ဈေးထဲတွင်
လူတစ်ယောက် ကြက်တူရွေးတစ်ကောင်ကို အော်ရောင်းနေသည်။ ကြက်တူရွေး၏
ညာခြေထောက်တွင် အနီရောင်အပ်ချည်ကြိုး၊ ဘယ်ခြေထောက်တွင် အစိမ်းရောင်
အပ်ချည်ကြိုး ချည်ထားသည်။ ဈေးလာဝယ်သောလူက စိတ်ဝင်စားသဖြင့် မေးသည်။
“ကြက်တူရွေးမှာ ဘာဖြစ်လို့ ကြိုးနှစ်
“ကြက်တူရွေးမှာ ဘာဖြစ်လို့ ကြိုးနှစ်
ချောင်း ချည်ထားရတာလဲဗျ”
“သြော် ဒါလား၊ ဒီကြက်တူရွေးက စာတတ်ပုဂ္ဂိုလ်လေးခင်ဗျ။ ကြိုးနီကို ဆွဲလိုက်ရင် ဒီကောင်က ပြင်သစ်လို စကားပြောတယ်။ အဲ... ကြိုးစိမ်းကို ဆွဲလိုက်ရင်တော့ အင်္ဂလိပ်လို ပြောတယ်ဗျ”
“နှစ်ချောင်းစလုံးကို တစ်ပြိုင်နက် ဆွဲလိုက်ရင်ကော”
ပိုင်ရှင်မဖြေခင် ကြက်တူရွေးက စိတ်တိုစွာ ၀င်ပြောသည်။

“ဘာဖြစ်ရမလဲ၊ ဖင်ထိုင်လဲကျသွားမှာပေါ့”
ဆရာ..။ ။ကျောင်းသားမောင်ချစ်ထပါဦး...။
မောင်ချစ်။ ။ဟုတ်ကဲ့ဆရာ။
ဆရာ..။ ။ဆရာသချာင်္တစ်ပုဒ်မေးမယ်စိတ်နဲ့ တွက်ရမယ်နော်...။
1940 နဲ့ 2340ကိုပေါင်း17နဲ့ စား1444ကိုနုတ်နှစ်ထပ်
ကိန်းရင်းရှာဒါဆိုဘာရလဲ...?
မောင်ချစ်။ ။ဟုတ်ကဲ့ဆရာ။
ဆရာ..။ ။ဆရာသချာင်္တစ်ပုဒ်မေးမယ်စိတ်နဲ့ တွက်ရမယ်နော်...။
1940 နဲ့ 2340ကိုပေါင်း17နဲ့ စား1444ကိုနုတ်နှစ်ထပ်
ကိန်းရင်းရှာဒါဆိုဘာရလဲ...?
မောင်ချစ်။ ။ခေါင်းကိုက်ရောဂါရပါတယ်ဆရာ။
0 comments:
Post a Comment