November 10, 2012

ပအိုဝ်းလူငယ် ၂ ဦးရဲ့ ပိုလန်ခရီး

ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
   



 တောင်ကြီးမြို့၊ ကောင်ရွေပအိုဝ်းလူငယ်အဖွဲ့ဝင်နှစ်ဦး၏ ပိုလန်နိုင်ငံ လေ့လာရေးခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲကို ကြာသပတေးနေ့က တောင်ကြီးမြို့၊ ပန်းအင်္လကာ ကဖေးတွင်  ပြုလုပ်ခဲ့သည်။


-  မြန်မာ၊ ပိုလန်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဖိတ်ကြားသဖြင့်  ခွန်ခေတ်စံ၊ ခွန်စောအောင်တို့ ပိုလန်တွင် (၈)ရက်ကြာ သွားရောက် လေ့လာခဲ့ကြောင်း ၊
- ဘန်ကောက်မြို့ ပိုလန်သံရုံးတွင် ဗီဇာလျှောက်ရေးအတွက် ထိုင်းတွင်  ရက်အနည်းငယ် နေထိုင်ခဲ့ကြောင်း၊
- ပိုလန်မြို့တော်ကို  အောက်တိုဘာ ၁၃  တွင်ရောက်ရှိခဲ့ကြောင်း၊
- တက္ကသိုလ် တစ်ခုတွင်အာရှတိုက်အကြောင်းလေ့လာနေသော ကျောင်းသားတို့နှင့် ဆွေးနွေးပွဲ လုပ်ခဲ့ကြောင်း၊ 
- မြန်မာနိုင်ငံပြဿနာများ၊ တိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှ အခွင့်အရေး၊ မြန်မာနိုင်ငံ ပညာရေးစနစ် ၊ သဘာဝအရင်းအမြစ်တွေကြောင့် တိုင်းရင်းသားတို့ ဆင်းရဲမှု ပိုမို ကြုံတွေ့ရပုံ၊ အခွင့်အရေးခံစားခွင့် မရပုံတို့ကို ရှင်းပြခဲ့ကြောင်း၊
- မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို နိုင်ငံတကာက လက်ခံကြောင်း ၊ သို့ရာတွင် အောက်ခြေပိုင်းက ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်နိုင်မှု နှေးကွေးနေသေးကြောင်း
အစရှိသည်တို့ကို ဆွေးနွေးခဲ့သည်ဟု  ခွန်ခေတ်စံက ရှင်းပြသည်။

ပိုလန် နိုင်ငံရှိ  နာဇီတို့၏ ဒုတိယကမ္ဘာစစ်ကာလ သြဇ၀စ် အကျဉ်းစခန်းအား သွားရောက် လေ့လာခွင့်ရခဲ့ကြောင်း၊ လူသားချင်းစာနာ ဂရုဏာသက်မိကြောင်း ခွန်ခေတ်စံကပြောသည်။

-                ပိုလန်ရှိ တက္ကသိုလ်ပါမောက္ခတချို့၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ခဲ့ရကြောင်း၊
- ပိုလန်အထက်တန်း ကျောင်းတစ်ခုမှာ မြန်မာရိုးရာ ၀တ်စားဆင်ယဉ်မှုကို တင်ပြခဲ့ကြောင်း၊
- ပိုလန်တက္ကသိုလ်စာကြည့်တိုက်ကို လေ့လာခွင့် ရခဲ့ကြောင်း၊
- ပိုလန် လူငယ်များ  အချိန်ကိုအလဟသ ဖြုန်းတာမျိုးမရှိဘဲ ၊ အလုပ်ကို စိုက်လိုက်မတ်တပ် ဆောင်ရွက်နေကြပုံကို တွေ့မြင်ရကြောင်း ခွန်ခေတ်စံ ကပြောသည်။

                ပိုလန်ခရီးစဉ်ကို အောက်တိုဘာ ၁၀ ရက်က စတင်ခဲ့သည်။




-
 

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts