November 7, 2012

ကျနော်တို့  ပအိုဝ်းဒေသ မှ လူလိမ်များ

ကျနော်တို့  ဗုဒသာသနာ တ၀က်လဲ ကျော်လာပါပြီ.... ကျနော်တို့  ပအိုဝ်းဒေသမှာလဲ နတ်တွေကိုးကွယ်မှုတွေက မရှိတော့သလောက်ပဲ... ဒါပေမဲ့ ဘုရားကပဲ လာပြီး ၀င်စားသလိုလိုနဲ့  ဘုရားလိမ်၊ ဘုရားတုတွေ ဘုရားအယောင်အဆောင်တွေ၊
နောက်လိုက်တွေ ကျနော်တို့  ပအိုဝ်းဒေသ ထေရ၀ါဒ ဗုဒသာသနာထဲကို တိုးဝင်လာနေပြီ....

ဒီခေတ်မှာ လူအများတွေ ယုံအောင်၊ ကိုးကွယ်အောင်၊ အလှူအတန်းပြုအောင် အတု အလိမ်တွေနဲ့  ၀ါဒတွေ အမျိုးမျိုးဖွင့်၊ ၀ါဒ အမျိုးမျိုးတွေ ထွင်၊ လူစင်စစ်မှ ဘုရားဖြစ်ပါပြီလို့  ကိုယ်ကိုယ်ကို ၀န်ခံ၊ သဗေညုတဥာဏ်တောင် ရနေပြီလို့  ကြွေးကြော်၊
အနာဂတ်ကိုတောင် ကြိုမြင်နေပြီလို့  လူအများတွေ ယုံအောင် လုပ်နေတဲ့သူတွေ တဖြည်းဖြည်းနဲ့  များလာနေပြီ.....
နောက်တမျိုးက ဘုရားတည် စေတီတည်နေတဲ့ သူတွေလဲ သာသနာပြုနေပါတယ်တဲ့... ပိတ်ဖြူကိုခြုံ သူတော်ကောင်းယောင်ဆောင် နောက်ကွယ်မှာ အိမ်ထောင်နဲ့ သူတွေလဲ သာသနာပြုနေပါတယ်တဲ့... ဆံရှည်မွေး၊ ညစ်ညစ်ပတ်ပတ်နေ၊
ဓားရှည်တွေကို သိုင်း၊ အဆောင်တွေ ဆောင်ထားတဲ့သူတွေလဲ သာသနာပြုနေပါတယ်တဲ့...နေရာတကာရောက် ချဲထီ ဂဏန်းတွေလိုက်ပေး သူကိုယ်သူလဲ သာသနာပြုနေပါတယ်တဲ့... စာဖတ်သူတို့  စဉ်းစားကြပါ။

နောက်တမျိုးက အရွယ်ငယ်ငယ်၊ ဆံရှည်တွေမွေး၊ ဆိုင်ကယ်လဲ သခ๎๎๎ျိုင်းကို ဖိတ်သလိုမောင်း၊ အပျိုတွေ လျှောက်လှည့်နေတဲ့ သူတွေလဲ သာသနာပြုနေတဲ့သူပါတဲ့...စဉ်းစားကြပါ....ခေတ်နဲ့ အညီတွေးတောကြပါ....

ဒါတွေ ဖြစ်သင့်သလား....ယုံကြည်သင့်သလား....ကိုးကွယ်သင့်သလား....အထင်ကြီးသင့်သလား.... စာဖတ်သူတို့  ပြောကြပါအုံး.....
မယုံကြည်သင့် ၊ မကိုးကွယ်သင့်၊ အထင်မကြီးသင့်ပေမဲ့ ကျနော်တို့  ပအိုဝ်းဒေသတွေမှာရှိတဲ့ သူတချို့ က ဘာကြောင့် ယုံကြည်နေကြတာလဲ.....? တကယ်ပဲ ဘုရားဖြစ်နေပြီလား....? ဘာကြောင့် ကိုးကွယ်နေကြတာလဲ....? ချဲထီ ဂဏန်းတွေပေး လို့ လား...? ဘာကြောင့် အထင်ကြီးနေကြတာလဲ.....? ကျနော်တော့ တွေးလို့ ကိုမပေါက်တော့ဘူး........

လူထဲက လူလိုစိတ် မရှိတဲ့ လူလို့ မသတ်မှတ်နိုင်တဲ့ လူတွေကို ဘာကြောင့်အရေးပေးနေရတာလဲ...သူတို့ က ဘာထူးနေလို့ လဲ...တကယ်တမ်းကျတော့ ဘာမှမထူးပါဘူး...ဘာမှလဲ မတတ်ပါဘူး....ကျနော်တို့  သာသနာကို ဖျက်ဆီးနေတဲ့ သူတွေပဲ....
လူလိမ်တွေပဲ.....လူ့ လောကမှာတောင် မရှိသင့်တော့တဲ့ လူဆိုးဂိုဏ်းဝင်တွေပဲ........ ကျနော်တို့  ပအိုဝ်းဒေသ ထဲကို အ၀င်မခံကြပါနဲ့ ...ကြောက်မနေကြပါနဲ့ ..... ရပ်ကြည့်မနေကြပါနဲ့ ..... ရဲရဲကြီးရင်ဆိုင်လိုက်ကြစမ်းပါ.....

0 comments:

good luck

Ads 468x60px

r
ခွန်မို့လောင်း မှကြိုဆိုပ်၏

Featured Posts