မီးလောင်ဒဏ်ရာ ရသူကို ကုသပေးနေသည့် မြင်ကွင်း၊ ဓာတ်ပုံ- မြန်မာအလင်းသတင်းစာ
လူပေါင်း ၂၅ ဦးသေဆုံးပြီး ၆၀ ကျော် မီးလောင်ဒဏ်ရာရခဲ့တဲ့ ၀မ်းနည်းဖွယ် ဖြစ်စဉ်တခု နိုဝင်ဘာလ ၈ ရက် နေ့ ည သန်းခေါင်းကျော် အချိန်က ကန့်ဘလူမြို့နယ်အနီးမှာ ဖြစ်ခဲ့ပါတယ်။
ဖြစ်ပုံက မန္တလေး ဘူတာကြီး က ထွက်လာ တဲ့ ရထားတစင်းဟာ ကန့်ဘလူမြို့နယ် ချပ်ကြီး ဘူတာ အ၀င်နားမှာ နောက်မှာပါလာတဲ့ ဆီတွဲ ၃ တွဲဟာ တိမ်းမှောက်ရာက ဆီတွဲ ၂ တွဲက လောင်စာဆီတွေ ဖိတ်ယိုကျခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ဆီတွေ ဖိတ်ယိုကျခဲ့တာကို အနီးနားမှာ ရှိတဲ့ ဒေသခံတွေက လာရောက်ခပ်ယူခဲ့ရာမှာ မီးလောင် မှုကြောင့် လူပေါင်း ၂၅ ဦး သေဆုံးခဲ့ကြပြီး ၆၂ ဦး မီးလောင်ဒဏ်ရာတွေ ရ ခဲ့ကြတယ်လို့ ယနေ့ နိုင်ငံပိုင် သတင်းတွေက ဖော်ပြထားပါတယ်။
ထူးခြားတာကတော့ ယခင်တုန်းက ဒီလို သတင်းတွေကို နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်း ဖော်ပြ
လေ့ မရှိခဲ့ပါဘူး။
0 comments:
Post a Comment