November 9, 2012

AFFM သည် နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းများနှင့် တိုက်ရိုက် ဆက်ဆံမည်

eeAFFMမြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်အမားများ အဖွဲ့ချုပ် (AFFM)သည် အခြားသော မိတ်ဖက် သမဂ္ဂ များနှင့် ပူးပေါင်းပြီး အရေးပေါ်အစည်းအဝေး တရပ်ကို ယမာန်နေ့၌ ရန်ကုန်မြို့ နိကယ် ကျောင်းတိုက်တွင် ကျင်းပ ခဲ့ပါသည်။
“ တိုင်းနဲ့ပြည်နယ် (၈) ခုကနေ ကိုယ်စားလှယ်ပေါင်း (၅၄) ဦး တက်ရောက် ပါတယ်။ ကျနော်တို့ (AFFM) အဖွဲ့အပြင် ပေါ့လေ မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) ရယ်၊ ကျောင်းဆရာ သမဂ္ဂများ အဖွဲ့ချုပ် (PTU) ရယ်၊ ပြီးတော့ သတင်းနဲ့ စာအုပ် ထုတ်ဝေရေး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (JPPWU)တို့နဲ့ လက် တွဲပြီးတော့ လုပ်ဆောင် ခဲ့ပါတယ်။” ဟု AFFM ဒုဥက္ကဌ ဖြစ်သူ စောသိန်းကြည်က ပြောပါသည်။

AFFM သည် လွတ်လပ်သော တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်အမားများ သမဂ္ဂများ အဖွဲ့ချုပ် ဖြစ်သည့် အတွက် နိုင်ငံတကာ သမဂ္ဂ များနှင့်လည်း လွတ်လပ်စွာ ဆက်ဆံ သွားမည်ဟု ဆုံးဖြတ် ခဲ့ပါသည်။
ထိုအစည်းအဝေးသို့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း စသည့် ပြည်နယ်နှင့် တိုင်း (၈) ခုမှ ကိုယ်စားလှယ် (၅၄) ဦး တက်ရောက် ခဲ့ကြပြီး ၎င်းတို့ ဒေသ တွင်း ဖြစ်ပေါ်နေသော သမဂ္ဂ စုဖွဲ့မှု အခြေအနေနှင့် ဒေသ အခြေအနေ များကို တင်ပြ ဆွေးနွေး ခဲ့ကြသည်။
AFFM သည် အစိုးရမှ ချမှတ် ထားသော ဥပဒေ အတိုင်း စုဖွဲ့ ထားခြင်း ဖြစ်ပြီး အဖွဲ့၏ ဥက္ကဌသည် ဒေါ်သန်းသန်းဌေး ဖြစ်ပါ သည်။ ဒုဥက္ကဌ (၁) သည် စောသိန်းကြည်ဖြစ်ပြီး ဒုဥက္ကဌ (၂) သည် ဦးစိုးလေး(ခ) ဦးစိုးဝင်းတို့ ဖြစ်ကြ ပါသည်။ အတွင်း ရေးမှူးသည် ဦးဖိုးယဉ်အေး ဖြစ်ပြီး၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးမြင့်ဌေး နှင့် တွဲဖက် အတွင်းရေးမှူး (၂) သည် ဦးလေးလွင် ဖြစ်ပြီး အလုပ် အမှုဆောင် အဖွဲ့ဝင်ပေါင်း (၁၄) ဦးနှင့် ဖွဲ့စည်း ထားပါသည်။
“ရပ်/ကျေး ဖွဲ့စည်းမှုတွေ မှတ်ပုံတင် ရရှိဖို့ကို ဒီဇင်ဘာလ အတွင်း အားလုံး ရရှိဖို့၊ မြို့နယ် အဆင့်ကို ဖေဖော် ဝါရီလ အတွင်းမှာနဲ့ ပြည်နယ်တိုင်း အဆင့်ကိုတော့ မတ်လ မကုန်ခင် အပြီး လုပ်ဆောင် ပြီးတော့မှ အေပရယ် လအမှီ အဖွဲ့ ချုပ် အဆင့် အနေနဲ့ ညီလာခံ ခေါ်ယူနိုင်ဖို့ ဆုံးဖြတ် ခဲ့ကြတယ်” ဟု ဆိုသည်။

AFFM_Shwe_01အစည်းအဝေး ကျင်းပနေစဉ် (ဓါတ်ပုံ AFFM)
ဤအစည်း အဝေးသည် AFFM ၏ ပထမဆုံး အရေးပေါ်ဗဟို ကော်မီတီ အစည်းအဝေး ဖြစ်ပါသည်။ အစည်းအဝေးကို တရက်တာသာ ကျင်းပပြီး အစိုးရမှ အသိအမှတ်ပြု ထားပြီးသော အခြေခံ သမဂ္ဂများ ထဲမှ မြို့နယ် အဆင့် ဖွဲ့စည်း နိုင်သော သမဂ္ဂများအား မြို့နယ်အဆင့် ဆက်လက် ဖွဲ့စည်းရန် ဆုံးဖြတ် ကြပါသည်။  မြို့နယ်အဆင့် သမဂ္ဂများ ဖွဲ့စည်းနိုင်သော နေရာများမှာ ရန်ကုန်တိုင်း၌ (၃) နေရာ၊ ဧရာဝတီတိုင်း၌ (၂) နေရာနှင့် အခြား ပြည်နယ် တိုင်းများ၌ (၈) နေရာဖွဲ့စည်း နိုင်ပြီး ဖြစ် သည်ဟု ဆိုပါသည်။
မြန်မာ နိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ် သမားများ အဖွဲ့ချုပ် (AFFM) သည် ၂၀၁၁ ခုနှစ် အောက်တို ဘာလ ၂၅ ရက်နေ့၌ စတင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာ စားသောက်ကုန် လုပ်ငန်းများ ဆိုင်ရာ သမဂ္ဂ (IUF) ၏ အဖွဲ့ဝင် ဖြစ် သည်။ လက်ရှိ၌ အဖွဲ့ဝင် အခြေခံ သမဂ္ဂပေါင်း ၅၄၉ ဖွဲ့ရှိပြီး အဖွဲ့ဝင်ပေါင်း (၂၀၀၀၀) ကျော်ရှိပြီး ဖြစ်ပါသည်။ ထိုထဲမှ ပုံစံ (၇) အဆင့်ဟု ခေါ်သော အစိုးရ အသိအမှတ်ပြု မှတ်ပုံတင် သမဂ္ဂ အဖွဲ့ပေါင်း ၃၀၀ခန့် ရှိပြီး ဖြစ်ပါသည် ကျန်သည့် အဖွဲ့ များမှာ သမဂ္ဂ ဖွဲ့စည်းခွင့် ပြုရန် တင်ပြပြီး ဆိုသည့် ပုံစံ(၆) ရရှိ ထားသော အဖွဲ့များ ဖြစ်ပါသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts