November 5, 2012

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ပဲခူးတိုင်း ထန်းတပင်မြို့နယ်တွင် ပါတီရုံးသစ်ဖွင့်လှစ်



၎- ၁၁- ၂၀၁၂ နံက် ၉း၃၀ အချိန်တွင် ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသတွင် PNO ပါတီရုံးသစ်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာဖွင့်လှစ်လိုက်ပါသည်။

ထိုပါတီရုံးဖွင့်ပွဲသို့ PNO ပါတီမှ ဒု- ဥက္ကဌ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဆီဆိုင်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ PNO ပါတီမှအထွေထွေ အတွင်းရေးမှူး ဟိုပုံးမြို့ နယ်ပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးခွန်သိန်းဖေ၊ ပင်းလောင်းမြို့နယ် ပြည့်သူ့လွတ်တော်ကိုယ်စားလှယ်ဦးခွန်ခင်မောင်သောင်း တို့မှဦးဆောင်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီရုံးကို ဇရပ်ကြီးဒေသတွင်ဖွင့်လှစ်ခဲ့သည်။


ထိုပါတီရုံးသစ်ဖွင့်ပွဲ့အခမ်းအနားသို့ ဇရပ်ကြီးဒေသရှိ ဒေသခံမိဘပြည်သူများ၊ ဇရပ်ကြီးဒေသရှိ အခြားညီနောင်ပါတီများဖြစ်သော NLD ပါတီမှကိုယ်စားလှယ်များ၊ တစညပါတီမှကိုယ်စားလှယ်များ၊ ကြံ့ခိုင်ရေးပါတီမှကိုယ်စားလှယ်များ၊ တောင်ကြီးမြို့ ပအိုဝ်းမူးကုသိုလ်အားရဲင်.အဖွဲ့များနှင့် ပအိုဝ်းဂီတအနုပညာ ရှင်များ တက်ရောက်ချီးမြှင့်ပေးခဲ့ကြပြီး ညပိုင်းတွင် ပအိုဝ်းဂီတအနုပညာရှင်များမှ သီဆိုဖျော်ဖြေခဲ့သည်။


0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts