December 9, 2012

ဒီဇင်ဘာရောက်မှာ ကြောက်နေသူများ၏ ရင်ဖွင့်စကား

အဖြစ်ကအတော်ဆိုးပါတယ်။ ရှမ်းပြည်နယ်ထဲက ဒေသခံတွေအပေါ် ရှမ်းပြည်တပ်မတော်ကပေးတဲ့ ဒုက္ခ အဖုံဖုံဟာ ရင်နဲ့မဆန့်လောက်အောင်ပါပဲ။ ကျွန်တော်တို့ပြည်နယ်ထဲက ယွက်ဆစ်ခေါင်းဆောင်တဲ့ အကြီး စား သူပုန်အဖွဲ့ RCSS/SSA အကြောင်း တစေ့တစောင်းနားထောင်ကြည့်ကြပါ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့တာ၊ ငြိမ်းချမ်းရေးကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရေးဆိုပြီး လေသံပစ်နေတာ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေလုပ်မယ်ဆိုပြီး သတင်းလွှင့်နေတာတွေဟာ တစ်ကယ်တော့ လူကြားကောင်းအောင် သက်သက်ပါ။ အပေါ်ယံရွှေမှုန်ကြဲထားတာကိုသာကြည့်ပြီး ကျီးအာသီးလို အတွင်း ထဲက မည်းညစ်ပုတ်ပွနေတာကို မမြင်ကြမှာစိုးလို့၊ မျက်နှာပေါ်ကသနပ်ခါးတင်မက ပေါင်ကြား ကသေးကြောင်း ကိုပါမြင်နိုင်ဖို့ ရေးသားရပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့ဟာ ရှမ်းနှစ်သစ်ကူးပွဲတော်နေ့၊ တစ်နည်းအားဖြင့် ရှမ်းလူမျိုးအားလုံးနဲ့ ဆိုင်တဲ့ နေ့တစ်နေ့ပါ။ ဒီနေ့ကိုအားလုံးက ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းရလိမ့်မယ်လို့ တွေးထင်ထား ကြပါတယ်။ နှစ်သစ်ကူးနေ့ မင်္ဂလာရှိမှသာ နှစ်တစ်နှစ်ရဲ့ကာလရှည်တစ်ခုဟာ မင်္ဂလာတွေနဲ့ပြည့်ဝတော့ မှာပေါ့ဗျာ။ ရှမ်းနှစ်သစ်ကူး ပွဲတော်ကိုအမိအရအသုံးချပြီး လူသစ်စုဖို့ကြိုးစားနေတာက ကျွန်တော်တို့ရဲ့ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) ခေါင်းဆောင်ကြီး အကြံပက်စက်တဲ့ယွက်ဆစ်ပါ။
ရှမ်းပြည်နယ်တစ်ခွင် လက်လှမ်းမှီသမျှ ရွာကြီး/ရွာငယ်/ဇနပုဒ်/တဲစုမကျန် လွယ်တိုင်းလျှံရဲ့ ရှမ်းနှစ်သစ်ကူး ပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားပါတယ်ဆိုပြီး လေသံချိုချိုလေးနဲ့ ယွက်ဆစ်ကပြောပါတယ်။ ဒါပေမယ့် သူအောက်က တပည့်တွေကတော့ ကိုယ့်ခြေထောက်ကိုယ်မနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေး သူငယ်တွေ၊ အိပ်ယာထဲ လဲနေသူတွေကလွဲပြီး ကျန်တဲ့ရွာသားအားလုံးကို ကြိုးတုတ်၊ ဂုတ်ဆွဲပြီး လွယ်တိုင်းလျှံပွဲ ကို ဆွဲခေါ်နေကြတယ်။ တစ်ချို့ဆို သေနတ်နဲ့ထောက်ပြီး တရားခံဖမ်းသလိုခေါ်ကြတယ်။ ခေါ်မှာပေါ့ဗျာ။ သူတို့ရဲ့ ခေါင်းဆောင်ကြီးက တစ်အိမ်တစ်ယောက်မဖြစ်မနေခေါ်ရမယ်လို့ လက်သိပ်ထိုး ညွှန်ကြားထားတာကိုး။
စည်ကားသိုက်မြိုက်စွာ ကျင်းပပါမယ်ဆိုတဲ့ပွဲကြီးကို ရွာသားတွေ ဘာကြောင့်ငြင်းရသလဲ..? အကြောင်းရှိလို့ ပေါ့ဗျာ။ ပါးစပ်ကြီးဖြဲပြီး အသားမစားတော့ပါဘူးလို့ပြောနေပေမယ့် သွားကြားထဲမှာအသားစတွေက တိုးလို့တန်းလန်း၊ ဘေးနားမှာလဲ အပုပ်နံ့ထွက်နေတဲ့ အရိုးပုံကြီးနဲ့ဆိုတော့ ဘယ်သူကယုံရဲတော့မလဲဗျာ။ လွယ်တိုင်းလျှံကို လာဖို့ဖိတ်တာ အကောင်းမထင်နဲ့ဗျို့၊ အိမ်ကြက်တွေလို ခြံစည်းရိုးထဲချော့သွင်းပြီးမှ ရိုက်သတ်မလို့ဗျ။ လွယ်တိုင်းလျှံ ရောက်ရင် တက်ချင်ချင် မတက်ချင်ချင်သင်တန်းပေးမယ်၊ ပြီးရင် လုပ်ချင်ချင် မလုပ်ချင်ချင် RCSS အတွက် စစ်သားလုပ်ရမယ်။ ရွာကိုပြန်ဖို့တော့မတွေးနဲ့တော့။ ရွာကနေ လွယ်တိုင်းလျှံကိုလာကတည်းက အသွားလမ်းပဲ ရှိတယ်။ အပြန်လမ်းမရှိဘူး။ နောက်ဆုံး သေနတ် မကိုင်နိုင်ရင်တောင် စိုက်ပျိုး/မွေးမြူရေးတော့ အနိမ့်ဆုံးလုပ်ရမယ်။ စိုက်ပျိုးရေးဆိုတာက ဘိန်းစိုက်ရမယ်။ မွေးမြူရေးဆိုတာက မိန်းမတွေကလေးမွေးရမယ်။ ဒါရှမ်းပြည်တပ်မတော် အတွက် တော်လှန်ရေးရန်ပုံငွေ ရရှိရေး၊ အင်အားတောင့်တင်းရေးပဲဖြစ်တယ်။ ဒါကြောင့် ရှမ်းတိုင်းရင်းသားများရဲ့ နှစ်သစ်ကူးပွဲတော်ဟာ ရှမ်းပြည်တပ်မတော် RCSS အတွက်တော့ လူဖမ်းပွဲတော်ကြီးပေါ့ဗျာ။ ရှမ်းပြည်ထူထောင်ရေး ကောင်စီဆိုပြီး စကားလုံးထွားထွားအမည်ပေးထားလို့ အထင်မကြီးပါနဲ့။ တကယ်တမ်းတော့ ဘိန်းစိုက်၊ ဓါးပြ တိုက် ဆက်ကြေးကောက်စားတဲ့ ဓားပြများအစုအဖွဲ့သာဖြစ်ပါတယ်။
အစိုးရနဲ့ သူတို့တွေ့ဆုံဆွေးနွေးပြီးပြီ။ အပစ်အခတ်ရပ်စဲရေးဆိုပြီး လက်မှတ်လဲထိုးပြီးပြီ။ လက်မှတ်ထိုးတုန်း ကဆို ရှမ်းပြည်နယ်ကြီးငြိမ်းချမ်းတော့မယ်ဆိုပြီး ကျွန်တော်တို့တတွေ သိပ်ပျော်ခဲ့ရတယ်။ စိတ်ကူး ယဉ်ခဲ့ မိတာ ကျွန်တော်တို့အမှားပါ။ တစ်ကယ်ဆို ကျွန်တော်တို့ ပြန်စဉ်းစားသင့်ပါတယ်။ ယွက်ဆစ်ဟာ တစ်ချိန် က အခုလိုပဲ အမှောင်ထုထဲကနေ အလင်းရောင်ထဲကိုရောက်လာခဲ့ဖူးတယ်။ ၂ ရက် ၃ ရက်ပဲခံလိုက်ပါ တယ်။ အစိုးရရဲ့ ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီး အမှောင်ထဲပြန်ဝင်သွားခဲ့တယ်။ သိတဲ့လူတွေလည်း သိမယ်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ပန်ဆေတောက်ဆိုတဲ့ အလင်းထဲကရွာလေးကို ရောက်ခဲ့ ပြီးတော့မှ ပိန်းလုံကမိသားစုတွေ ပြန်ခေါ်ပါရစေဆိုပြီး ခွင့်တောင်းသွားလိုက်တာ ၁၆ နှစ်လောက် ကြာသွား ပါတယ်။ ချီးထဲကလောက် ချီးထဲမှာပဲ ပျော်တယ်ဆိုတာ ဒါမျိုးပေါ့ဗျာ။ ခြံခုန်ဖူးတဲ့ ယွက်ဆစ်ဟာ အမှောင်ကိုကြိုက်တဲ့ ဝံပုလွေတို့၊ မြေခွေးတို့နဲ့တူတယ်။ အမှောင်ထဲမှာနေလာတာကြာတော့ အလင်းရောင် ကိုကြောက်တယ်။ အလင်းရောင်နဲ့ယွက်ဆစ်ကဓာတ်မတည့်ဘူး။ နေ့ဆိုအိပ်ပြီး ညဆိုအစာရှာတဲ့ ဇီးကွက်လိုကောင်စားမျိုး။ ဒါကြောင့်အခုလဲ ရှေ့မှာသာလက်မှတ်ထိုးထားတာ။ နောက်မှာလူတွေစုတယ်။ လက်နက်ခဲယမ်းတွေဝယ်တယ်။ စစ်သင်တန်းတွေပေးတယ်။ တစ်ကယ်တော့ ယွက်ဆစ်ဟာ ရှမ်းပြည်နယ် ကို အာဏာရှင်ဆန်ဆန် မင်းမူချင်တယ်။ ဟစ်တလာလိုပေါ့ဗျာ။ ဒါသူ့ရဲ့ရည်မှန်းချက်ပဲ။ ဒီလို မဖြစ်နိုင်တဲ့ အိပ်မက်ထဲမှာ ကျွန်တော်တို့ရှမ်းပြည်နယ်ကလူတွေ ဓားစာခံဖြစ်နေရတယ်။ ဒါကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ ဒုတိယအကြိမ် အလိမ်အညာမခံရစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
ရိက္ခာနဲ့လစာမပေးဘဲ လူသစ်တွေချည်းခွစုနေတော့ အဲဒီလူသစ်တွေအတွက် ရိက္ခာနဲ့လစာကို ကျွန်တော် တို့ ပြည်သူတွေကပေးနေရတယ်။ သဒ္ဓါလို့စွန့်ကြဲရင် အလှူလို့ခေါ်တယ်။ မသဒ္ဓါပဲပေးရတော့ ဆက်ကြေးပေါ့ဗျာ။ ချွေးနဲစာဆန်ကို RCSS ကကောင်တွေ အပင်းဆို့ဖို့ပေးရတယ်။ စပါးကျီအောက်မှာ တွင်းတူးပြီးမြှုပ်ထားတဲ့ ၅၀၀၀ တန် ၁၀ ရွက်နဲ့ တစ်လုံးတည်းသောသေတ္တာထဲမှာကပ်ထားတဲ့ ၁၀၀၀ တန် ၁ အုပ်တို့က တစ်ဦးတည်းသော ကျွန်တော့်သားလေး ရှမ်းပြည်တပ်မတော်စစ်သားမဖြစ်ဖို့ အကာအကွယ်ပေးလိုက်တယ်။ ဆင်တို့၊ ခြင်္သေ့တို့ ကယ်ပေလို့သာပေါ့ဗျာ။ ဒါတောင် ဗိုလ်ကြီး ဆိုင်ဝမ်က ဘာပြောသွားသေးလဲဆိုတော့။ “ ခင်ဗျားကိုသနားလို့ တစ်သိန်းခွဲနဲ့ ကျေနပ်လိုက်ရတာ ” တဲ့ဗျာ။
မြေခွေးနဲ့ဝံပုလွေစပ်ကျပြီး ဇီးကွက်နဲ့အမျိုးမကင်းသူ ယွက်ဆစ်ပါးစပ်ကပြောတဲ့ ငြိမ်းချမ်းရေးဆိုတာကို ဦးအောင်မင်းတို့မယုံစေချင်ဘူး။ ယုံသင့်/မယုံသင့် ရှမ်းပြည်နယ်ထဲလာကြည့်ကြပါ။ နောက်တစ်မျိုး အကြံထုတ်တာက မူးယစ်ဆေးဝါးပပျောက်ရေးဆိုပဲဗျ။ ဘိန်းခင်းထဲကနေပြောတဲ့ သူ့စကားက ဘာနဲ့တူလဲ ဆိုတော့ အရက်သောက်ရင်း အမျှဝေနေတဲ့လူလိုပါပဲ။ မြင်ယောင်ကြည့်လိုက်ကြပါ။
ရှမ်းပြည်နယ်ထဲမှာ ဆက်ကြေးကောက်စားတဲ့ ယွက်ဆစ်ကို ခိုင်ဖုန်းတရားရုံးမှာ အမှုစစ်သလိုစစ်မယ် ဆိုလည်းစစ်နိုင်ပါတယ်။ သက်သေရှိပါသလားဆိုတဲ့အဖြေအတွက် ရှမ်းပြည်သူတွေဘက်က သက်သေ အပြည့်အဝ ရှိပါတယ်။ စာသက်သေတွေပေါ့ဗျာ။ UN ကိုလည်းပို့ပြီးတိုင်မယ်။  လူ့အခွင့်အရေး ကော်မရှင် ကိုလည်းပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီလည်းပို့မယ်။ လောလောဆယ် အင်တာနက်ပရိတ်သတ်ကြီး အတွက် အများသူငါသိစေဖို့ ရွာသားတွေဆီကသက်သေတွေကို မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားတွေအတွက် RCSS/SSA အဖွဲ့ဟာ ခါးသီးလွန်းလှတဲ့ ဒုက္ခတွေ တစ်လှေ ကြီး ပေးနေတဲ့အဖွဲ့ပါဗျာ။ ယွက်ဆစ်ဟာ လတ်တလောအသက်ရှူချောင်အောင် အစိုးရနဲ့ အပစ်ရပ်ထား ပါတယ်။ ဒီအချိန်ဟာ သူ့အတွက်အခွင့်ကောင်းပါပဲ။ လူတွေကြုံးရုံးစုပြီး ဥာဏ်နီဥာဏ်နက်တွေ ဆင်နေ ပါတယ်။ ဝံပုလွေအတွေး၊ မြေခွေးအကြံ၊ ကုလားဖန်များစွာနဲ့ ဟန်ဆောင်ကောင်းလှပါပေတယ်။ ဒါပေမယ့် ယွက်ဆစ်ဟာ ပုဆိုးအပေါက်ကိုသာ ဖုံးပြီးဝတ်လို့ရချင်ရမယ်၊ မွေးရာပါအမြီးကောက်ကိုတော့ လုံအောင်ဖုံးမထားနိုင်ရှာပါဘူး။ ကျည်တောက်ချွတ်လိုက်တိုင်း ပြန်ပြန်ကောက်သွားတတ်တဲ့အမြီးက သူ့ရဲ့အမှတ်သင်္ကေတ မဟုတ်လားဗျာ။ ရှမ်းပြည်သူတွေရဲ့ မသဒ္ဓါရေစာစားပြီး ထမင်းရှင်တွေကို ဒုက္ခပေးနေတဲ့ ယွက်ဆစ်၊ နှစ်သစ်ကူးသွားပေမယ့် ဥာဏ်နီဥာဏ်နက်တွေကို နှစ်သစ်အထိ သယ်သွားမယ့် ယွက်ဆစ်၊ သက္ကရာဇ်တစ်ခုအတိုးမှာ ရိုးသားစိတ်မမွေးနိုင် သေးဘူးဆိုရင်ဖြင့် တစ်မျိုးသားလုံးရဲ့ ရန်သူအဖြစ်သာ သတ်မှတ်ရတော့မှာဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်…။
                                                                                            စိုင်းခမ်းပေါင်း


ဘာသာပြန်စာ

ဘာသာပြန်စာ

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts