November 8, 2012

ကနေဒါ ၀န်ကြီး ရွှေည၀ါ ဆရာတော်နှင့် တွေ့ဆုံရန် ရှိ

  သာဓုကန်ကျောင်းတိုက်ကနေ ထွက်ခွာပေးမယ်လို့ ကတိပြုကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက လက်မှတ်ထိုးတဲ့ နေ့က မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ကနေဒါ နိုင်ငံရဲ့  လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံသားနှင့် ဗဟု ယဉ်ကျေးမှုဝန်ကြီး Jason Kenney ဟာ မြန်မာနိုင်ငံက ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်တဲ့ ရွှေည၀ါ ဆရာတော်နဲ့ တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ 




-
ဝန်ကြီး Jason Kenney , ဓာတ်ပုံ- canada.com 

ယမန်နှစ်ကလည်း ၀န်ကြီး ဂျေဆန် ကင်နေဟာ ကနေဒါ နိုင်ငံ တိုရန်တိုမြို့က မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကိုလည်း လာရောက်လည်ပတ်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကိုလည်း 

တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့သူလည်းဖြစ်ပါတယ်။ 

ရွှေည၀ါဆရာတော် ဦးပညာသီဟ ဟာ သာဓု စာသင်တိုက် တည်ထောက်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း တရားဟောခွင့် ပိတ်ပင်ခံခဲ့ရပြီး နောက်ဆုံး ကြည့်မြင်တိုင်မြို့နယ်က သာဓု ကျောင်းတိုက်ကနေ စွန့်ခွာခဲ့ရပါတယ်။ 

မှော်ဘီမှ တဲကျောင်းလေးနဲ့ သတင်းသုံးနေထိုင်ရင်း အမေရိကန်ပြည်ထောင်စုကို မကြာခင်က ကြွရောက်သွားတာလည်းဖြစ်ပါတယ်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts