November 7, 2012

ငြိမ်းဖောင်ဒေးရှင်မှ အထောက်အကူပြုပေးသော ပြည်သူ့ နီတိသင်တန်း ဆီဆိုင်မြို့ နယ်၊ဆိုက်ခေါင်စံပြကျေးရွာတွင် ကျင်းပပြီးစီးခဲ့........

ဆီဆိုင်မြို့ နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် ငြိမ်းဖောင်ဒေးရှင်းမှ အထောက်အကူပြုပေးပြီး ဆိုက်ခေါင်ဒေသဖွံ့ ဖြိုးရေးကော်မတီမှ ကြီးမှူးကျင်းပသော ပြည်သူ့ နီတိ သင်တန်းကို ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၄)ရက်တွင် ကျင်းပပြီးစီးသွားခဲ့သည်။ သင်တန်းဆင်းပွဲကို ၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၄)ရက် နံနက်(၈း၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပြီး သင်တန်းသား/သူ (၃၈) ယောက်၊ ဆိုက်ခေါင်ဒေသဖွံဖြိုးရေးကော်မတီအဖွဲ့ ဝင်များ၊ NLD ပါတီအဖွဲ့ ဝင်များ၊ ကျားဖြူ ပါတီအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာလူကြီးများ၊ ရပ်မိရပ်ဖများ တက်ရောက်အားပေးခဲ့သည်။
    သင်တန်းဆင်းပွဲအခန်းအနားတွင် ဆိုက်ခေါင်ဒေသဖွံ့ ဖြိုးရေးကော်မတီ ဥက္ကဌ ဦးခွန်ချစ်လယ်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းပို့ ချပေးသော ရန်ကုန်မှ ဆရာဦးနန်းအောင်  (In House Trainer)  (CEJP project ၊ Ngein [shalom] foundation) ၊ ဖယ်ခုံမှ ဆရာဦးညီညီလွင်၊ ဆီဆိုင်မှ ဦးခွန်သီဟစိုးတို့ ကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထိုနောက် သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး  နံနက်(၁၀း၃၀) နာရီတွင်သင်တန်းဆင်းပွဲ အခန်းအနားကို လွတ်လွတ်လပ်လပ်နှင့် အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့သည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts