November 9, 2012

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ယူနန်ပြည်နယ်သို့ ချစ်ကြည်ရေးခရီးသွားရောက်

November 9th, 2012, Filed under news ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်
အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး  ဦးမောင်မြင့်   ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာလီကျိဟန်၏ ဖိတ်ကြားချက်အရ ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့မှ (၈)ရက်နေ့အထိ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ကူမင်းမြို့မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့်ပြန်လည် ရောက်ရှိလာပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ယူနန်ပြည်နယ်ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ အကြားစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း အလုပ်သမားရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၌ စီအမ်ပီ လုပ်ငန်းများလာရောက်ရင်းနှီးမြုပ်နှံရန်စသည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် နယ်မြေဒေသလေ့လာရေးခရီးအနေဖြင့် ယူနန်ပြည်နယ်ဖူအာမြို့သို့ သွားရာက်ပြီးစီးပွားဖြစ်လ္ဘက်စိုက်ခင်းနှင့်လော်ကြားသု (Luo Zxa Tu) ရေအားလျှပ်စစ်စက်ရုံသို့ သွားရောက် လေ့လာခဲ့ကြောင်းသတင်းရရှိပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ယူနန်ပြည်နယ်ဖူအာမြို့ရှိ လော်ကြားသု(Luo Zxa Tu)ရေအားလျှပ်စစ်စက်ရုံ သို့သွားရောက် လေ့လာစဉ်

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts