ကြင်ဖေါ်ဟု မမည်ခဲ့လေသော
နေတတ်ရင် ကျေနပ်စရာချည်းပါ။
မလွယ်ခဲ့တာက
လောကသားတွေရယ်လေ။
ကိုယ့်စိတ်ကို ကိုယ်မနိုင်တော့
အပြစ်တင်စတမ်းဆို
လက်ညိုးညွန်လို့ လွှတ်နိုင်ပါ့မလား။
သုဘဒ္ဒါက
ရာဇ၀င်မှာ ကျန်ခဲ့ပြီလို့ထင်ခဲ့တာ။
ပက်ပင်းတိုးလေမှ
ကိုယ်
ဆဒ္ဒါန်ဆင်မင်းလောက် ပါရမီမရှိမှန်း သိတော့တယ်။
မျဉ်းပြိုင်လို ညီမျှနေပြီလား
ဝိုးတစ်ဝါးနဲ့ ပန်းတိုင်ဆီလျှောက်
အခုမှပဲ
ငါးပါးမှောက်လေပါရောလား။
ကျောင်းသင်ခန်းစာလည်းပျောက်
ဘ၀သင်ခန်းစာလည်းမလောက်
တစ်ယောက်တစ်လမ်းစီလျှောက်မှ
မင်းလိုရာရောက်မယ်ဆိုရင်
ငါပဲ
နောက်ဆုတ်လိုက်ပါ့မယ် ချစ်သူ။
0 comments:
Post a Comment