November 11, 2012

စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တာလေးတိုင်းဒေသကြီးတို့တွင်ငလျှင်လှုပ်ရှားမှုဖြစ်ပွား










ယနေ့နံနက်၇း၄၂နာရီအချိန်တွင် မန္တာလေးမြေငလျင်စခမ်းမှ၈၂မိုင်ခန့်ကွာစစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက်(၄၅)မိုင်ခန့်အအကွာတွင် ဗဟိုပြု၍ အင်အားရစ်ခ်စတာစကေး(၆.၈)အဆင့်ရှိ ငလျှင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး(၈း၄၃)နာရီအချိန်တွင် ဒုတိယအကြိမ် ငလျှင်လှုပ်ခတ်မှု ထပ်မံဖြစ်ပေါ်ခဲ့ပါသည်။အဆိုပါဖြစ်ပွားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တာလေးတိုင်းဒေသကြီးတို့တွင် အဆောက်အဦးပြိုကျပျက်စီးမှုများ တံတားပျက်ဆီးမှုများ ဖြစ်ပွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရွှေဘိုမြို့အမှတ်(၄)ရပ်ကွက်အရှေ့လောကမာရဇိန်ဘရား မုဒ်ဦးပြိုကျခြင်း အမအမှတ်(၉)ကျားကျောင်း ဘုန်းကြီးကျောင်း အုတ်တံတိုင်း(၄)ခန်းပြိုကျခြင်း ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ် ရတနာသိင်္ခ ဧရာဝတီဖြစ်ကူတံတား(တည်ဆောက်ဆဲ)မှာ ပြိုကျပျက်စီးမှု များကြောင်းနှင့် လူသေဆုံးမှုရှိကြောင်း သိရှိရသည်။ခင်ဦးမြို့နယ်ကဘွတ်ကျေးရွာမှ တိုက်အလုံး(၂၀) ကုတ္တက်ကျေးရွာမှ တိုက်(၅)လုံး ရုံးပင်ကျေးရွာမှအိမ်(၂)လုံး ပြိုကျပျက်စီးခြင်းတို့ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းမြို့တွင် ရတနာပုံ တံတားအဆင်း၊ ဇေယျာရွှေမြေမုခ်ဦးမှ ခြင်္သေ့ရုပ်(၂)ခု ပြိုကျခြင်းထူပါရုံကြီးပတ်ပတ်လည် အထက်အောက်အက်ကွဲကြောင်းများ ဖြစ်ပေါ်ခြင်း လေးကျွန်းမာန်အောင် ဘုရားကြီး စိန်ဖူးတော် မြေခခြင်းတို့ဖြစ်ပွားခဲ့ပါသည်။ 
မန္တာလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် ရွေးစည်းခုံဘုရားမှ ဘုရားတစ်ဆူ ထီတော်ပြုတ်ကျခြင်း ရွေကူကြီး မူလတန်းကျောင်းဆောင်(၁)ဆောင်ပြိုကျ၊ ရတနာသိင်္ခတံတား တိုင်အမှတ်(၃)နှင့်(၄) ရွှေဘိုဘက်ကမ်းမှ ပြိုကျခြင်း စည်ပင်ရေစင် ဂါလံ(၁၂၀၀)ဆံ့ပြိုကျ ခြင်း ဝါးရုံကုန်း နတ်တောင် ရေတော်ဘုရားအုတ်တံတိုင်း အနည်းငယ် ပြိုကျခြင်း ဟင်္သာဖိုရွာမြေကြီး အက်ကွဲဖြင်း တို့ဖြစ်ပွားခဲ့သည်။ သပိတ်ကျင်းမြို့နယ်တွင် အဆောက်အဦးတစ်လုံးပြိုကျပြီးလူတစ်ဦး သေဆုံးခဲ့ပြီး ၂၄ဦးဒဏ်ရာရရှိခဲ့ခြင်း ဆေးရုံအုတ်တံတိုင်းပြိုကျခြင်း ဘဏ်အဆောက်အဦးအုတ်ချပ်များ ကွာကျခြင်း၊ သပိတ်ကျင်းမြို့နယ် အဝင်လမ်းများ လှိုင်းတွန့်များ ဖြစ်ပေါ်ခဲ့ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ချမ်းအေးသာစံမြို့တွင် ကဉ္စနမဟီရပ်ရှိ ရွှေဘုံသာဘုရား စိန်ဖူးတော် မြေခခြင်း ၊မန်းမြန်မာပလာဇာ မြေညီထပ်အက်ကွဲ အပေါ်ထပ်အက်ကြောင်းများဖြစ်ပွားခဲ့သည်။ အောင်မြေသာစံမြို့နယ် အမရဌာနီ အရှေ့ရပ်ကွက်ရှိ အရိပ်မထွက်ဘုရား စိန်ဖူးတော်မြေခခြင်း အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာ စွယ်တော်မြတ်စေတီတော် သံထီးတော် ယိုင်ခြင်း၊ ရွှေဂူကြီးဘုရား အရံစေတီတော်တစ်ဆူ ထီးတော်မြေခခြင်း၊ တော်သမန်ကျေးရွာအုပ်စု ကျောက်တော်ကြီးဘုရားအရှေ့ဖက်အဝင်မုဒ်ဦးတိုင် အပေါ်ပိုင်းကျိုးခြင်း တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက် မင်္ဂလာစေတီတော်ထီတော်ကောက်သွားခဲ့ခြင်း ဆေးအိုးဘိုစေတီတော် ဖောင်းရစ်များ ကွာချခြင်း အင်းဝမြို့ဟောင်း စန္ဒာမုနိဘုရား လေးထပ်ကြီးဘုရား လောကသရဖူဘုရားများ ဖောင်းရစ်တော် ကွာကျခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts