖြင့်၊ အချို့သောအဖွဲ့အစည်းများတွင်ထိုသို့
မေးခြင်းအားဖြင့် ပြဿနာဖြစ်စေတတ်သည်။
-အကယ်၍ ဖုန်းဆက်လာသူအား စစ်ဆေးမေးမြန်းခြင်း သည်ပြဿနာဖြစ်သင့်ပေ။
-ဖုန်းဆက်လာသူအား သင်ဘာအကူအညီပေးရမည်ကိုမေးပါ။ သေချာစွာဂရုတစိုက်နားထောင်နေသည့် အကြောင်းဖုန်းဆက်နေသူသိအောင်လုပ်ပါ။ သင်တစ်ဦးဦးဖုန်းပြောနေခြင်းကို နားထောင်မှု ပေးနေသည့် အချိန်ကြားဖြတ် အနှောင့်အယှက်ဖြစ်စေခြင်းများကို ရှောင်ကျဉ်ပါ။
-ဖုန်းလွဲပြောင်းပေးသည့်အချိန် ဖုန်းခေါ်သူကြာရှည်စွာစောင့်ဆိုင်းရခြင်းမဖြစ်ပါစေနှင့်။ ဖုန်းလွဲပြောင်းပေး မည့်သူမအားလပ်ပါက ဖုန်းခေါ်သူအား မိမိသတင်းအချက်အလက်ယူထားရန် လိုမလိုနှင့် ထိုသူမှရည်ညွန်း သူထံ အချက်အလက်များကို သေချာစွာပေးပို့မည့်အကြောင်းပြောပြပါ။
-သတင်းအချက်အလက်မှတ်သားပါက သင်မှတ်သားသည့်အချက်အလက်မှန်ကန်ခြင်းရှိမရှိ ဆက်သွယ်သူ အားသေချာစွာ ပြန်လည်ဖတ်ပြပါ။ အထူးသဖြင့် ဖုန်းနံပါတ်များ၊ ဖုန်းဆက်သူအား ကျေးဇူးတင်စကား
ပြောပါ။ ဖုန်းကိုဆောင့်အောင့်၍ မချပါနှင့်။ ဖုံးပိတ်သံမကြမ်းတမ်းပါနှင့်။
-သတင်းအချက်အလက်စီးဆင်းမှုနှင့်မှန်ကန်စေရန် စနစ်တစ်ခုချမှတ်ထားပါ။ အကယ်၍ သတင်းအချက်အလက်များ ဆက်လက်စီးဆင်းမှုမရှိဘဲ အရေးကြီးကိစ္စရပ်ဖြစ်သကဲသို့ ဆက်သွယ်သူမှ
ထပ်မံဆက်သွယ်လာပါက သေချာစွာရှင်းပြ၍ သင့်အနေဖြင့် မည်မည့်နည်းလမ်းများဖြင့် အကူအညီပေးရန်
လိုအပ်ကြောင်း မေးပါ။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts