November 11, 2012

ရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး လာရောက်ဖွယ်ရှိ


ရန်ကုန်၊ နိုဝင်ဘာ ၁၁
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဧရာဝတီ မြစ်ကူးတံတား
ရတနာသိင်္ခ တံတားစီမံကိန်းသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
လာရောက်ဖွယ်ရှိကြောင်း ယင်းတံတား စီမံကိန်း ဆောက်လုပ်ရေး
အင်ဂျင်နီယာ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
အင်အား ၆ ဒသမ ၈ ပြင်းအားရှိသော ငလျင်ကြောင့် ရတနာသိင်္ခ
တံတား၏ ရေလယ်မိုင်တိုင် ၂ နှင့် ၃ (ကျောက်မြောင်းမြို့ဘက် အခြမ်း)
မှာ ပြိုကျသွားခဲ့ပြီး ပစ္စည်းသယ်ယူသော ရေယာဉ်မှာလည်း နစ်မြုပ်သွား ကာ လုပ်သား လေးဦး ပါဝင်ကြောင်း The Voicce Weekly သတင်းထောက်က သတင်းပေးပို့သည်။
ရတနာသိင်္ခ တံတားအနီးရှိ (စဥ့်ကူးဘက်ခြမ်း) စေတီတော် တစ်ဆူမှာလည်း ပြိုကျ ပျက်စီးနေသည် ဟု ၄င်းက ဆက်လက် သတင်းပေးပို့သည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts