December 13, 2012

ဒီဇင်ဘာလ (၁၁)ရက်၊ ပဒေသရာဇ်စနစ် တော်လှန်ရေးနေ့
===============================

ကိုလိုနီခေတ် နယ်ချဲ့အင်္ဂလိပ်ခွင့်ပြုချက်အရ ပဒေသရာဇ်စနစ်အရှင် အချို့သော စော်ဘွားများဟာ ရှမ်းပြည်ကျေးလက်ဒေသတွေမှာ ဘုရားပွဲနဲ့ အသုဘပွဲတွေကအစ လောင်းကစားပွဲများ ထည့်သွင်းကစားစေခြင်း၊ 
ပညာရေးနဲ့ ဗဟုသုတ အသိအမြင်နည်းပါးအောင် မျက်စိမှိတ် နားပိတ်ထားစေခြင်း၊ ဘိန်းစတဲ့ မူးယစ်သေစာတွေနဲ့ မှိုင်းမိစေခြင်း၊ 
 ပြည်သူလူထုအပေါ်မှာ အခွန်အကောက်အမျိုးမျိုး 
အဓမ္မ ကောက်ခံစေခြင်း စသဖြင့် 
မတရား ဖိနှိပ် အုပ်ချုပ်တာကို တွေ့ရပါတယ်။

ဒါကြောင့်မို့ ပဒေသရာဇ်စနစ်ကို မခံမရပ်နိုင်တဲ့အတွက် ၁၉၂၉-ခုနှစ်မှာ ပင်လုံဘက်က ဖြားတန်ကောင်ခယ်; (ဖြားကျောင်,တိယုံ)ဦးဆောင်ပြီး  ပဒေသရာဇ်စနစ်ကို စတင် တော်လှန်ခဲ့ပါတယ်။ 

အဲသည်ကနေ စပြီး ပအိုဝ်းဒေသတခွင်မှာ ပဒေသရာဇ်စနစ်ကို 
 တော်လှန်ဖို့  ပြည်သူလူထုတွေ စိုင်းပြင်းလာခဲ့ပါတယ်။

ပဒေသရာဇ်စနစ်ဆိုး လက်အောက်ကနေ လွတ်မြောက်နိုင်ဖို့အတွက် ဗိုလ်ချန်ဇုံ(ပိုလ်;တုံ)နဲ့ ဗိုလ်ဟိန်မောင် (အဆိုတော် ခွန်သာဒွန်းဖခင်) တို့ ဦးဆောင်ပြီး ပအိုဝ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ) ကို ဖွဲ့စည်းခဲ့ပါတယ်။

၁၉၄၉-ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့မှာ (ပအလဖ)အဖွဲ့က ပဒေသရာဇ်စနစ်ကို တော်လှန်တဲ့အကြောင်း စစ်ကြေညာခဲ့ပါတယ်။
သည်ဒီဇင်ဘာ(၁၁)ရက်ကို အစွဲပြုပြီးတော့ ပဒေသရာဇ်စနစ်တော်လှန်းရေးနေ့ရယ်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၅၀-ခုနှစ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး(ပအလဖ)အဖွဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်။ ၁၉၅၁-ခုနှစ် ဇန်န၀ါရီလ(၂၁)ရက်နေ့မှာ ပဒေသရာဇ်များရဲ့ စနက်ကြောင့် ဗိုလ်ချန်ဇုံကို ရှမ်းပြည်အစိုးရက ဖမ်းဆီးပြီး မန္တလေးထောင်ကို ပို့လိုက်ပါတယ်။
 (၄)လအကြာ ပြန်လွတ်လာညပြီး ငြိမ်းချမ်းရေး အာမခံချက် မရှိခြင်းကြောင့် ဗိုလ်ချန်ဇုံဟာ တောပြန်ခိုသွားခဲ့ပါတယ်။

၁၉၅၀-ခုနှစ်မှာ ပအိုဝ်းလွောင်;ဗူ;အဖွဲ့ဟာလည်း
 ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အဖြစ်
 ပြောင်းလဲခေါ်ဝေါ်စေပါတယ်။ 

ဦးဖြူ၊ ဦးကျော်စိန်၊ ဦးထွန်းရီတို့ ဦးဆောင်တဲ့ ပအမဖအဖွဲ့ဟာ
 ၁၉၅၂ခုနှစ်မှာ ကျင်းပတဲ့ ပထမအကြိမ် ပါလီမန်ရွေးကောက်ပွဲမှာ ပအမဖအမတ် သုံးဦး (ဖြားမတ်အောင်သာ၊ ဖြားရှမ်းခင်၊ ဖြားစံအောင်) အရွေးချယ်ခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ 

သည်လိုနဲ့ ပဒေသရာဇ်စနစ်ဆိုးရဲ့အောက်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ အစစအရာရာ အဖိနှိပ်ခံ အောက်ကျနောက်ကျ ဖြစ်ခဲ့ရတဲ့ ပအိုဝ်းတိုင်းရင်းသားပြည်သူများဟာ နိုင်ငံရေးအမြင်များ တဖြည်းဖြည်း စတင် နိုးကြားလာခဲ့ပါတယ်။

