November 7, 2012

ကလောမဲဆန္ဒနယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ ရှုံးနှိမ့်

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကိုယ်စားလှယ်လောင်း ခွန်သန်းမောင်က ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဒေါက်တာ ဒေါ်သန်းငွေကို ရှုံးနှိမ့်သွားခဲ့ပါတယ်။

ကလောမြို့ မဲဆန္ဒနယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလောင်းတွေကတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ခွန်သန်းမောင် (ခ) ခွန်ပေါလိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာ ဒေါ်သန်းငွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးမြ၀င်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) မှ ဦးခင်မောင်လှ နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) မှ စ၀်သာဦး စတဲ့ပါတီများမှ ကိုယ်စားလှယ်လောင်းတွေ ဖြစ်ကြပါတယ်။

ကလောမြို့နယ်မှ မဲဆန္ဒနယ်ရှိ မဲရုံပေါင်း ၁၃၁ ရုံမှ ရရှိသည့်မဲများအနက် NLD ပါတီက ၄၃၉၄၃ မဲ၊ USDP ပါတီမှ ၁၇၉၀၅ မဲ၊ PNO ပါတီမှ ၁၀၂၅၈ မဲ၊ NUP ပါတီမှ ၁၇၁၁ မဲ၊ နှင့် SNDP ပါတီမှ ၆၀၇ မဲ စတဲ့ မဲအရေအတွက် အသီးသီးတွေ ရရှိကြပြီး၊ ပယ်မဲကတော့ ၃၂၇၈ မဲ ရှိတယ်လို့ သိရပါတယ်။

ဒီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရာမှာ နိုင်တာ မနိုင်တာ ပဓာနမဟုတ်ပဲ ပအိုဝ်းလူမျိုးများ စည်းလုံးညီညွတ်မှု ပိုမိုရရှိလာရေးဟာ ပိုအရေးပါကြောင်း။ PNO အနေဖြင့် ကလောမြို့နယ်အတွင်း လူဦးရေသုံးပုံ တစ်ပုံခန့်ရှိသော ပအိုဝ်းတိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသော အဖွဲ့အစည်းရှိလာခြင်းအားဖြင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်မှု ပိုမိုရရှိနိုင်ကြောင်း ရွေးကောက်ပွဲမတိုင်မီ မတ်ခ်ျလအတွင်း စည်းရုံးရေးခရီးပြုလုပ်စဉ် PNO ပါတီအောင်နိုင်ရေးဥက္ကဌ ခွန်သူတော် ကို ကိုးကားပြီး YPI သတင်းဌာနက ဖေါ်ပြသွားတာ ကြားသိရပါတယ်။

၂၀၁၁ ခုနှစ် ဇူလိုင်လ သန်ခေါင်စာရင်းအရ ကလောမြို့နယ်အတွင်း လူဦးရေ စုစုပေါင်း ၁၄၉၀၀၀ ဦးရှိသည့်အနက် ဓနု- ၅၄၅၂၃ ဦး၊ ဗမာ-၃၆၈၁၀ ဦး၊ ပအိုဝ်း-၃၀၂၉၂ ဦး၊ တောင်ရိုး-၂၁၀၂၆ ဦး၊ ပလောင်-၃၂၅၀ ဦး၊ ရှမ်း-၉၃၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။ ကလောမြို့နယ်တွင် အသက် (၁၈)နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၉၂၂၅၆ ဦးရှိကြောင်း သန်ခေါင်စရင်းအရ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်ပေါင်း ၄၅ နယ်အနက် အမျိုးသားဒီမိုကရေအဖွဲ့ချုပ်က မဲဆန္ဒနယ်ပေါင်း ၄၀ အနိုင်ရရှိတယ်လို့ အစိုးရရုပ်မြင်သံကြားနှင့် သတင်းဌာနတွေက ဖေါ်ပြသွားပါတယ်

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts