November 7, 2012

မြန်မာ- ဘင်္ဂလား လေကြောင်းပျံသန်းမူ မကြာမီ စတင်မည်


မောင်အေး
-----------
ဘင်္ဂလား- မြန်မာ နှစ်နိုင်ငံကြား လေကြောင်း ပျံသန်းမူကို မကြာမီ စတင်တော့မည် ဖြစ်သည်။

" အခု စီစဉ်မူတွေက နောက်ဆုံး အဆင့်ကို ရောက်ရှိနေပါပြီ။ မကြာမီ ပျံသန်းမူ စတင်နိုင်တော့မှာ ဖြစ်ပါတယ်" ဟု ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လေကြောင်းဝန်ကြီး အမ်- ဖါရုဒ်ခန်မှ ယမန်နေ့က ပြောဆိုသည်။


ဒက္ကားမြို့တော်ရှိ ကြယ်ငါးပွင့် ဟိုတည် တစ်ခုတွင် ပြုလုပ်သော မြန်မာ- ဘင်္ဂလာဒေ့ခ်ျ စက်မူနှင့် ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ် ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီးက ထိုသို့ ထုတ်ဖေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။


" အခု ဒီလမ်းကြောင်းမှာ နိုင်ငံနှစ်ခုက လေကြောင်းလိုင်းတွေ အပါ အ၀င် နိုင်ငံတကာက လေကြောင်းလိုင်းတွေ ပါ ပြေးဆွဲ ပျံသန်းခွင့်ရမှာပါ" ဟု ဖါရုဒ်က ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြားတွင် ယခင်က တိုက်ရိုက် လေကြောင်းလိုင်းရှိခဲ့သော်လည်း အရှုံးပေါ်ခဲ့သဖြင့် ၂၀၀၇ ခုနှစ် အစောပိုင်းတွင် ရပ်နားခဲ့ရသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံပိုင် ဘီမန် လေကြောင်းလိုင်းသည် ရန်ကုန်နှင့် ဒက္ကားအကြား ထိုစဉ်က ပြေးဆွဲ ပျံသန်းခဲ့သည်။

ဘင်္ဂလား- မြန်မာ လေကြောင်း ပျံသန်းမူ ပြန်လည် စတင်ခြင်းဖြင့် ခရီးသွားလာမူကို လွယ်ကူ ချောမွေ့ စေမည် ဖြစ်ပြီး ကုန်စည်ပို့ဆောင်ရာတွင်လည်း အချိန်တိုတိုနှင့် တင်ပို့နိုင်မည် ဖြစ်၍ အကျိုး ဖြစ်ထွန်းမည် ဖြစ်ကြောင်း ဘင်္ဂလီ သတင်းစာ တစ်ခုက ရေးသား ဖော်ပြသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြားတွင် ဆက်ဆံရေး ကောင်းမွန်နေပြီး နှစ်ဦး နှစ်ဘက် အကျိုးရှိမည့် ကိစ္စများကို ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ပြဿနာ အရပ်ရပ်ကို တွေ့ဆုံ ဖြေရှင်းခြင်းဖြင့် ကျော်လွှားအောင်မြင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ အငြင်းပွားခဲ့သည့်  ရေပြင်ကိစ္စကိုလည်း နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြင့် ပြေလည်မူ ရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ လေကြောင်းဝန်ကြီးက ပြောကြားသည်။

မြန်မာသည် ၁၉၄၉ ခုနှစ်က စတင်ပြီး နိုင်ငံပေါင်း ၄၃ ခုနှင့် လေကြောင်း သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယခုအခါ နိုင်ငံတကာ လေကြောင်း ၁၄ ခုမှ မြန်မာနိုင်ငံ အတွင်း ၀င်ရောက် ပျံသန်းနေကြောင်း ဆင်ဟွာ သတင်း တစ်ပုဒ်က ဆိုသည်။

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts