November 7, 2012

သာမညမြေမှာ ပအိုဝ်းအလံ အလူလူလွင့်ပျံနေပြီ



သာမညမြေမှာ ပအိုဝ်းအလံ အလူလူလွင့်ပျံနေပြီ

ခမ်းကီး.. မင်းပြန်မလာသေးဘူးလား။ ပွဲတော်ရက် နီးနေပြီလေ။ ပြန်လာဖြစ်အောင် ကြိုးစားနော်။ အခု ငါတို့ အလံတိုင် လိုက်ထူနေတာကွ။ လမ်းကြုံလို့ မင်းဆီ ဖုန်းတက်တာ။
ဖုန်းထဲက ကြားနေရတဲ့ သူငယ်ချင်းအသံ။ ခမ်းကီးမှာတော့ မျက်ရည်ဝဲကျနေတာ သူမသိဘူး။

ဘာလိုလိုနဲ့ တပေါင်းလပြည့်တောင် ရောက်တော့မယ်လေ။ အခုနေများ ခမ်းကီး ရွာမှာ ရှိနေရင် အားချိန်ဘယ်ရတော့မလဲ။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရဲ့ ပအိုဝ်းအမျိုးသားနေ့က ခမ်းကီးတို့ရဲ့ သာမညမှာလေ။ ဆရာတော်ဘုရား ရှိစဉ်ကတည်းက စည်ကားခဲ့တဲ့ အမျိုးသားနေ့ပွဲတော်က သာမညမှာ ကျင်းပ ပြန်ပြီပဲ။
တစ်ခြားရွာတွေမှာ မရှိတဲ့ ပအိုဝ်းအမျိုးသားနေ့ကွင်းမှာ အခုဆို မွိုးနဂါ့၊ ဖာဝိဇ္ဇာရုပ်ထုကြီးရယ်၊ အခိုင်အမာ ဆောက်ထားတဲ့ မုဒ်ဦးရယ်နဲ့ပေါ့။
သူငယ်ချင်းက ပြောသေးတယ်။ အိမ်တိုင်းမှာလည်း ပအိုဝ်းအလံ တလူလူ လွင့်ထူနေကြလို့ရယ်..တဲ့။
တိုင်းတစ်ပါး ရောက်နေတဲ့ ဖူးဝေးတို့ရေ….။ မင်းတို့ ပအိုဝ်းအမျိုးသားနေ့ ပြန်ပြီး မနွဲချင်ကြဘူးလားဝေ့။
ခမ်းကီးတော့ ပအိုဝ်းအလံတလူလူ လွင့်ပျံနေတဲ့ သာမညလမ်းမတမ်း မြင်ယောင်ရင်း….။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts