သွေးချင်းညီနောင်ရင်းပအိုဝ်းတိုင်းရင်းသားသားတို့တွေ မင်းတို့ငါတို့တွေညံ့လို့ပအိုဝ်းပြည်လည်းပျောက်ခဲ့ရပြီ။ "ထွိုင်ခန်းလဲုင်း"နီးပအိုဝ်းသီချင်းတွေသာဆိုနေကြတာ
တကယ်တမ်းကြတော့မင်းတို့တွေသီးချင်းနားထောင်ပြီး
အိပ်ပျော်နေကြတာ ။တာကိုကိုမှမင်းတို့တွေငါတို့တွေမှမထ
ကြရင်မင်းတို့ငါတို့ပြောတဲ့ပအိုဝ်းပြည်ကြီးကိုပြန်ရဖို့မပြောနဲ့
။ မင်းတို့ငါတို့တွေလက်ရှိရှိနေတဲ့ကိုယ်ပိုင်အုပ်ချုပ်ရဒေသ
တောင်ပျောက်ကွယ်သွားမယ့်အခြေနေမှာရှိနေပြီ။ မင်းတို့
ငါတို့တွေကသူများဆော့နေတဲ့ကျားတွေလားကွာ။ သူများ
လှည့်ကွက်ထဲ့မှာပဲပျော်မြူးနေမှာလား ။သူများရွေ့တိုင်း
လိုက်ပဲရွေ့နေမှာလား မထကြတော့ဘူးလား။ မင်းတို့ငါတို့တွေ
ပြောနေကြတဲ့ ပညာတတ်လည်းပေါက်တူးကိုင် ပညာမတတ်လည်း
ပေါက်တူးကိုင် အဲဒီစကားပုံတွေဟာခေတ်ကုန်သွားပြီး မင်းတို့တွေ
ငါတို့တွေပြောနေကြတဲ့ရှေ့ဘဝကဝဋ်ကြွေးပါကွာဆိုလည်းမရတော့
ဘူး မင်းတို့ငါတို့တွေအဲလိုပဲဆက်ထင်နေအုန်းမယ် ဆက်လုပ်နေအုန်း
မယ်ဆိုရင် မင်းတို့ငါတို့ခေါင်းပေါ်သူများတွေတက်စီးကြတော့မယ်
မင်းတို့တွေငါတို့တွေဒီအတိုင်းပဲငြိမ်ခံနေရတော့မှာလား ။ကိုယ့်ကို
ကိုယ်စဉ်းစားကြစမ်းပါကွာ ငါတို့လူငယ်တွေမှမထကြရင်ဘယ်သူတွေ
ထမှာလည်း လူကြီးတွေကသေကြတော့မှာ လူကြီးတွေသေရင်မင်းတို့တွေ
ဘယ်မှာသွားနေမှာလည်း။လူကြီးတွေဆိုတာမင်းတို့ငါတို့ရဲ့မိဘတွေကို
ပြောတာနော်။ မင်းတို့တွေရေးရေးနေတဲ့အချစ်ကဗျာတွေ အဲဒီစိတ်ကူးရင်
တွေခံစားချက်တွေအကောင်အထည်ဖော်နိုင်အောင် မင်းတို့တွေအချစ်စံအိမ်
တည်ဆောက်မယ့်နေရာတွေမင်းတို့မှာရှိနေပြီလား။ ကြိုးစားပြီးတော့ထကြ
ပါတော့ကွာ။
November 11, 2012
အသိပေးနိုးကြားစာ
Subscribe to:
Post Comments (Atom)
good luck
Ads 468x60px
r
ခွန်မို့လောင်း မှကြိုဆိုပ်၏
0 comments:
Post a Comment