November 7, 2012

နောင်တောင်း လှုပ်ရှားမှု မှတ်တမ်း ၁

ကျွန်မတို့ နောင်တောင်းမှာ အခုဆိုရင် တက္ကသိုလ်ကျောင်းသူ၊သားများကို အခမဲ့ ကွန်ပျုတာ သင်တန်း ဒုတိယအကြိမ်ကို ၂.၉.၂၀၁၁ ရက်နေ့မှာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်..... ကွန်ပျူတာသင်တန်းသားတွေကို ဆယ်တန်းအောင် ၊ ဆယ်တန်းခဏ နားထားသူ ၊တက္ကသိုလ်တတ်နေဆဲကျောင်းသူ၊ ကျောင်းပြီးထားတဲ့ ကျောင်းသားကျောင်းသူများကို ကျောင်းထိုင်လည်းဖြစ် ကျောင်းအုပ်လည်းဖြစ်တဲ့ ဆရာတော်က နယ်အသီးသီးကနေ ခေါ်ယူ သင်ကြားပေးခြင်း ဖြစ်ပါတယ်။ နယ်တွေက ပင်လောင်း၊ နောင်တရား၊ ရပ်စောက်၊ ကျောက်တလုံး၊ ဆီဆိုင်၊ ဆိုက်ခေါ်နှင့် မဲနယ်တောင် တစ်ဝိုက်မှ ဖြစ်ပါတယ်။ သင်တန်းမှာ ကွန်ပျူတာသင်တန်းအပြင် အခြားသော self awareness သင်တန်း၊ English Speaking သင်တန်းနဲ့ အိမ်တွင်းမှု လုပ်ငန်းသင်တန်းအပြင် အဘိဓမ္မာနှင့် ယဉ်ကျေးမှု သင်တန်း၊ ပအိုဝ်းစာသင်ကြားခြင်း သင်တန်း၊ စာရေးနည်း စာဖတ်နည်းသင်တန်းတွေကို သင်ကြားပေးနေခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်က နယ်အရပ်ရပ် ဒေသအသီးသီးမှ ပအိုဝ်းတိုင်းရင်းသားများ ဘက်ပေါင်းစုံ တိုးတက်ရေး ၊ ခေါင်းဆောင်ကောင်း ပေါ်ပေါက်လာရေးတွေ  ဖြစ်ပါတယ်။ အကယ်၍ သူငယ်ချင်းတို့နယ်မှ ကျောင်းတက်နေဆဲ ဖြစ်သော်လည်း ကျောင်းပိတ်ထားလို့ အိမ်မှာ အနားယူနေသူတွေ၊ ၁၀ တန်းအောင်ပြီး တက္ကသိုလ်ကို တက်ဖို့ စောင့်နေရသူတွေ ရှိနေရင် ဆက်သွယ်လိုက်ပါ။ အောက်မှာ ဓာတ်ပုံအနည်းငယ် တင်ပြသွားပါမယ်။
 
ကွန်ပျူတာ သင်တန်းအချိန်
ခေါင်းဆောင်အရည်အသွေး မြှင့်တင်ခြင်းကဏ္ဍ
လူမှုဆက်ဆံရေးသင်တန်း
ဆပ်ပြာလုပ်နည်း
 
စည်းလုံးမှုကိုတည်ဆောက်နေသော ဂိမ်းကစားနည်း

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts