December 15, 2012

ငါတို့သည်------?



- ကိုင်းခက်မရှိ
လေထိမယိုင်
သက်မဲ့ကျောက်တိုင် တို့မဟုတ်။

- အဆိပ်ဖယ်ရှား
စွယ်များရိုက်ချိုး
မျက်လှည့်မြွေမျိုး တို့မဟုတ်။

- လိပ်ပြာမ၀ဲ
ပျားလဲမနား
ကော်ပန်းလိုများ တို့မဟုတ်။

- တောင်ပံဖျံ့ချီ
တေးတီမကျူး
ချိုကူးငှက်ရုပ် တို့မဟုတ်။

- ရေလှိုင်းမထန်
လှိုင်းမာန်မသွင်း
ကန်တွင်းရေပြင် တို့မဟုတ်။

ခွန်ပန်းအောင်-သပက(နတ)

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts