စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု (ထက်ကျော်)
စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု အကြောင်းကိုပြောရင် အတော်များများ ပုဂ်္ဂိုလ်များဟာ ရောထွေးနေတတ်တယ်။ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုဆိုတာ တစ်မျိုးတည်းဖြစ်တယ်လို့လည်း နားလည် မှုလွဲနေပြန်တယ်။ သူတို့က ခေါင်းဆောင် တွေဟာ စီမံခန့် ခွဲတဲ့ ပုဂ်္ဂိုလ်တွေဖြစ်တာ မို့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဟာ အမြီးပိုင်း၊ ခေါင်းပိုင်းရယ်လို့ သဘောထား ဟန်တူပါတယ်။
ဒီအတိုင်းပဲ တချို့ကလည်း စီမံခန့်ခွဲ မှုနဲ့ ခေါင်းဆောင်မှုကို အကန့်အသတ်တွေ အမျိုးမျိုးခွဲခြားပြီး ဆောင်ရွက်တတ်ကြတာ မို့ အဲဒီနှစ်ခုဟာ မိုင်အတော်များများ ဝေးကွာနေတတ်တယ်။ ဒါကလည်း မှားနေပြန်ရော၊ ခေါင်းဆောင်မှုနဲ့ စီမံ ခန့်ခွဲမှုကို ကျောချင်းကပ်ခိုင်းတာပဲဖြစ်ဖြစ်၊ အတော်ဝေးဝေးကို ရောက်သွားအောင် ဆောင်ရွက်တာပဲဖြစ်ဖြစ် နှစ်မျိုးစလုံး ကတော့ လုံလောက်ပြည့်စုံတယ်လို့ ပြောရင် ရမယ်မထင်ပါဘူး။
တကယ်တော့ အဲဒီနှစ်ခုဟာ မြန်မာ ဝေါဟာရတစ်ခုဖြစ်တဲ့ ““ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ””ဆိုသလို သဘော သဘာဝ ရှိနေပါတယ်။ စီမံခန့်ခွဲမှုရော ခေါင်းဆောင် မှုပါ အပြန်အလှန်မှီခို အပြန်အလန် အကျိုးရှိနေပေမဲ့ နှစ်ခုကို တစ်ခုတည်းလို့ မြင်လို့တော့ ရမယ်မထင်ပါဘူး။ နှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းယူလို့လည်း မရနိုင်ပါဘူး။ သီခြားအသွင်သဏ္ဌာန်တွေ ရှိနေကြတဲ့ အဲဒီနှစ်ခုဟာ ကိုယ်ပိုင် ရပ်တည်မှုနဲ့ ပေါင်းစပ်မှုကို အဆင်ပြေ အောင် ပေါင်းစည်းထားတယ်လို့ နားလည် နိုင်ပါတယ်။
စီမံခန့်ခွဲမှု(Management) နဲ့ ခေါင်းဆောင်မှု (Leadership) ဆိုတာ ဟာ တူမလိုလိုနဲ့ ကွာခြားတာလေးတွေ ရှိတတ်ပါတယ်။ ပညာရှင်တွေကတော့ စီမံခန့်ခွဲမှု (Management) ဟာ လေ့ကျင့်သင်ကြားထားတဲ့ ကျွမ်းကျင်မှု သက်သက်သာဖြစ်ပြီး Leadership ဆို တဲ့ ခေါင်းဆောင်မှုကတော့ ပညာလို့ ဆိုပါတယ်။ ပညာဆိုရာမှာ ဉဏ်ပညာ အမြော်အမြင် ရှိမှုလို့ ပြောရင်ရပါလိမ့် မယ်။ ဒါကြောင့် တချို့က "The skill of management and the art of leadership" လို့ ပြောတာပဲဖြစ်ပါလိမ့် မယ်။
အဲဒီနေရာမှာManagement skill လို့ပြောတဲ့အခါမှာ လုပ်ငန်းအဖွဲ့အစည်း များရဲ့ အောင်မြင်မှုရစေဖို့ အစီအမံတွေ၊ မဟာဗျူဟာတွေကို ချမှတ်တာ၊ ပါဝင် လုပ်ကိုင်မယ့် အဆင့်အသီးသီးက အလုပ် သမားတွေ (၀န်ထမ်း)ကို စနစ်တကျ စီမံခန့်ခွဲနိုင်တာ၊ ငွေရေးကြေးရေးကိစ်္စ တွေမှာ အလေအလွင့် အဆုံးအရှုံးနည်းပါး အောင် ထိန်းချုပ်ဆောင်ရွက်နိုင်တာ၊ စနစ်ရှိတာတွေကို စီမံခန့်ခွဲမှုဆိုတဲ့ Management က ဆောင်ရွက်နိုင်ပါတယ်။
ဒါပေမဲ့ မထင်မှတ်ဘဲ ပြောင်းလဲ လာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ငွေရေး ကြေးရေးအခြေအနေတွေနဲ့ သူတို့ရဲ့ အနာဂတ်စိန်ခေါ်မှုတွေကို ကြုံလာရတဲ့ အခါ သမားရိုးကျစီမံခန့်ခွဲတာထက် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ကျိုးကြောင်းဆီလျော်အောင် လုပ်တတ် တာ၊ လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကို မပျက် ယွင်းရအောင် ထိန်းကျောင်းတတ်တာ၊ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အဆက် ပြတ်မသွားရအောင် ဆောင်ရွက်တာ၊ လုပ်ငန်းဆောင်ရွက်နေတဲ့ သူတွေရဲ့ စွမ်းဆောင်ရည်တွေကို အဓိကထား ဆောင်ရွက်တာတွေကိုလိုအပ်လာပါတယ်။
စီမံခန့်ခွဲမှုက စီမံကိန်းတွေ၊ သေနင်္ဂ ဗျူဟာတွေကို အဓိကထားတတ်ပေမဲ့ ခေါင်းဆောင်မှုဆိုတဲ့Leadership ကတော့ စည်းရုံးရေးကို အာရုံပြုတတ် ပါတယ်။ လုပ်ငန်းခွင်က လူတွေကို စီမံခန့်ခွဲမှုက ကြီးကြပ်ဆောင်ရွက်တတ်ပြီး ခေါင်းဆောင်မှုကတော့ လူတွေရဲ့ ကျွမ်းကျင်လိမ်္မာမှုနဲ့ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားလာအောင်တွန်းအားပေးတတ် ပါတယ်။
မှန်ကန်တဲ့ ခေါင်းဆောင်မှုရော စည်းစနစ်ရှိတဲ့ စီမံခန့်ခွဲမှုပါ အဆင်ပြေ အောင် ပေါင်းစပ်ပေးနိုင်မှသာ သက်ဆိုင် ရာကုမ်္ပဏီ၊ လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းရည်မှန်းချက်တွေ အောင်မြင်ရပါ လိမ့်မယ်။ တစ်ခုက အားကောင်းပြီး တစ်ခုက အားနည်းနေရင် ထင်တိုင်း ပေါက်မှာ မဟုတ်ပါဘူး။ ဒါမှမဟုတ် နှစ်ခုစလုံးမှာ အားနည်းချက်အသီးသီး ရှိနေရင်တော့ အဲဒီလုပ်ငန်းဟာ ပြိုကျ ပျက်စီးသွားဖို့ များပါတယ်။
ဥပမာ စီမံခန့်ခွဲမှုကဏ္ဍမှာ အလုပ် အစီအစဉ်တွေ သတ်မှတ်တာ၊ သတ်မှတ် ထားတဲ့ အစီအစဉ်များအတိုင်းဆောင်ရွက် တာ၊ မိမိသုံးစွဲလိုက်တဲ့ ဘတ်ဂျက်နဲ့ ပြန်လည်ရရှိလာနိုင်တဲ့ ငွေကြေးအနေ အထားကို ခန့်မှန်တာ၊ အစီအစဉ်တွေ ချမှတ် လုပ်ကိုင်နိုင်တာတွေဟာ စီမံခန့်ခွဲ မှု အပိုင်းရဲ့ကဏ္ဍလို့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါမှာ ထင်တိုင်း မပေါက်တဲ့ အနေအထားတွေကို လုပ်ငန်း ခွင်တိုင်းမှာ ကြုံတွေ့ရလေ့ရှိပါတယ်။
ဒီတော့ မမျှော်လင့်တဲ့ အခက်အခဲ တွေပေါ်လာတာ၊ အဲဒီအခက်အခဲတွေ ကြောင့် စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်စံ တွေ နိမ့်ကျသွားတတ်တာတွေ ရှိလာနိုင် ပါတယ်။ ဒီတော့ ကျသွားတဲ့ အရည်အချင်း တွေ၊ အရည်အသွေးတွေကို ပြန်လည် ရရှိအောင် ပံ့ပိုးမှုသင်ကြားမှု၊ အားပေး ချီးမြောက်မှုတွေကိုတော့ ခေါင်းဆောင်မှု ကသာ တတ်နိုင်ပါလိမ့်မယ်။ ဒီကိစ်္စဟာ အနုပညာဆန်လွန်းသလို လူတွေကို စက်ရုပ်တွေလိုသဘောမထားဘဲ လူသား ဆန်ဆန် တွေးမြင်၊ သင်ယူလုပ်ကိုင်စေရာ က တစ်ဆင့် သူတို့ကိုယ်တိုင် ဦးစီး ဆောင်ရွက်လိုစိတ်တွေ ပေါ်ပေါက်လာတဲ့ အထိ ခေါင်းဆောင်မှုကပဲ ထိန်းကျောင်း သွားတတ်ပါတယ်။ တစ်ဖက်ရဲ့ အားနည်း မှုကို နောက်တစ်ဖက်က ဖြည့်ဆည်းပေးတဲ့ သဘောပဲဖြစ်ပါတယ်။
စီမံခန့်ခွဲမှုသာရှိပြီး ခေါင်းဆောင် မှုက ညံ့ဖျင်းနေရင် မပြည့်စုံသလို ခေါင်းဆောင်မှုသက်သက်ကိုပဲ အားပြုတဲ့ အတွက် အားနည်းတဲ့ စီမံခန့်ခွဲမှုတွေ ပေါ်လာတတ်ပါတယ်။ အဲဒီနှစ်ခု ဘက် မညီရင် လုပ်ငန်းအောင်မြင်ဖို့ဆိုတာ ဝေးနေလိမ့်မယ်။ ဒါကို လုပ်ငန်းခွင် အတော်များများကို လေ့လာကြည့်ရင် တွေ့ရလိမ့်မယ်။ ခေါင်းဆောင်ကိုးကွယ်မှု များလာတဲ့ လုပ်ငန်းခွင်များဟာ ကောင်းမှု ထက် ဆိုးမှုတွေက များလာတတ်တာ အမှန်ပဲ။
အခုလို ရာစုသစ်မှာ စဉ်းစား တွေးခေါ်မှုတွေ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေ အားလုံးဟာ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှု ကို ဘက်ညီအောင် အသုံးပြုနိုင်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ သမားရိုးကျ လုပ်နည်းလုပ်ဟန်တွေနဲ့ အောင်ပွဲရဖို့ ဆိုတာ ခက်ပါတယ်။ အနာဂတ်မှာ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍ တွေ ပိုမိုဖွံ့ဖြိုးလာနိုင်သလို အဲဒီနှစ်ခုကို သဟဇာတကျအောင် ဆောင်ရွက်နိုင်မှ ဖြစ်ပါလိမ့်မယ်။ အဲဒီလူတွေကလည်း အောင်နိုင်သူတွေ ဖြစ်သွားလိမ့်မယ်။
0 comments:
Post a Comment