November 11, 2012

မြန်မာပြည်အလယ်ပိုင်း ငလျင်ကြီးကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိ


နိုဝင်ဘာ ၁၁၊ ၂၀၁၂


ရွှေဘိုမြို့အနီး တည်ဆောက်ဆဲတံတားကို ငလျင်ကြီးအပြီး ဤသိ့ တွေ့ရှိရသည်   (ဓာတ်ပုံ – AP)

မန်မာနိုင်ငံတွင် တနင်္ဂနွေနေ့က လှုပ်ခတ်သွားသည့် ငလျင်ကြီးကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရသွားကြောင်း
ဒေသခံများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကို ကိုးကားပြီး AFP သတင်းတပုဒ်တွင် ရေးထားသည်။

၆ ဒဿမ ၈ ရစ်တာစကေးရှိသည့် ငလျင်လှုပ်အပြီး ၅ ဒဿမ ၈ ရစ်တာစကေး ငလျင်တခု ထပ်လှုပ်ကြောင်း၊ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုကို မသိရှိရကြောင်း သတင်းတွင် ရေးသား ဖော်ပြထားသည်။
(ဓာတ်ပုံ – AP)
အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သော Save the Children အဖွဲ့၏ ထုတ်ပြန်ချက်အရ တည်ဆောက်ဆဲတံတား ပျက်စီးမှုကြောင့် အလုပ်သမား ၄ ဦး ဧရာဝတီမြစ်အတွင်း ကျသွားကြောင်း၊  သေဆုံးသွားသည်ဟု ယူဆကြောင်း သိရသည်။
မြန်မာအစိုးရ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန အရာရှိတစ်ဦးက သေဆုံးမှု ၇ ခုကို အတည်ပြုနိုင်ပြီဟု ဆိုသည်။
ရွှေဘိုအနီး ဆိုးဆိုးရွားရွား ပျက်စီးနေသော ကျေးလက်ဒေသ မြင်ကွင်း (ဓာတ်ပုံ – Reuters)
“ငလျင်က အရမ်း ပြင်းတယ်။ ငလျင်လှုပ်ချိန်မှာ ကျွန်မက ဈေးထဲမှာ ဈေးဝယ်နေတာ။ အမျိုးသမီးတွေ ငိုနေတာ တွေ့ရတယ်။ ငလျင်က ထပ်လှုပ်မယ် ထင်ရတာပဲ။
လူတိုင်း ကြောက်နေကြတယ်” ဟု ရွှေဘိုမြို့မှ အသက် ၂၃ နှစ်အရွယ် မ၀င်းဝင်းနွယ်က AFP သတင်းဌာနကို ပြောပြသည်။

ရွှေဘိုဒေသ ကျောက်မြောင်းမြို့နယ်ခွဲ ကားလမ်း တစ်နေရာ (ဓာတ်ပုံ – Reuters)
AP သတင်းတပုဒ်တွင်လည်း သေဆုံးသူ အနည်းဆုံး ၁၂ ဦး ရှိသည်ဟု ဖော်ပြထားသည်။ ငလျင်ဗဟိုချက်မနှင့် အနီးတ၀ိုက်ရှိ မြို့ငယ်များတွင် ထိခိုက်မှု အများအပြားရှိသည်ဟု ဆိုသည်။.
ယမန်နှစ် နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ် တာချီလိတ်မြို့အနီး လှုပ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ  ၇၀ ထက် မနည်း ရှိခဲ့သည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts