ဒီ ပို့စ်လေး ကို … ဟာသပို့စ်လေးတခုလို သတ်မှတ်လဲ ရပါတယ် …
ဒါမှမဟုတ် … ပညာရပ်တခုကို ဝေမျှနေတယ်လို့ ယူဆလဲ ရပါတယ် …
စာဖတ်သူတို့ရေ … သေချာတာ တခုကတော့ …
အင်္ဂလိပ်စာ ကိုလေ့လာတဲ့ အခါ … ရယ်မောပျော်ရွှင်ရင်းနဲ့အတူ …
ထိထိရောက်ရောက် … လေ့လာနိုင်တယ် ဆိုတဲ့ အချက်လေးပါ …
ဒီတော့ … ပေါ့ပေါ့ပါးပါးလေးသာ ပြုံးလိုက်ကြရအောင်နော် …
( ဟိုကောင်လေးတယောက် … နင့်ကို မျက်စပစ်ပြနေတယ် … )
◄======================================►
မျက်စ … မျက်စ … a piece of grass လား … မြက်စ ဆိုတော့ … ဟိ …
ပေါက်ကရတွေ … မျက်ရိပ်မျက်ခြည် ပြနေတယ် ပြောချင်တာလေ … ဒီတော့ …
That guy is making eyes at you လို့ ရေးမှ မှန်ပါမယ် …
( ဝေးလေ … ကောင်းလေပဲ … )
◄===================►
ဒါ လူတွေ အမြဲ မှားတတ်တဲ့ … အမှားလေး တခုပါပဲ …
So far … so good ဆိုတာကို … မြင်တဲ့အခါ … တိုက်ရိုက်ကြီး … ဘာသာပြန်ပြီး …
ဝေးလေ … ကောင်းလေ လို့ သတ်မှတ်ကြပါတယ် … So far … so good ဆိုတာက …
အခုထက်ထိ ကောင်းနေသေးတယ်လို့ ပြောချင်တာပါ … တခြားစီနော် …
ဝေးလေ … ကောင်းလေ အစစ် က … The further … the better ဖြစ်ပါတယ် … ဟိ …
( ဖွန်ကြောင် … )
◄========►
ဖွန်ကြောင်ဆိုတာကို … အင်္ဂလိပ်လို ဘယ်လိုခေါ်ပါလိမ့် … ပြီးတော့ …
ဖွန်ကြောင် လို့ကော … ဘယ်သူတွေက စထွင်လိုက်တာပါလိမ့် … ထွင်ပဲ ထွင်တတ်တယ် … ဟိ …
Phon cat လား … ဟိ … ပေါက်ကရတွေ ပြောပါပြီ … ကဲ … အမှန်ပြောပြမယ် …
Womanizer ဆိုတာ … မိန်းကလေးများ … မရှုပ်မရှင်း ဖြစ်တဲ့သူ ကိုပြောတာပါ … အော် …
Skirt Chaser ဆိုတာလဲ … ပြောလို့ရတယ် … ဘာလဲဆိုတော့ … တဏှာရူးတဲ့ … ဟေ့ဟေးးး …
( ဂျွန် … ဘယ်မှာလဲဟင် ??? )
◄=================►
John ဆိုတာ … လူနာမည် အပြင် … တခြား အဓိပ္ပာယ်ရှိပါတယ် …
ကွယ်လွန်တယ် ဆိုတဲ့ စကားကိုတောင် … အမျိုးမျိုး ပြောင်းပြောကြသလိုပေါ့ဗျာ …
Toilet ( အိမ်သာ ) ကို … တခါတလေ … Where’s john ? လို့ ပြောကြပါတယ် …
သေတယ် … ဂန့်တယ် … ဂွိပြီ … ဆုံးပြီ … လျှောပြီ … သွားပြီ လို့ ပြောကြသလိုပဲ …
သန့်စင်ခန်း ကိုလဲ … Toliet … Latrine … bath room အထိ ပြောတတ်ကြပါတယ် …
ဒီထက် ပို အီဒီယမ် ဆန်မယ် ဆိုရင် … Where’s John ? ( Toilet အပေါ်က ယောကျာ်းပုံ )
Nature is calling me … ( သဘာဝ က တားဆီးလို့ မရတော့ဘူး … ) အထိ သုံးကြပါတယ် …
ဟူး … အားလုံးကို ရှုပ်နေတာပဲနော် … အိမ်သာတက်ဖို့အရေး … ဟဟဟ …
Keen
ကဲ … ပို့စ်လေး အဆုံးမှာ …
စာဖတ်သူတို့ … မရယ်တောင် ပြုံးမိမယ်ထင်ပါတယ် …
အဲ့အချိန်မှာ … တပြိုင်နက် … စကားစုလေးတွေကို ဟာသနဲ့တွဲပြီး … ပြန်မြင်ယောင်ကြည့်ပါ …
ထူးထူးခြားခြား … ကျက်မှတ်စရာ မလိုပဲ … မှတ်မိနေတာကို တွေ့ရပါလိမ့်နော် …
ပျော်ရွှင်ပါစေ …

0 comments:
Post a Comment