December 9, 2012

အောင်ပန်းမြို့တွင် ထော်လာဂျီနှင့်(၂၂)ဘီးယာဉ် တိုက်မိ

ထော်လာဂျီပျက်စီးသွားပုံ


ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် ဒီဇင်ဘာလ(၇)ရက်နေ့ညပိုင်းတွင် (၂၂)ဘီးယာဉ်နှင့် ထော်လာဂျီတို့ မျက်နှာ ချင်းဆိုင်တိုက်မိပြီး လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇော်မျိုးနိုင်(မလှိုင်မြို့နေသူ) မောင်းနှင်လာတဲ့ ယာဉ်အမှတ်(၉ဂ/၆၁၁၄) (၂၂)ဘီးယာဉ်နဲ့ အောင်ထွန်းဦး(အောင်ပန်း မြို့နေသူ) မောင်းနှင်လာတဲ့ ယာဉ်အမှတ်(ဌ/၉၈၈) ထော်လာဂျီယာဉ်တို့ဟာ ဒီဇင်ဘာလ(၇)ရက်နေ့ညပိုင်းမှာ သာမိုင်ခမ်း တံတားအနီးတွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ထော်လာဂျီသည် လမ်းညာဘက်သို့ လဲကျသွားခဲ့ကြောင်း သိရပါတယ်။ ထော်လာဂျီမောင်းနှင်လာတဲ့ အောင်ထွန်းဦးဟာ ဦးခေါင်းရိုက်မိဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူရဲ့ အလောင်းကို အောင်ပန်းမြို့ ပြည်သူဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ပေးခဲ့ပါတယ်။

ဇော်မျိုးနိုင်မောင်းနှင်လာတဲ့(၂၂)ဘီးယာဉ်

(၂၂)ဘီးယာဉ်မောင်းနှင်တဲ့ ဇော်မျိုးနိုင်ကတော့ အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားခဲ့တာကြောင့် အောင်ပန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များရဲ့ ကြိုးစားမှုနဲ့ အောင်ပန်းမြို့အ၀င်ဆိုင်းဘုတ်အနီးမှာ ပြန်လည်ဖမ်းဆီးမိခဲ့ပါတယ်။ ၄င်းအား ပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts