December 20, 2012

ဂျက်ကီချမ်း သရုပ်ဆောင်တဲ့ Chinese Zodiac ရုပ်ရှင်စက်ကားကြီး ထိုင်းနိုင်ငံမှာ ရုံတင်ပြသပြီ

 မင်္ဂလာရုပ်ရှင် ကုမဏီမှ ရွှေနဂါးနှစ် နောက်ဆုံးရုပ်ရှင်ဇာတ်ကားကြီးကို ဟောင်ကောင်နှင့် အာရှတခွင်မှာ အမြဲတမ်း နံပါတ်တစ် အက်ရှင်စတားလည်းဖြစ်တဲ့ မင်းသားဂျက်ကီချမ်းက မင်းသမီးချောနှစ်ဦးနဲ့ အတူ ထိုင်းနိုင်ငံကို ရောက်ရှိပြီး ထိုင်းဘတ်ငွေ သန်းပေါင်း (၁၅၀၀) ကျော် အကုန်ကျခံပြီး ဂျက်ကီချမ်းစတိုလ် ရိုက်ကူးထားသည့် Chinese Zodiac အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မိတ်ဆက်ခဲ့ပါတယ်။
“Chinese Zodiac အမည်ရတဲ့ ဒီအက်ရှင် ဇာတ်ကား ကြီးဟာကို (၁၀) နှစ်အတွင်းမှာ ကျနော်ကိုယ်တိုင် ဂုဏ်ယူမိတဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ (၇) နှစ်အတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သရုပ်ဆောင်ရတဲ့ အခန်းတိုင်လည်း အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားပါတယ်။ ထိုင်းပရိသတ်တွေအတွက် တကယ်ကြည့်စေချင်ပါတယ်။ ကြည့်တဲ့ခါမှာ အက်ရှင်တွေ၊ ဟာသတွေ ကျနော်ရဲ့ စတိုလ်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ အဲဒါထက်ပိုတဲ့ ပညာပေးမှုတွေလည်း သင်ရရှိမှာပါ” ဟု ဂျက်ကီးချမ်းက ပြောသွားပါတယ်။


Chinese Zodiac ရုပ်ရှင်ဇာတ်လမ်းကတော့ တရုတ်စစ်ပွဲအတွင်း ဆုံးရှုံးသွားတဲ့ ရှေးဟောင်း အမွေအနှစ်ကို ပြန်ရှာတဲ့ အက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ Zodiac လို့ခေါ်တဲ့ နှစ်အလိုက် တရုတ်ရိုးရာပြက္ခဒိန်မှ တိရိစ္ဆာန်ခေါင်း (၁၂) ခေါင်းကို ဗြိတိသျှတို့ သယ်ဆောင်သွားခြင်းဖြစ်ပြီး ဂျက်ကီချမ်း က ပြန်လည်အရယူတဲ့ အက်ရှင်ကားဖြစ်ပါတယ်။

Chinese Zodiac အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးမှာ အသက် (၅၈) နှစ်ရှိ ဂျက်ကီးချမ်း ကိုယ်တိုင် ဇာတ်ညွန်း ဒါရိုက်တာ၊ မင်းသား၊ ပရိုဂျူဆာ အားလုံးဆိုတော့ ဒီထက်ပြည့်စုံတာ ဘာမှ မရှိတော့ပါ။ အားပေးဖို့သာ ရှိပါတော့တယ်။


ဆဲန်ထာရာ ကရဲန် ဆဲန်ထရယ်ဝေါလ်မှာ ဂျက်ကီးချမ်းနှင့်အတူ မင်းသမီးသရုပ်ဆောင်တို့ကထိုင်းဘုရင်မင်းမြတ်ကြီး၏ မွေးနေ့ ဆုမွန်ကောင်း လက်မှတ်ရေးထိုးခဲ့စဉ်

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts