တောင်ကြီးမြို့တော်သည်
အင်္ဂလိပ်မ၀င်လာခင်နှင့် မြို့မတည်ခင် အချိန်ကတည်းက ဒုံတောင်းတီ ဆိုသော
ပအိုဝ်းရွာတစ်ရွာရှိခဲ့သည်။ ထိုရွာဦးဘုန်းကြီးကျောင်းသည် မွဉ်ခြဲုင်
ကျောင်းဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၇၄၇ ခုနှစ်ဝန်းကျင်တွင်
တောင်ကြီးမြို့တကျောလုံး တွင် မွဉ်ခြဲုင်ဘုန်းကြီးကျောင်းတစ်ကျောင်းသာ
ရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဖက်ဆစ် ဂျပန်များဝင်လာသောအခါ
ထိုမွဉ်ခြဲုင်ဘုန်းကြီးကျောင်းက ဗုံးကြဲခြင်းခံရပြီး ပျက်စီးသွားခဲ့
သည်။ ဂျပန်ခေတ်အတွင်း
မွဉ်ခြဲုင်ဘုန်းကြီးရှစ်ပါးမြောက်ကျောင်းထိုင်ဆရာတော် ဦးနရိန္ဒ သည်
အောက်မြန်မာပြည် သထုံဘက်ဇာတိဖြစ်သည်။
၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ဗုံးကြဲခြင်းခံရသည့် မွဉ်ခြဲုင်ဘုန်းကြီးကျောင်းကို အသစ်ပြန်လည် တည်ဆောက်ရေးအတွက် နောင်ကာဆရာတော် ဦးပဏ္ဍိတ၊ ထမ်းဆရာ တော် ဦးဉာဏနှင့် ၀င်းယဦးပဉ္စင်း ဦးကုမ္မာ တို့အချင်းချင်းညှိနှိုင်းတိုင်ပင်ကြပြီး ဘုန်းကြီး ကျောင်းကို ပြန်လည်တည်ဆောက်ရန်အတွက် အခြားဆရာတော်များနှင့် ဒကာများကို စည်းရုံးနိုးဆော်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် မွဉ်ခြဲုင်ကျောင်း၌ ဆရာ တော်အပါး(၁၀၀) အစည်းအဝေးကျင်းပခဲ့ပြီး ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးအတွက် (၁၆)နယ်မှ ဆရာတော်ကြီးများကို တာဝန်ယူဆောင်ရွက်စေခဲ့သည်။
၁၉၄၇ ခုနှစ် ဇန္န၀ါရီလ (၆)ရက်နေ့တွင် သံဃာတော်အပါး(၂၀၀)နှင့် ဒါကာအဖွဲ့များသည် တည်ဆောက်မည့်ကျောင်းပုံစုံကို စည်းဝေးထိုင်ခဲ့ကြသည်။ အများဆန္ဒဖြင့် တောင်နှင့် မြောက်အလျား ပေ(၁၂၀)၊ အရှေ့နှင့်အနောက်အနံ ပေ (၂၀၀)၊ အနက် (၉)ပေဖြင့် ကျောင်းပုံစံအကြမ်းရေးဆွဲကြသည်။
၁၉၄၈ ခုနှစ် ဇန္န၀ါရီလ (၄)ရက်နေ့တွင် ဆရာတော်များနှင့် ဒါကာညီညာပေါင်းစု ညီညွတ်မှုအင်အားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့၌ ကျောင်းကြီးကို စတင် အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုကျောင်းကြီး တည်ဆောက်ရာတွင် အခက်အခဲနှင့် ရင်ဆိုင်ရသဖြင့် တော်တော်နှင့် မပြီးစီးနိုင်သဖြင့် “တိုင်တူပြီးတောင်ကျောင်းကြီး” သော် လည်းကောင်း၊ “ဆောက်လုပ်မပြီးတောင်ကျောင်းကြီး”သော်လည်းကောင်း ပြောစမှတ်ပြု ခဲ့ကြသည်။ “ကြိုးစားရင် ဘုရားဖြစ်နိုင်သည်” ဟူသောစကားအတိုင်း တစတစကြိုးစားခဲ့ရာ (၅)နှစ်ကြာမှ အောင်မြင်ပြီးစီးခဲ့လေသည်။
ထိုကျောင်းကြီးအောင်မြင်ရေးအတွက် ပအိုဝ်းအိမ်တိုင်းကို (၂)ကျပ်နှုန်းအထက်ဖြင့် ကောက်ခံခဲ့သည်။ ၁၉၅၄ ခုနှစ်ဝွာင် ကျောင်းကြီးတည်ဆောက်ပြီးစီးသောအခါ ၀ါးနှင့်သစ်ဖိုးအပါအ၀င် (၅)သိန်းကျော်ကုန်ကြခဲ့ဟု သိရသည်။

0 comments:
Post a Comment