၁၉၅၂-မှာ ပထမအကြိမ် ပအမဖ ညီလာခံ၊
၁၉၅၄-မှာ ဒုတိယအကြိမ်အတွက် ပဏာမညီလာခံ
၁၉၅၅-မှာ ဒုတိယအကြိမ် ပြည်ထောင်စုပအိုဝ်းအမျိုးသားညီလာခံတွေကို ကျင်းပခဲ့ကြပါတယ်။

ဒုတိယအကြိမ်အတွက် ပဏာမညီလာခံမှာ 
(၁) ပဒေသရာဇ်စော်ဘွားများ အာဏာစွန့်လွတ်ရေး၊
 (၂) ပအိုဝ်းလူထု အနေများတဲ့ဒေသကို ပအိုဝ်းပြည်နယ်ဟု သတ်မှတ်ပေးရေး စသဖြင့် ဒီမိုကရေစီစနစ်နဲ့အညီ လွတ်လပ်စွာ အခြားသော တိုင်းရင်းသားများရရှိသည့် အခွင့်အရေးနည်းတူ 
ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတယ်။

၁၉၅၆-ခုနှစ်မှာ ပအမဖအမှုဆောင်လူကြီးများ ဖြစ်ကြတဲ့ အမတ်ဦးအောင်သာနဲ့ သူငယ်ချင်းလေးဦး၊ နောက်ပြီး မကြာမီ ဖြားဟိန်မောင်၊ ဖြားပေါစင်ထွန်း၊ ဖြားကြန်တို့ဟာလည်း မသမာသူများ လက်ချက်ကြောင့် အသက်ပေး စတေးခံခဲ့ရတယ်။

၁၉၅၈-ခုနှစ်မှာ ပအဖမ အမှုဆောင်လူကြီးများဖြစ်ကြတဲ့ ဦးဖြူနဲ့ ဦးကျော်စိန်တို့နှစ်ဦးဟာ မန္တလေးထောင်ကနေ
 လေးနှစ်နီးပါး ကျခံရအပြီး လွတ်မြောက်လာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး(ပအလဖ)လက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

၁၉၅၈-ခုနှစ် မေလ(၅)ရက်မှာ ပအလဖခေါင်းဆောင် ဖြားဗွာလှဖေ၊ ဗိုလ်ချန်ဇုံတို့ဟာ တဖန် ငြိမ်းချမ်းရေး ယူခဲ့ပြီး၊
 မေလ(၈)ရက်နေ့မှာ ပအလဖအဖွဲ့နဲ့ ပအမဖအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး ပအမဖယာယီကော်မတီအဖွဲ့ကို အတူဖွဲ့စည်းနိုင်ခဲ့ပါတယ်။
 ၁၉၅၈-ခုနှစ်၊ သြဂုတ်လမှာ ပအမဖဗဟိုအမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

၁၉၅၉-ခုနှစ် မတ်လ(၂၁၊၂၂၊ ၂၃)ရက်တွေမှာ တတိယအကြိမ် ပြည်ထောင်စုပအိုဝ်းအမျိုးသားညီလာခံကို တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီးမှာ နာယက(၆)ဦး၊ ဗဟိုအမှုဆောင်(၁၅)ဦးတို့နဲ့ အောင်မြင်စွာ တင်မြှောက်ဖွဲ့စည်းနိုင်ပြီး အဲသည်ညီလာခံကနေ ရှေ့လုပ်ငန်းစဉ်(၁၇)ချက်ကို အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပါတယ်။

၁၉၅၉-ခုနှစ်၊ ဧပြီလ(၂၄)ရက် နေ့လည်(၁၁)နာရီအချိန်မှာ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာနဲ့ အခွန်တော်ကောက်ခံမှုအာဏာ ဖြစ်တဲ့ အာဏာအ၀၀ကို ရှမ်းပြည်စော်ဘွားများ စွန့်လွတ်တဲ့အနေနဲ့ လက်မှတ်ရေးထိုးစာချုပ်တဲ့အခန်းအနားကို ရှမ်းပြည်နယ်ကောင်စီညီလာခံ(လွတ်တော်)ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။

ဧပြီလ(၂၇)ရက် (၁၁)နာရီအချိန်မှာ ရှမ်းပြည်ကောင်စီက လက်မှတ်ထိုးပြီးသားစာချုပ်ကို အတည်ပြုဆုံးဖြတ်တဲ့အနေနဲ့ နိုင်ငံတော်အစိုးရက ပြန်လည်ထောက်ပံ့ပေးတဲ့ ပင်စင်ငွေတွေကို စော်ဘွားများ လက်ခံရယူတဲ့အကြောင်း ရှမ်းပြည်နယ်ကောင်စီ သဘောတူညီရန် အရေးပေါ်ညီလာခံကို စည်းဝေးခဲ့ကြပါတယ်။ 

ဧပြီလ(၂၉)ရက် နံနက်(၇)နာရီမှာ လူထုအုပ်ချုပ်ရေး ပန္နက်ရိုက် အုတ်မြစ်ချပွဲအခန်းအနား 
(တနည်းအားဖြင့်) ပဒေသရာဇ်စော်ဘွားများ လူထုထံ အာဏာလွဲအပ်ပွဲအခန်းအနားကို တောင်ကြီးမြို့ဘော်လုံးကွင်းမှာ
 အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

ပဒေသရာဇ်စနစ်ကြောင့် ရှမ်းပြည် ကျေးလက်နေလူထုတွေ ဆင်းရဲဒုက္ခရောက်ခဲ့ကြတယ်။ အောက်ကျနောက်ကျ ဖြစ်ခဲ့ရတယ်။ လူမျိုးရေး အဆင့်အတန်း ခွဲခြားခံခဲ့ရတယ်။ 
အကျင့်စာရိတ္တ ပျက်ပြားခဲ့ရတယ်။ ပညာရေးနဲ့ ဗဟုသုတအမြင်တွေ ဆုံးရှုံးခဲ့ရတယ်။ အခြားသော တိုင်းနဲ့ပြည်နယ်က တိုင်းရင်းသားများထက် လူနေမှု နိမ့်ကျခဲ့ရတယ်။ 

မည်သို့ပင် ဆိုစေ၊ လူမျိုးကို တော်လှန်သည်မဟုတ်၊ စနစ်ကိုသာ တော်လှန်ခဲ့သည့် ပဒေသရာဇ်စနစ်တော်လှန်ရေးကြောင့် ပဒေသရာဇ်စနစ်ဟာ ကျဆုံးပျောက်ကွယ်ခဲ့ရပါတယ်။ 
သို့ပေမယ့် သည်ပဒေသရာဇ်စနစ်တော်လှန်ရေးမှာ လူထုခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ အသက်သွေးချွေး များစွာ ပေးဆပ်ခဲ့ရပါတယ်။ အကယ်၍ ပဒေသရာဇ်စနစ်သာ မပျောက်ကွယ်သွားဘူးဆိုရင် ပြည်သူများ မည်သို့ ကံကြမ္မာဆိုးမွေများနဲ့ ဆက်လက်ရင်ဆိုင်သွားရမယ်ဆိုတာကတော့ မတွေးဝံ့စရာပါ။ အတိဒုက္ခရောက်နေမည်သာ ဖြစ်တယ်။ 

ဒါကြောင့် ပဒေသရာဇ်စနစ်ဟာ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းမှာ အကျည်းတန်ခဲ့ငြားသော်လည်း ပဒေသရာဇ်စနစ်ရဲ့ လက်အောက်ကနေ ရုန်းထွက်နိုင်ဖို့အတွက် တို့ဘိုးဘွားအာဇာနည်များက အသက်စွန့်ပြီး တွန်းလှန်နိုင်ခဲ့တာကိုတော့ မေ့ဖျောက်လို့ ရမည်မဟုတ်၊ သမိုင်းကြောင်းတစ်ခုအနေနဲ့ ကျန်ရစ်တည်ရှိနေမည်သာ ဖြစ်ပါတယ်။

ယခုအချိန်အခါမှာ
အခြားသော ညီအစ်ကို တိုင်းရင်းသားနဲ့အတူ ချစ်ခင်စည်းလုံးစွာဖြင့်
ခေတ်မီဖွံ့ဖြိုးသော  ဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်ကြီးဆီသို့
ချီတက်ရင်း - - - - -

အထူးသဖြင့် ဒီဇင်ဘာလ(၁၁)ရက် ကျရောက်တိုင်း  ပဒေသရာဇ်စနစ်တော်လှန်ရေးနေ့ ဖြစ်တာနဲ့အညီ
တချိန်က တော်လှန်ရေးမှာ အသက်ပေးကျဆုံးသွားတဲ့ 
ပအိုဝ်းအာဇာနည်ပုဂ္ဂိုလ်များကိုလည်း 
အလေးပြု ဦးညွတ်ကာ
သတိတရ အောက်မေ့ဂုဏ်ပြုသင့်တယ်ဆိုတဲ့အကြောင်း 
တင်ပြလိုက်ရပါတယ်။

 (၁၁-၁၂-၂၀၁၂)
ဒီဇင်ဘာလ (၁၁)ရက်၊ ပဒေသရာဇ်စနစ် တော်လှန်ရေးနေ့
===============================

ကိုလိုနီခေတ် နယ်ချဲ့အင်္ဂလိပ်ခွင့်ပြုချက်အရ ပဒေသရာဇ်စနစ်အရှင် အချို့သော စော်ဘွားမျာ
းဟာ ရှမ်းပြည်ကျေးလက်ဒေသတွေမှာ ဘုရားပွဲနဲ့ အသုဘပွဲတွေကအစ လောင်းကစားပွဲများ ထည့်သွင်းကစားစေခြင်း၊

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts