November 7, 2012

နောင်တောင်း လှုပ်ရှားမှု မှတ်တမ်း ၂

နောင်တာင်းရဲ့ လှုပ်ရှားမှုအကြောင်းကို ပြောရမယ်ဆိုရင် တော်တော်ကြာကြာကို ပြောရမှာပါ။ မပြီးနိုင်ပါဘူး။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ပအိုဝ်းတွေ အားလုံး ဂုဏ်ယူထိုက်တဲ့ လုပ်ငန်းကို လုပ်နေတာပါ။ ဆရာတော်က ကျောင်းတိုက်ကို တည်ထောင်တာ ၁၀ နှစ်မပြည့်သေးခင်မှာပဲ တက္ကသိုလ်ကျောင်းသား/ကျောင်းသူ ၃၆ ယောက်ကို စတင်လက်ခံခဲ့ပါပြီ။ နောက်ဆိုရင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပအိုဝ်းတက္ကသိုလ်တစ်ခု ပေါ်ပေါက်လာဖို့ ဦးတည်ပါတယ်။ ရောက်လာတဲ့ သင်တန်းသူ/ သင်တန်းသားများကို ဘာသာကွဲအမျိုးမျိုးနဲ့ သင်ကြားပေးနိုင်အောင် ကြိုးစားနေပြီး နောက်နှစ်မှာဆိုရင်
ပအိုဝ်းဒေသမှ ၁၀ တန်းအောင် ကျောင်းသား/ကျောင်းသူများကို သီးသန့်ခေါ်ယူပြီး
ကွန်ပျူတာ
အင်္ဂလိပ်
အဘိဓမ္မာနှင့် ယဉ်ကျေးမှုသင်တန်း
ဖွံ့ဖြိုးရေးသင်တန်း
ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု သင်တန်းများကို ပို့ချပေးသွားမှာ ဖြစ်ပါတယ်။








ဒါတွေက မှိုစိုက်နည်း ကို လက်တွေ့ သင်ကြား စိုက်ပျိုးနေပုံတွေပါ။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts