November 7, 2012

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မူဝါဒရေးရာများကို ပအိုဝ်းလူငယ်များအားလုံးနှင့် ပအိုဝ်းမူဝါဒကို လေ့လာသူများအားလုံးကို တင်ပြချင်ပါတယ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ မူဝါဒရေးရာသမိုင်းကြောင်းကို ပြန်လည်တင်ပြရမည်ဆိုပါက 1948 ခုနှစ် သထုံမြို့ရေကျော်ပအိုဝ်းအမျိုးသားများဆန္ဒပြပွဲတောင်းဆိုချက်က စတင်ဖော်ပြရမည်ဖြစ်သည်။ ထိုဆန္ဒပြပွဲ၏ ဆောင်းဆိုချက်မှာ ပအိုဝ်းလူမျိုးများအား တောင်သူလူမျိုးဟူရ်ျ ခေါ်ဝေါ်နေခြင်းမှ ပအိုဝ်းလူမျိုးဟုခေါ်ဆိုပေးရန်နှင့် ပအိုဝ်းလူမျိုးတို့အား စစ်တပ်နှစ်တပ်ဖွဲ့စည်းတည်ထောင်ပေးရန် တောင်းဆို ခဲ့ရာ ပထမအချက်ကို နိုင်ငံတော်ကအသိအမှတ်ပြုခဲ့သော်လည်း ဒုတိယအချက်ကိုမူ မဖွဲ့စည်းပေးနိုင်သေးကြောင်း ပြန်ကြားလာခဲ့သည်။
1950 ပြည်နှစ် တောင်ကြီးမြို့ ဘော်လုံးကွင်းတွင် ပအိုဝ်းအမျိုးသားများ ထပ်မံဆန္ဒပြတောင်းဆို ခဲ့ပြန်သည်။ ထိုတောင်းဆိုချက်များမှာ ရှမ်းပြည်နယ်တွင် လူဦးရေအလိုက် အချိုးကျအထက်အောက်လွှတ်တော် နှစ်ရပ်တွင် သီးခြားရွေးကောက်ပွဲများ ပြုလုပ်ပေးပြီးလျှင် ပအိုဝ်းရေးရာအဖွဲ့ ဖွဲ့စည်းပေးရန်၊ ရှမ်းပြည်နယ်တွင် အခြေအနေအရ အခါကာလအားလျော်စွာ ပအိုဝ်းအမျိုးသားအများဆုံးနေထိုင်သော ရပ်ကွက်နယ်ပယ်များအတွင်းတွင် သင့်လျော်သော စံပြဒေသန္တရ ဒီမိုကရေစီအုပ်ချုပ်ရေး ချက်ခြင်းဖွဲ့စည်းထူထောင်ပေးရန်နှင့် ၀န်ကြီးချုပ်ဦးနု၏ ညွှန်ကြားချက်အရ ပအိုဝ်းအမျိုး သားများ၏ လိုလားချက်ကို အတိအကျမှန်ကန်စွာ စုံစမ်းရေးအဖွဲ့ကို ကော်မရှင်ဖွဲ့ရ်ျ စုံစမ်းစေ လွတ်မည်ဆိုသော ဂတိကို အမြန်ဆုံးသိရှိနိုင်ရန် က်ျအဖွဲ့က လိုလားတောင်းဆိုသည် ဟု ပါရှိခဲ့ပါသည်။ နိုင်ငံတော်က အဆိုပါကိစ္စရပ်များအား လွှတ်တော်ဖွဲ့ပြီးမှသာ စဉ်းစားရန် အကြောင်းပြန်ခဲ့ပါသည်။
1950 ပြည့်နှစ် သြဂုတ်လ(2)ရက် ပအမဖ ၏ ရည်ရွယ်ချက်များတွင်လည်း ပြည်ထောင်စုအ တွင်းရှိ ပအိုဝ်းအမျိုးသားများ၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရ်ျ ပအိုဝ်းအမျိုးသားများ၏ ဘ၀ကံကြမ္မာကို ပအိုဝ်းအမျိုးသားများသာ ဖန်တီးမည်။ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ခြင်းဖြင့် ဒီမိုကရေစီထွန်းကားရေးကို ဆောင်ရွက်မည်။ မတရားသောစနစ်ဆိုးများ ဖျက်သိမ်းရာတွင် ပအိုဝ်းများအင်အားစုတစ်ရပ်အဖြစ်ပါဝင်ဆောင်ရွက်မည်။ ငြိမ်းချက်ရေးရရှိရန်နှင့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရန် အများဆန္ဒနှင့် အညီဆောင်ရွက်သွားမည် ဟုပါရှိခဲ့သည်။
ပြည်ထောင်စုပအိုဝ်းအမျိုးသား(ပအမဖ)ပထမအကြိမ်ညီလာခံကို 1952 ခုနှစ် ဇွန်လတွင် တောင်ကြီးမြို့ မြို့မရုပ်ရှင်ရုံတွင ကျင်းပခဲ့ရာ ထိုညီလာခံမှ ရှေ့လုပ်ငန်းစဉ်ငါးရပ်ချမှတ်ခဲ့သည် ကို ဆုံးဖြတ်ချက်များမှာ-
(က) ပအိုဝ်းအမျိုးသားပညာရေးတိုးတက်မှု ရှေ့ရှုဆောင်ရွက်နိုင်ရန် ပအိုဝ်းတစ်မျိုးသားလုံး၏ ပညာရေးစီမံကိန်းတစ်ခုကို ရေးဆွဲပြီး၊ ပအိုဝ်းအမျိုးသားပညာရေးအားပေးရေးအဖွဲ့ဌာန တစ်ခုကို ညီလာခံကြီးမှာ သတ်မှတ်တည်ထောင်သွားရန်။
(ခ) ပအိုဝ်းအမျိုးသားများ၏ စီးပွားရေးနိမ့်ကျမှုကို မြှင့်တင်ပေးနိုင်ရန် စီးပွားရေးအရ မသမာသော နှုန်းထားများဖြင့် ရောင်းဝယ်ဖေါက်ကားခြင်းကို တိုက်ဖျက်ရ်ျ ပအိုဝ်းအမျိုးသားဆင်းရဲသားခြံယာလယ်သမားလုပ်ကိုင်သက်မွေးသူများ၏ အကျိုးအများဆုံးဖြစ်ထွန်းရေးအတွက် စီးပွားမျှတသော စနစ်ဖြင့် ပအိုဝ်းအမျိုးသားစီးပွားရေးဆောင်ရွက်မှုအဖွဲ့တစ်ခုကို က်ျညီလာခံမှ သတ်မှတ်ပေးရန်။
(ဂ) ပအိုဝ်းအမျိုးသားများ၏ ယဉ်ကျေးမှုဘာသာစာပေများ ပေါ်ထွန်းလာစေရန်နှင့် ခေတ်ကာလအလျောက် တိုးတက်လာစေရန် ပအိုဝ်းအမျိုးသားများ၏ ယဉ်ကျေးမှုဘာသာစကားများပေါ်ထွန်းလာရန်နှင့် ခေတ်ကာလအလျောက် တိုးတက်လာစေရန် ပအိုဝ်းအမျိုးသားယဉ်ကျေးမှုအနုပညာသုတေသနနှင့် ဘာသာပြန်ဆိုရေးအဖွဲ့ဌာနတစ်ခုကို က်ျညီလာခံမှ သတ်မှတ်ပေးရန်။
(ဃ) ရှမ်းပြည်နယ်တွင် ခေတ်နှင့် မလျော်ညီတော့သော ပဒေသရာဇ်စနစ်နှင့် အုပ်ချုပ်နေခြင်းကို အမြန်ဆုံးပြောင်းလဲပစ်ရ်ျ တရားမျှတသော ဒီမိုကရေစီစနစ်ဖြင့် ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးကို ပြည်သူများ၏ ဆန္ဒအရ တည်ဆောက်ပေးရန်၊ ပြည်ထောင်စုအစိုးရနှင့် ရှမ်းပြည်နယ်အစိုးရအားက်ျညီလာခံကြီးမှ တောင်းဆိုခဲ့ပါကြောင်း။
(င) ရှမ်းပြည်နယ်ရှိ ပအိုဝ်းအမျိုးသားများ၏ ပညာရေး၊ ကျန်းမာရေးတိုးတက်မှုကို ပြည်ထောင်စုအစိုးရနှင့် ရှမ်းပြည်နယ် အစိုးရတို့က ထိရောက်စွာအားပေးကူညီရန်-
(1) ပအိုဝ်းအမျိုးသားများ၏ နေထိုင်ရာဒေသတို့တွင် ပအိုဝ်းအမျိုးသားကျောင်းဆရာများ၊ ပအိုဝ်းဘာသာစကားတတ်ကျောင်းဆရာများ၊ လူထုပညာရေးမှူးများတို့ကို စေလွှတ်ပေးရန်။
(2) ပအိုဝ်းအမျိုးသားများ ကျန်းမာရေးသက်ဆိုင်ရာပုဂိုလ်များ ပအိုဝ်းဘာသာတတ်ကျွမ်းသောကျန်းမာရေးအရာရှီများ စေလွှတ်ပေးရန် က်ျလာခံကြီးက တောင်းဆိုပါကြောင်း ဟူရ်ျ ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။၏

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts