(မိုးမခပေးစာ)
နိုဝင်ဘာ ၁၁၊ ၂၀၁၂
● ဟင်္သာတ ပဒေသာဈေးကိစ္စ (ပေးပို့သူ – ဟင်္သာတသား) နိုဝင်ဘာ ၁၁၊ ၂၀၁၂
ဟင်္သာတမြို့၊ မန်းဘခိုင်းလမ်း ဥယျာဉ်မြောက်ရပ်ကွက်မှာရှိတဲ့ ပဒေသာဈေးကြီးမှ တချို့ဆိုင်တွေရဲ့ ပစ္စည်းပစ္စယတွေဟာ အတွင်းလမ်း ပါမက အပြင်လမ်းကျယ်တွေမှာ အများပြည်သူ သွားလာရခက်ခဲသည်အထိ ပိတ်ဆို့နေပါတယ်။ ဈေးကော်မီတီကို အသိပေးပြောကြားမှု ကြောင့် တချို့ဆိုင်တွေကို နောက်ဆုတ်ခိုင်းတာတွေ ဘာတွေ ပြုလုပ်ခိုင်းခဲ့ပါတယ်။ သို့သော်လည်း ၎င်းတို့နှင့် ဆွေးမျိုးမကင်းတော်စပ်သူတွေ ကြတော့ ဘာမှပြုလုပ်ခိုင်းခြင်းမရှိပဲ နဂိုအတိုင်းပဲ ဈေးခင်းကျင်းများရှိနေသဖြင့် မည်သူ့သို့ တိုင်ကြားရမည်မှန်း မသိပါ။
ယခုအခါ ဆောင်းရာသီအစဖြစ်သော်လည်း ပူပြင်းလှတဲ့အတွက် မီးဘေးအတွက်စိုးရိမ်နေကြရပါတယ်။ သင်ငူ၊ မွေ့ရာ၊ ပရဆေးများကို ဈေးအတွင်း ဖြစ်သလိုစုပုံထားပြီး ကော်မီသို့ တင်ပြပြောဆိုပြန်သော်လည်း ဆွေးမျိုးမကင်းတော်သူများဖြစ်နေသည့်အတွက် မည်သည့်အရေး ယူမှုမှ မရှိခဲ့ပါ။ ဆိုင်ပေါင်းများစွာရှိတဲ့ဈေးထဲမှာ ယခုလို လွယ်လင့်တကူထားရှိသည့် မီးလောင်လွယ်သည့် ပရဆေးနှင့် အခြားပစ္စည်းများ ကြောင့် ဈေးသူ ဈေးသားများမှာ စိုးရိမ်နေကြရပါတယ်။ သက်ဆိုင်ရာလူကြီးမင်းများအနေဖြင့်လည်း အဆိုပါကိစ္စများကို ဘက်မလိုက်ပဲ ထိရောက်စွာအရေးယူပေးပါရန် တင်ပြအပ်ပါသည်။
● စည်းကမ်းမရှိသည့်ကိစ္စတွေ (ပေးပို့သူ – မီးမီး)
ဟင်္သာတ ရန်ကုန်ပြေးဆွဲနေတဲ့ ရွေဒိုးလေး၊ မိဘမေတ္တာ၊ ဝတလုံး၊ ရွှေကမ္ဘာ၊ ယုံသလင်း၊ ရှားခဲ၊ စိန်နိုင်ကျော် မှန်လုံကားများမှာ ဟင်္သာတ မြို့ဝင်ဂိတ်များဖြစ်သော ဗိုလ်မြတ်ထွန်းလမ်း နတ်မှော်လမ်း အင်္ဂပိုလမ်းတိုတွင် စည်းကမ်းမဲ့စွာမောင်းနှင်နေသည်မှာ မြို့နေလူအများ၏ အ သက်အန္တရာယ် စိုးရိမ်နေရပါတယ်။ ထို့အပြင် မြို့ပေါ်ရှိ လမ်းများဖြစ်သော တရုတ်ကျောင်းလမ်းရှိ အလက (၃) ကျောင်းဆင်း ကျောင်းတက် ချိန်များတွင် ကုန်ကားများ ရပ်ထားသည့်အတွက် လမ်းပိတ်ဆို့မှုများ မကြာခဏဖြစ်လျှက်ရှိပြီး ကလေးတွေရဲ့ မတော်တဆ ထိခိုက်မှုအခြေ အနေကို စိုးရိမ်ကြောင့်ကြနေကြရပြီး မီးရထားဘူတာလမ်း၊ တာလေးလမ်း ရွှေလရောင်ကုန်းပေါ်ရှိ စည်းမရှိသည့် ဈေးသည်များကြောင့် လည်း ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေရသည့်အတွက် သက်ဆိုင်ရာမှာ စနစ်တကျဖြစ်အောင် ဆောင်ရွက် အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
0 comments:
Post a Comment