ရာဟုလာမင်းသားကို
နှုတ်ဆက်ပြောဆိုခြင်း မပြုဘဲ လောကီစည်းစိမ်ချမ်းသာကို စွန့်လွတ်၍
ညသန်းခေါင်ယံအချိန်တွင် တောထွက်ခဲ့သည်။ တစ်ကိုယ်တည်း
တရားကျင့်နိုင်ရန်အတွက် လောကီလူ့ဘောင်ကို အဆက်ဖြတ်၍ ရသေ့ရဟန်း ပြုကာ
ဥရုဝေလတော၌ သီတင်းသုံးနေထိုင်ခဲ့လေသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၌ သိဒ္ဓတ္ထမင်းသားသည် အသက် (၃၅)နှစ်အရွယ်တွင် တော၌ (၆)နှစ်ကြာ တရားကျင့်ပြီးနောက် သဗ္ဗညုတညဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူခဲ့သည်။ ၎င်းနောက် (၄၉)ရက်အကြာတွင် သုဝဏ္ဏဘူမီတိုင်းမှ ကုန်သည်ညီနောင်ဖြစ်သော တဖုဿနှင့် ဘလ္လိကတို့သည် မဇ္ဈိမဒေသသို့ ကုန်သွယ်သွားရာမှ ဘုရားပွင့်တော်မူသည့် အချိန်နှင့် သက်ဆိုင်သဖြင့် ဗုဒ္ဓဘုရားရှင် ဟောကြားသော တရားတော်ကို ကြားနာရာမှ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့သည်။ တဖုဿနှင့် ဘလ္လိကတို့သည် မဇ္စျိမမှ သုဝဏ္ဏဘူမိသို့ အပြန်ခရီးတွင် ၎င်းတို့အား ဗုဒ္ဓမြတ်ရှင် ဘုရားက ဆံတော် ရှစ်ဆူကို ချီးမြှင့်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်သည် ဗုဒ္ဓဘုရားရှင် ချီးမြှင့်ထားသော ဆံတော်ကို ဌာပနာ၍ ရွှေတိဂုံစေတီကို တည်ထားကိုးကွယ်ခဲ့သည်။
မဟာသက္ကရာဇ် ၁၁၁ ခုနှစ် (ဘီစီ ၅၈၁)တွင် ဗုဒ္ဓမြတ်စွာဘုရား ၀ါတော် (၈)၀ါရချိန်တွင် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွရောက်တော်မူခဲ့သည်။ သုဝဏ္ဏဘူမိသထုံပြည့်ရှင် ပအိုဝ်းမင်းဖြစ်သော သူရိယစန္ဒာမင်းသည် ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသော တရားတော်ကို နာကြားရသဖြင့် မင်းနှင့်တကွ ပြည်သူအားလုံးသည် ဗုဒ္ဓဘာသာဝင် စတင်ဖြစ်လာခဲ့သည်။ သူရိယစန္ဒာမင်းသည် ရွှေစာရံစေတီကို အုတ်မြစ်ချ တည်ထား ကိုးကွယ်၍ ဗုဒ္ဓမြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အား ကျောင်းဆောင်လှူဒါန်းပြီး ဤအရပ်ဒေသ၌ အမြဲသီတင်းသုံးနေထိုင်ရန် လျှောက်ထားခဲ့သည်။ ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၂၀ ခုနှစ် (ဘီစီ ၅၇၂)တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မဟာသက္ကရာဇ် ၁၂၈ ခုနှစ် (ဘီစီ ၅၆၄)တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွရောက်လာတော်မူခဲ့သည်။
ဗုဒ္ဓမြတ်စွာဘုရားပရိနိဗ္ဗာန်ကူပြီး(ပျံလွန်)သုံးလအကြာမှာ ရဟန်းအပါး (၅၀၀)သည် ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားသော တရားတော်များကို (၇)လကြာ နုတ်ငုံ ရွတ်မှတ်သားခဲ့သည်။ ၎င်းကို ပထမအကြိမ် သံဂါယနာတင်သည်ဟု ဆိုသည်။ ဗုဒ္ဓဘုရား ပရိနိဗ္ဗာန်ကူးပြီးသည်နှင့် သာသနာသက္ကရာဇ် ခုနှစ်ကို (၁)ခု အဖြစ် စတင်ရေတွက်လာသည်။
သာသနာသက္ကရာဇ် ၁၀၀ ခု (ဘီစီ ၄၄၄)၌ ဒုတိယအကြိမ် သံဂါယနာတင်ရာတွင် ရဟန်းတော်အပါး (၇၀၀)က ပိဋကတ်သုံးပုံကို (၈)လကြာ ရွတ်ဆိုမှတ်သားခဲ့သည်။
သာသနာသက္ကရာဇ် ၂၅၃ ခု (ဘီစီ ၃၀၉)၌ ရဟန်းအပါး ၁၀၀၀ ဖြင့် ပိဋကတ်ကို (၉)လတိုင် ကြာအောင် တတိယအကြိမ် သံဂါယနာတင်ပွဲကို နုတ်ဖြင့် ရွတ်ဆိုမှတ်သားခဲ့သည်။ နုတ်ငုံဆောင်ပြီး ရွတ်ဆိုသည့် သံဂါယနာတင်ပွဲ သုံးကြိမ်စလုံးကို အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့သည်။
သာသနာသက္ကရာဇ် ၄၅၀ ခု (ဘီစီ ၉၄)၌ စတုတ္ထအကြိမ် သံဂါယနာတင်ပွဲကို သီဟိုကျွန်း (ယခု သိရိလင်္ကာနိုင်ငံ)မှာ ရဟန်းသံဃာများက နုတ်ဖြင့် ရွတ်ဆိုခြင်းမပြုဘဲ မြတ်စွာဘုရား၏ ၀ိသုတ်နည်း အဘိဓမ္မများကို သေချာစီစစ်ပြီး ပိဋိကတ်ပါဋ္ဌိတော်ကို အက္ခရာဖြင့် ရေးမှတ်ခဲ့သည်။
သာသနာ သက္ကရာဇ် ၉၉၅ ခု (အေဒီ ၄၅၁ ခုနှစ်)၌ သုဝဏ္ဏဘူမီသထုံပြည်က ရှင်ဗုဒ္ဓဃောသတို့သည် သိဟိုကျွန်းမှ ပိဋကတ်ကို သွားကူးယူပြီး သထုံပြည်သို့ ပင့်လာခဲ့သည်။
သာသနာ သက္ကရာဇ် ၁၀၆၁ ခုနှစ်၊ မြန်မာသက္ကရာဇ် ၄၁၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၀၅၇ ခုနှစ်တွင် အနော်ရထာမင်းက မနုဟာမင်းအုပ်စိုးသော သထုံပြည်ရှိ ပိဋကတ်ကို စစ်အင်အားဖြင့် တိုက်ယူခဲ့သည်။ အနော်ရထာမင်းသည် သထုံပြည်ကို စစ်နိုင်ပြီးနောက် ပိဋကတ်အစုံ (၃၀)၊ တတ်သိပညာရှင်များနှင့်တကွ မနုဟာမင်းနှင့် မိဖုရားကို ပုဂံပြည်သို့ ဖမ်းစီးခေါ်ဆောင်သွားခဲ့သည်။
သူရိယစန္ဒာမင်းကြီးသည် ဗုဒ္ဓမြတ်စွာဘုရား ပထမအကြိမ် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွလာချိန်တွင် ၎င်း၏မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့၌ ရွှေစာရံစေတီတော်ကို စတင်အုတ်မြစ်ချ တည်ထားကိုးကွယ်ခဲ့သည်။ ထိုကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့အမျိုးဂုဏ်သက္ခာကို ထွန်းလင်းစေပေးသည့် သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ကို အစဉ်အလာ ရိုးရာဓလေ့မပျက်ဘဲ ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
ကျမ်းကိုး
ပြည်ထောင်စုထဲ့က ပအိုဝ်း - PNO
ရွှေတိဂုံစေတီတော်သမိုင်း - ဦးညွန့်ဝေ
သုဝဏ္ဏပကာသနီကျမ်း(ပအိုဝ်းဘာသာ) -ပင်စုံဆရာတော် ဦးဣန္ဒာဝံသ
သိဒ္ဓတ္ထမင်းသားသည် မဟာက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့ (ဘီစ ၆၂၃) တွင်
မဇ္စျိမဒေသ ကပိလ၀တ်ပြည့်ရှင်(ယခု နီပေါနိုင်ငံ) ဘုရင်သုဒ္ဓေါဒနမင်းနှင့်
မဟာမာယာဒေ၀ီမှ ဖွားမြင်လာခဲ့သည်။ မဟာသက္ကရာဇ် ၉၇ ခုနှစ် ၀ါဆိုလပြည့်နေ့၌
သိဒ္ဓါတ္ထမင်းသားသည် မိမိ၏ဇနီး ယသော်ဓရာမင်းသမီးနှင့် သားတော်

0 comments:
Post a Comment