...........
.....မင်းရက်စက်ခဲ့လို့.
ချစ်တတ်တဲ့ ငါ့အသဲ
ကွဲကြေသွားတာ စုတ်ပြတ်သတ်နေပြီ..။
.....လူကိုယ်တိုင်ကတော့
ယောက်ျားမာနတစ်ခုတည်းနဲ့
လဲမသွားအောင်ထိန်းရင်း
ရှေ့ဆက်မယ့် ဘ၀ခရီးကို
အသဲပျက်ကြီးနဲ့ သွားဦးမှာပါ....။
.....ယုံကြည်မှု အချစ်တစ်ခုတည်းနဲ့
နှစ်ကိုယ်တူနီးဖို့ရေး
မလေးရှား ကိုငါလာခဲ့တာ မင်းတိုက်တွန်းမှုပါ..။
.....ဒီမှာငွေတွင်းမရှိဘူး အသေဗျင်းမယ့် အေးဂျင့်တွေ
.ဆန်ပေးမှ ဆီရ အတိကျခိုင်းတဲ့သူဌေးတွေ..
.အထက်ဖား အောက်ဖိ လူမှုရေးမသိတဲ့ မန်နေဂျာတွေ.
.ဆန်ကောလောက်မှဇောက်မနက် အသားထဲကလောက်ထွက် ကောင်တွေ
.စာချုပ်ထဲက အက်စီးဒက် ငါနဲ့မပတ်သက် ဆိုတဲ့ သံဝန်ထမ်းတွေ.
. ဒါတွေ..ဒါတွေကို အံတုခဲ့တာ မင်းနဲ့နီးဖို့ပါ..........။
.....ဘော်ဒါတွေ အသူရာရည်သောက်
စိတ်ထွက်ပေါက်ရှာတယ်.
ငါကတော့ မင်းကိုလွမ်းနေရတာနဲ့ပဲ နေရဲတဲ့ကောင်ပါ..။
.....နှစ်ပြည့်နီး အိမ်ပြန်ခရီးကိုမှမစောင့်
နောက်တစ်ယောက်နဲ့ လက်တွဲ
မင်း ပျော်ရဲတယ်နော်..။
.....ငါဟာ ယောက်ျားပါ
ယောက်ျားမာနတစ်ခုတည်းနဲ့
ရှေ့ဆက်မယ့်ဘ၀ခရီးကို
အသဲပျက်ကြီးနဲ့ သွားဦးမှာပါ.........။။

0 comments:
Post a Comment