ရှေးက ဘုရားကို
ရှို့လွှတ်ပူဇော်သည့်ပွဲအဖြစ် အမြင့်ဆုံးရောက်အောင်ရှို့လွှတ်ကြ၏။ ထိုသို့
ရှို့လွှတ်ရာတွင် အသံစုံ '' ဝီ ၊ ဝီ '' ထွက်စေရန်အတွက် ဝါးပြောင်းငယ်
တိုရှည်များကို ထိပ်ပိုင်းတွင် တပ်ဆင်ကြ၏။ သို့သော် ယခုအခါတွင် အမြင့်သို့
မရှို့လွှတ်တော့သဖြင့် မတွေ့ရတော့ပေ မည်သူ့ဒုံး
အဝေးရောက်သည်ကိုယှဉ်ပြိုင်ကြ၏။ အဝေးလွှတ်ကို ယှဉ်ပြိုင် သည့်ဒုံးသည်
ဒုံးမလွှတ်ခင် ဆုကြေးငွေ ကိုထည့်ရ၏။ ပင်လောင်းမြို့နယ်တွင် နာမည်ကြီးဒုံးသည်
အခြားဒုံးများထက် ဆုကြေးပိုထည့်ရ၏။ ပင်လောင်းမြို့နယ်တွင်
နာမည်ကြီးဒုံးများမှာ '' ရွိုင်၊ ဘရားဗွာ၊ ကော်သာရွေး'' တို့ဖြစ်ကြ၏။
ယခင်က ဒုံးအနိုင်အရှုံးကို ဆုံးဖြတ်ရာတွင် ရှေ့ပိတ်ဟူသောစကားလုံးကိုသုံးကြသည်။ ရှေ့ပိတ် ဟူသောအဓိပ္ပာယ်မှာ ဒုံးနှစ်လုံးကို တောင်အရပ်မှနေ၍ မြောက်အရပ်သို့လွှတ်လိုက်ရာ ဒုံးတစ်လုံးသည် မြောက်စူးစူးသို့သွားပြီး ကျန်တစ်လုံးသည် အရှေ့ မြောက်စူးစူးသို့ သွားသည်ဆိုပါစို့ ဒုံးနှစ်လုံးသည် တစ်တန်းတည်းကျနေလျှင် အရှေ့မြောက်စူးစူးသို့သွားသောဒုံးသည် မြောက်စူးစူးသို့ သွားသောဒုံးထက် ပို၍ဝေး၏။ သို့သော်လည်း ရှေ့ပိတ်ဟူသော ဒုံးဥပဒေကြောင့် အရှေ့မြောက်စူးစူးသို့ သွားသောဒုံးသည် ဝေးပင်ဝေးသော်လည်း မြောက်စူးစူးသို့ သွားသော ဒုံးကိုမနိုင်ချေ။
အနိုင်အရှုံးအတွက် အုပ်စုတစ်စုနှင့်တစ်စု ဒုံးကျသည့်နေရာ အကွာအဝေးကို ပြိုင်ကြ သည်။ ယခင်က ဒုံးအသံမြည်ပြိုင်ကြသည်ဟု မှတ်သားရသည်။ အများအားဖြင့်တွေ့ရသည်မှာ ပစ်မှတ်အတွင်း ဝင်မဝင် ပြိုင်ကြသည်ကများလေသည်။ တောင်ကြီးမြို့နယ်တွင် အကွာအဝေး ချင်းတူနေလျှင် ဂိုး၏ဗဟိုနှင့်နီးသူက နိုင်၏။ ပင်လောင်းမြို့နယ်တွင် ဤသို့မဟုတ်ဘဲ အကွာအဝေးတူနေလျှင် အညီအမျှ ခွဲဝေယူကြသည်။ ဒုံးအနိုင်အရှုံးကို ဆုံးဖြတ်နိုင်ရန်အတွက် အဝေးမှနေ၍ စောင့်ကြပ်ရသည်။ ဂိုးထား၍ အနိုင်အရှုံး ဆုံးဖြတ်ပါက ဂိုးအပြင်ဘက်တွင် ကျရောက်သောဒုံးကို အရှုံးဟုသတ်မှတ်သည်။ ဒုံးလွှတ်ပြီးပါက ဒုံးကိုတူးယူပြီး အကွာအဝေး တိုင်းထွာကာ အနိုင်အရှုံး ဆုံးဖြတ်ကြသည်။ ယခုအခါ ဂိုးမထားတော့ဘဲ ဗဟိုပစ်မှတ်ကို ထားကာ အကွာအဝေး ဆုံးဖြတ်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဒုံးတက်ပြီဆိုသည်နှင့် ညာသံပေးကာ ပျော်ကြ၏။ မိမိတို့ဒုံးသည် အခြားသူများဒုံးထက်သာကြောင်း လင်္ကာဖြင့် စောင်းမြောင်း၍ ရွတ်ဆိုကြ၏။ ရှေးက မိမိတို့ ဒုံးတက်လျှင် ခေါင်းပေါင်း၊ အင်္ကျီများကိုပင် ချွတ်၍ပျော်ကြသည်။ ရွံ့တွေ့ပါကလည်း လူးလိမ့်ကာပျော်ကြသည်။ တစ်ဘက်လူကိုလည်း မခံချင်အောင် လက်ညှိုးထိုး၍စ၏။ ဒုံးမတက်သူများမှာ ဒုံးတက်သူ၏ ကျီစယ်သမျှ ကို ခေါင်းငုံ့၍ ခံရရှာသည်။ အချို့က အိုးမည်းဖြင့် တစ်ဘက်လူ၏ မျက်နှာကို သုတ်လိမ်းသည်အထိ ကျီစယ်ကြလေသည်။ တစ်ဘက်နှင့်တစ်ဘက်၊ တစ်ယောက်နှင့်တစ်ယောက် မည်မျှပင် လှောင်ပြောင် ကျီစယ်ကြသော်လည်း ခိုက်ရန်ဖြစ်ခြင်း၊ စိတ်ဆိုးခြင်း လုံးဝမရှိပေ။ လှောင်ပြောင် ကျီစယ်ခံရသူသည် နောင်နှစ်တွင် မိမိတို့ဒုံး သူတို့ထက် သာသွားပါက သူတို့ကိုပြန်၍ တုံ့ပြန် လှောင်ပြောင်ကြ လေသည်။
ဒုံးလွှတ်ခြင်းမှာ အန္တရာယ်များသဖြင့် လူနေအိမ်ခြေ မရှိသော ကွင်းပြင်သို့သာ ပစ်လွှတ်ကြသည်။ ပအိုဝ်းတို့၏ ''ပွယ်လုဖိုင်'' (ဒုံးလွှတ်ပွဲ) ကို ပအိုဝ်းတို့သာမက မြို့ပေါ်တွင်နေထိုင်ကြသည့် အခြားလူမျိုး များပါ စိတ်ဝင်စားကြသည်။ သူတို့သည် ပအိုဝ်းတို့နှင့်ရော၍ ပျော်ကြ၏။ ပအိုဝ်းတို့ '' ပွယ်လုဖိုင်'' သည် ကြီးသည်၊ ငယ်သည်၊ ဆင်းရဲသည် မခွဲခြားပဲ လူမျိုးဘာသာ အသက်အရွယ်မရွေး ပျော်နိုင်သော၊ ပျော်ကြသော ပွဲပင်ဖြစ်၏။ ပအိုဝ်း ''ပွယ်လုဖိုင်'' (ဒုံးလွှတ်ပွဲ) သည် ပျော်ပွဲ ရွှင်ပွဲအသွင်ကိုဆောင်ထား သော်လည်း စေတီကို ပူဇော်သည့် နှစ်သစ်ကူးပွဲတော် ဘာသာရေးအသွင်သဏ္ဌာန်များ ပျောက်ပျက် မသွားပေ။ တစ်ဦးနှင့်တစ်ဦး ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ရွာနှင့်တစ်ရွာ ငြင်းခုန် ခိုက်ရန်ဖြစ်ပွားခြင်း မရှိပေ။ ပအိုဝ်းတို့၏ ''ပွယ်လုဖိုင်'' (ဒုံးလွှတ်ပွဲ)ကို လေ့လာလျှင် ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ခြင်း၊ စည်းလုံးသော အသွင်ကိုဆောင်ခြင်း ၊ ဦးစီးခေါင်းဆောင်သူ ဖြစ်၏။ စကားကိုနာခံခြင်း ပွဲတော်ကော်မတီ၏ အဆုံးအဖြတ်ကို နာခံခြင်းများကို တွေ့ရပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ''ပွယ်လုဖိုင်'' (ဒုံးလွှတ်ခြင်း) ကိုဝါသနာပါ၊ ကျွမ်းကျင်ရုံသာမက ဂုဏ်လည်းယူကြ၏။ ယခုခေတ်တွင် အာကာသသို့ ဒုံးပျံများ ပစ်လွတ်သည်ကို သိသောအခါ မိမိတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ဝ ကျော်ကတည်းက ဒုံးကိုလွှတ်လာတာ ၊ လုပ်လာတာ အဆန်းမဟုတ်ပါဘူးဟု ဂုဏ်ယူ ပြောဆိုကြ၏။ သို့သော် ''ပွယ်လုဖဲုင်' ခေါ် ဒုံးပြုလုပ်သည့် အတတ်မှာ ရှေ့ကအတိုင်းပင် ရှိ၏။ တိုးတက်မှု မရှိပေ။ အကယ်၍ ဒုံးလွှတ်သည့် အတတ်ကို တိုးတက်ကြံဆ တီထွင်နိုင်လျှင်-

0 comments:
Post a Comment