November 7, 2012

ပအိုဝ်းရှင်ပြုပွဲ


မှိုင်းညို့ဝေ ဂိမာန်နွေအကူး
ပျော်မြူးစရာ့ တို့ဓလေ့
နွဲကြစို့လေ…
ဟိုဘက်ရွာလည်း ဆူညံနေ
သည်ရွာမှာလည်း လူတွေစည်လို့
မြည်လေတဲ့ ဗျောဗုံသံက
မိုးယံထိကြား။
လာလှည့်ပါ ကြွကြပါ
ဖော်ရွေစွာ ဖိတ်လိုက်ပုံများ
နတ်ပြည်အလားလေ
စားကြစေ အ၀ကျွေးလို့
သောက်ကြစေ အားရလေအောင်
ငါ့သားမောင် ကိုရင်ဝတ်ဖို့
မှန်းမျှော်သည် နိဗ္ဗာန်နန်းသို့
သာဓုခေါ်ပါ မိတ်သဟာတို့ရယ်
ရွာအလယ် မဏ္ဍပ်ကြီးနဲ့
ကျက်သရေကြွယ် မောင်ရင်လောင်းကို
ရှင်ပြုတဲ့ပွဲ။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts